သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ပြုပြင်ပြောင်းလဲရေး စောင့်ကြည့်ဖို့ အိုဘားမား အစိုးရကို အောက် လွှတ်တော်တိုက်တွန်း


မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်း IFI တွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့နေရာမှာ ဘဏ္ဍာငွေကြေးပိုင်း ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် အမေရိကန်အစိုးရက လုပ်ဆောင်ဖို့ အမေရိကန်အောက်လွှတ်တော်ရဲ့ ထိပ်တန်း လွှတ်တော်အမတ်နှစ်ဦးက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်အောက်လွှတ်တော် ဘဏ္ဍာငွေကြေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ရီပတ်ဘလီကန်လွှတ်တော် အမတ် စပန်ဆာ ဘက်ခပ်စ် (Spencer Bachus) နဲ့ ကော်မတီရဲ့ဝါရင့်အဖွဲ့ဝင် ဒီမိုကရက်တစ် လွှတ်တော်အမတ် ဘာရ်နီ ဖရန့်က် (Barney Frank) တို့ လက်မှတ်ရေးထိုးပြီး သြဂုတ်လ ၂၂ ရက်နေ့ စွဲနဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး တင်မ်သီ ဂိုင်သ်နာ (Timothy Geithner) ဆီ ပေးပို့တဲ့ စာထဲမှာ အဲဒီလို တိုက်တွန်းထားတာပါ။

မြန်မာအစိုးရက အပြောင်းအလဲတွေ ဖော်ဆောင်နေတာကို အဲဒီ အမေရိကန်လွှတ်တော်အမတ်တွေ က အသိအမှတ်ပြုပေမဲ့ အစိုးရရဲ့ ပွင့်လင်းမြင်သာရှိမှုနဲ့ လူ့အခွင့်အရေးကိစ္စတွေဟာ အထူး အရေးကြီးနေသေးတယ်ဆိုတာ သူတို့အနေနဲ့ သတိမူထား တယ်လို့ စာထဲမှာ ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဘဏ္ဍာငွေကြေးပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ခံတဲ့စနစ်ရှိဖို့၊ လူ့အခွင့် အရေးကို လေးစားလိုက်နာဖို့နဲ့ မြန်မာလူထုရဲ့ ချက်ခြင်းလက်ငင်း လူမှု ဘဝလိုအပ်ချက်တွေကို IFI အဖွဲ့အစည်းတွေက အထူးအာရုံစိုက်ရေး IFI အဖွဲ့အစည်း တွေမှာ အမေရိကန်အစိုးရရဲ့ ခေါင်းဆောင် မှုကို အသုံးချပြီး လုပ်ဆောင်ပါလို့ လွှတ်တော်အမတ်တွေက တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရစစ်တပ်နဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တို့ကို စာထဲမှာ အထူး သီးခြားဖော်ပြထားပြီး မြန်မာ အစိုးရအဖွဲ့အစည်းတိုင်းမှာ ဘဏ္ဍာငွေကြေးပိုင်းဆိုင်ရာ ပွင့်လင်းမြင် သာမှုရှိရေး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ လုပ်ထုံးလုပ်နည်းတွေ စံနှုန်းတွေ အတိုင်း လိုက်နာလုပ်ဆောင်ဖို့ အမေရိကန် လွှတ်တော်အမတ်နှစ်ဦးက တိုက်တွန်းထားပါ တယ်။
XS
SM
MD
LG