သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောက်လွှတ်တော်အမတ် Paul Ryan ကို ရီပတ်ဘလီကန် ဒု သမ္မတလောင်းအဖြစ်ရွေး


ရီပတ်ဘလီကင်ပါတီက ဒု-သမ္မတလောင်းအဖြစ် ရွေးချယ်ထားတဲ့ အောက်လွှတ်တော်အမတ် Paul Ryan(၀၈၊ ၁၁၊ ၂၀၁၂)
ရီပတ်ဘလီကင်ပါတီက ဒု-သမ္မတလောင်းအဖြစ် ရွေးချယ်ထားတဲ့ အောက်လွှတ်တော်အမတ် Paul Ryan(၀၈၊ ၁၁၊ ၂၀၁၂)
အမေရိကန် သမ္မတရွေးကောက်ပွဲဝင်မယ့် ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်း Mitt Romney က သူနဲ့အတူ ရွေးကောက်ပွဲဝင်မယ့် ဒုတိယသမ္မတလောင်း အဖြစ် Wisconsin ပြည်နယ်၊ အောက် လွှတ်တော် အမတ် ပေါလ်ရိုင်ယန်(Paul Ryan) ကို ရွေးချယ်ကြောင်း သြဂုတ်လ(၁၁) ရက်နေ့ က ကြေညာလိုက်ပါတယ်။

ဗာဂျီးနီးယား ပြည်နယ်၊ နော်ဖေါ့(က်) (Norfolk) ရေတပ်စခန်းမှာ၊ USS Wisconsin စစ်သင်္ဘောကြီး ကို တာဝန်ကနေ တရားဝင် အနားပေးတဲ့ စစ်အခမ်းအနားကို တက်ရောက်လာတဲ့ မစ်(တ်)ရော်မနီက သူ့ကိုထောက်ခံကြတဲ့ လူအုပ်ကြီးရဲ့ ရှေ့မှောက်မှာ ကြေညာသွားခဲ့တာပါ။ လေးရက်ကြာ ဘတ်(စ်) ကားကြီးနဲ့ နယ်လှည့်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲ အဖြစ် နော်ဖေါ့(က်) ရေတပ်စခန်းကို ရောက်ရှိ လာတဲ့ မစ်(တ်)ရော်မနီက ပေါလ်ရိုင်ယန်ကို လူထုပရိဿတ်နဲ့ မိတ်ဆက်ပေးခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုဟာ မှားယွင်းတဲ့လမ်းကြောင်းပေါ်မှာ ရောက်ရှိနေပြီးတော့ နိုင်ငံကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စေဖို့ သူဟာ မစ်-တ် ရော်မနီနဲ့အတူ မှန်ကန်တဲ့ ခြေလှမ်းတွေနဲ့ မှန်ကန်တဲ့အချိန်မှာ လျှောက်လှမ်းမှာ ဖြစ်တယ်လို့ အသက်(၄၂)နှစ်အရွယ် ရီပတ်ဘလီကန် ဒု သမ္မတလောင်း ပေါလ်ရိုင်ယန်က လူထုကို ပြောကြားခဲ့ပါတယ်။

ပေါလ်ရိုင်ယန် ဟာ ဝစ္စကွန်ဆင်ပြည်နယ် အမှတ် (၁) မဲဆန္ဒနယ်ကနေ အမေရိကန်ကွန်ဂရက် လွှတ်တော်ရဲ့ အောက်လွှတ်တော်အမတ်အဖြစ် (၇) ကြိမ်မြောက် ရွေးချယ်ခံထားရတဲ့ ဝါရင့်နိုင်ငံရေး သမားတစ်ဦး ဖြစ်ပါတယ်။

သူ့ကို ရီပတ်ဘလီကန်ပါတီထဲက သြဇာကြီးမားတဲ့ ရှေးရိုးဝါဒီ ခေါင်းဆောင်များစွာ က ကျောထောက်နောက် ခံပေးထားကြပြီးတော့ ပေါလ်ရိုင်ယန်ဟာ လက်ရှိမှာ အောက်လွှတ်တော်ရဲ့ ရသုံးမှန်းခြေငွေစာရင်း ဘတ်ဂျက်ကော်မီတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

ပေါလ် ရိုင်ယန်ဟာ အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်လိုငွေပြမှုကို ဖယ်ရှားရေးအတွက် သမ္မတ အိုဘားမား အစိုးရရဲ့အသုံးစရိတ်ဖြတ်တောက်ပစ်ရေးကို ကျယ်ကျယ် ပြန့်ပြန့် စည်းရုံးလှုံ့ဆော်နေ သူလည်း ဖြစ်ပါတယ်။
XS
SM
MD
LG