သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒု-ဗိုလ်ချုပ်ကြီးဟောင်း တင်အေး ပါလီမန်က နှုတ်ထွက်


ဒု-ဗိုလ်ချုပ်ကြီးဟောင်း တင်အေး ပါလီမန်က နှုတ်ထွက်
ဒု-ဗိုလ်ချုပ်ကြီးဟောင်း တင်အေး ပါလီမန်က နှုတ်ထွက်

မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်အတွင်း စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တယောက် ဒီကနေ့ပဲ ရုတ်တရက် နှုတ်ထွက်သွားပါတယ်။

စစ်အစိုးရ ခေါင်းဆောင်တွေ ဦးဆောင်ပါဝင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ မန္တလေးတိုင်း တံတားဦးမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး မနေ့ကအထိ လွှတ်တော်ကို တက်ရောက်လာခဲ့ပေမဲ့ ဒီကနေ့ လွှတ်တော် အခမ်းအနားတွေ စတင်ခါနီးမှာပဲ နှုတ်ထွက်ကြောင်း ကြေညာခဲ့တာလို့ လွှတ်တော် ကိုယ်စားလှယ်တဦးက ဗွီအိုအေကို ပြောပါတယ်။

နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် လွှတ်တော်တွေ ခေါ်ယူပြီး အစိုးရဖွဲ့စည်းဖို့ ပြင်ဆင်နေတာ ရက်ပိုင်းသာ ရှိတဲ့အချိန်မှာ စစ်အစိုးရရဲ့ ကိုယ်စားလှယ်တဦး ရုတ်တရက် အကြောင်းပြချက် မရှိဘဲ နှုတ်ထွက်သွားတဲ့အတွက် ဒါဟာ ခေါင်းဆောင်ပိုင်းမှာ မပြေမလည် ဖြစ်နေတဲ့ အရိပ်အယောင်တွေ အဖြစ်လည်း အကဲခတ်တွေက ယူဆနေကြပါတယ်။

ဒီကနေ့ လွှတ်တော်အခမ်းအနား အတွင်းမှာတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ အကြီးအကဲအဖြစ် ဗိုလ်ချုပ်ဟောင်း တဦးလည်းဖြစ်၊ ဒုတိယ တရားသူကြီးချုပ်လည်းဖြစ်တဲ့ ဦးထွန်းထွန်းဦးကို ခန့်အပ်ဖို့အတွက် သမ္မတက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

လတ်တလော ကျင်းပနေတဲ့ လွှတ်တော်တွေက အစိုးရသစ် ဖွဲ့စည်းဖို့ ပြင်ဆင်မှုတွေမှာ စစ်အစိုးရ တာဝန်ရှိသူ အများအပြားကို အခုလို ခန့်အပ်နေတာမို့ ဒါဟာ နိုင်ငံရေး အပြောင်းအလဲတွေ သိသိသာသာ မြင်ရမယ့် လက္ခဏာ မဟုတ်ဘူးလို့လည်း ပြည်တွင်းပြည်ပက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG