သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လက်နက်တင်ပို့မှု တားမြစ်ချက် EU သက်တမ်းတိုး


ဆွိဒင်၊ ဗြိတိန် နဲ့ ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးများအား EU နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ တွေ့ရစဉ်။ (ဝဲမှယာ)
ဆွိဒင်၊ ဗြိတိန် နဲ့ ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးများအား EU နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ တွေ့ရစဉ်။ (ဝဲမှယာ)
မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုတွေ တားမြစ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုအစီအစဉ်ကို ဥရောပသမဂ္ဂ (EU) က နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် ကန့်သတ်တားမြစ်ချက်တွေကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ထပ်မံ သက်တမ်း တိုးလိုက်တဲ့အကြောင်း Luxembourg မှာ ကျင်းပနေတဲ့ EU နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးက အင်္ဂါနေ့မှာပဲ ဆုံးဖြတ်ခဲ့တာပါ။ သက်တမ်းတိုးလိုက်တဲ့ အရေးယူဒဏ်ခတ်မှု အစီအစဉ်မှာတော့ ပြည်တွင်းက ဖိနှိပ်တဲ့လုပ်ရပ်တွေမှာ အသုံးချနိုင်မယ့် လက်နက်နဲ့ စစ်ပစ္စည်းတင်ပို့မှုတွေ မလုပ်ဖို့ တားမြစ်ချက်တွေ ပါဝင်တယ်လို့လည်း ကြေညာချက်က ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်တပ်က အုပ်ချုပ်နေတာတွေ အဆုံးသတ်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ကတိကဝတ်တွေနဲ့ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရ တက်လာပြီးနောက်မှာတော့ EU နဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက ဒဏ်ခတ်မှုအများစုကို ဖယ်ရှားပေးခဲ့တာပါ။

ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေတွေအပေါ် စိုးရိမ်မကင်းမှုတွေနဲ့အတူ မြန်မာနိုင်ငံကို စစ်လက်နက် တင်ပို့တာ၊ စစ်ဖက်ဆိုင်ရာ ဆက်ဆံရေးတွေမှာတော့ အနောက်နိုင်ငံတွေက သတိထားနေကြဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို အားပေးတဲ့ အနေနဲ့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ တိုင်းပြည်တွေကို ပေးအပ်နေတဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်ရ နိုင်ငံတခုအဖြစ်နဲ့ EU နဲ့ အမေရိကန် ပြည်ထောင်စုတို့က မြန်မာနိုင်ငံကို ပြန်လည် လက်ခံထားပါတယ်။
XS
SM
MD
LG