သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားတပ်တွေ IS ထိန်းချုပ် Sirte မြို့ကို ပြန်သိမ်းဖို့ နီး


လစ်ဗျားနိုင်ငံ၊ Sirte မြို့တွင် လှည့်လည်နေသော IS စစ်သွေးကြွများကို ဝါဒ ဖြန့်ချီရေး မီဒီယာ Welayat Tarablos က ၂၀၁၅ခုနှစ်က က ဖြန့်ချီလိုက်သော ဓါတ်ပုံတွင် တွေ့ရစဉ်။ (AFP PHOTO / WELAYAT TARABLOS)
လစ်ဗျားနိုင်ငံ၊ Sirte မြို့တွင် လှည့်လည်နေသော IS စစ်သွေးကြွများကို ဝါဒ ဖြန့်ချီရေး မီဒီယာ Welayat Tarablos က ၂၀၁၅ခုနှစ်က က ဖြန့်ချီလိုက်သော ဓါတ်ပုံတွင် တွေ့ရစဉ်။ (AFP PHOTO / WELAYAT TARABLOS)

IS စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ ဆိပ်ကမ်းမြို့ Sirte ကိုပြန်ပြီး ထိန်းချုပ် နိုင်တော့မယ် လို့ လစ်ဗျား ညွှန်ပေါင်း အစိုးရနဲ့ ပူးတွဲ လုပ်ကိုင်နေတဲ့ တပ်တွေ ကပြောပါတယ်။

IS တို့ရဲ့ အုပ်ချုပ်ရေးဌာန အဖြစ်အသုံးပြုနေတဲ့ Ouagadougou ကွန်ဖရင့်စင်တာ အနီးမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ပြင်သစ် သတင်းဌာန AFP က ပြောပါတယ်။ IS တို့ ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်လေယာဉ်တွေ အသုံးပြုု ပြီးတော့လည်း တိုက်ခိုက်ခဲ့တာပါ။

လစ်ဗျားအာဏာရှင်ဟောင်း မိုမာ ဂဒါဖီ ရဲ့ မွေးရပ် ဇာတိမြို့ ဖြစ်တဲ့ Sirte ကို အစိုးရတပ် GNA နဲ့အတူတွဲပြီး တိုက်ခိုက်ရေးသမားတွေက မေလ အစောပိုင်းမှာ စစ်ဆင်ရေးတွေ စတင်ခဲ့ကြပါတယ်။

တိုက်ပွဲ နောက်ဆုံးအဆင့်ရောက်ဖို့နီးလာပြီလို့ အစိုးရကို ထောက်ခံတဲ့ တပ်တွေရဲ့ ပြောခွင့်ရ Ahmed Hadiya က AP သတင်းဌာန ကို သောကြာနေ့က ပြောပါတယ်။ ဒီသီတင်းပတ် အစောပိုင်းမှာပဲ အသေခံ ဗုံးခွဲသူတွေ၊ မြေမြှုပ်မိုင်းတွေ ရှိတဲ့ကြားက Sirte မြို့ အပြင်ဘက်ပိုင်းတွေကို အနောက်ဘက် Misrata မြို့က တိုက်ခိုက်ရေးသမားတွေ ချည်းကပ်နိုင်ခဲ့ပါတယ်။ လစ်ဗျား အစိုးရကို ကုလ သမဂ္ဂက ကျောထောက်နောက်ခံ ပေးထားတာဖြစ်ပါတယ်။

Sirte စစ်ပွဲအတွင်း အစိုးရ တပ်သား ၁၀၀ ထက်မနည်း သေဆုံးခဲ့သလို ၄၀၀ ထက် မနည်း ဒဏ်ရာရသွားတယ်လို့ လစ်ဗျားအစိုးရကပြောပါတယ်။

လစ်ဗျားတပ် တွေ IS ထိန်းချုပ် Sirte မြို့ကို ပြန်သိမ်းဖို့ နီး
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG