သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား ပြည်သူ့စစ် ဆန့်ကျင်မှု လူအမြောက်အများ သေဆုံး


ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့လို့ သေဆုံးမှုရှိတာကြောင့် ထပ်မံဆန္ဒပြနေကြသူတွေထဲက တစ်ဦး ပစ်ခတ်ခဲ့တဲ့ကျည်ဆံခွံကို ပြနေစဉ်။
ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့လို့ သေဆုံးမှုရှိတာကြောင့် ထပ်မံဆန္ဒပြနေကြသူတွေထဲက တစ်ဦး ပစ်ခတ်ခဲ့တဲ့ကျည်ဆံခွံကို ပြနေစဉ်။
လစ်ဗျားနိုင်ငံမှာတော့ ပြည်သူ့စစ်ဌာနချုပ်ကို မြို့တော်ထဲမှာမထားဘဲ ရွှေ့ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ပြည်သူ့စစ်ဌာနချုပ်ကို ချီတက် ဆန္ဒပြခဲ့ကြသူတွေကို ပြည်သူ့စစ်တွေက ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး ၃၁ ဦး သေဆုံးပြီး - လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြပါတယ်။

၂၀၁၁ ခုနှစ်မှာ လစ်ဗျားအာဏာရှင်ဟောင်း မွန်မာ ဂဒါဖီကို ဆန့်ကျင်ဖြုတ်ချခဲ့တဲ့ ဆန္ဒပြပွဲတွေအပြီးမှာ ကျန်နေခဲ့တဲ့ ပြည်သူ့စစ်တွေအနေနဲ့ ဥပဒေစိုးမိုးမှု အားနည်းလာနေတဲ့ လစ်ဗျားနိုင်ငံမှာ အာဏာကြီးမားတဲ့အဖွဲ့တခု ဖြစ်လာနေပါတယ်။ ဆန္ဒပြသူတွေအနေနဲ့ ဒီစစ်တပ်ဌာနချုပ်ရှိရာ ဂါဟာဝါ (Gharghour) ရပ်ကွက်ကို ချီတက်ခဲ့ရာမှာ အလံဖြူတွေကို ကိုင်ဆောင်သွားခဲ့ပြီး ဒီပြည်သူ့စစ်တွေအစား စစ်တပ်နဲ့ ရဲကိုပဲ လိုတယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။

အစပိုင်းမှာတော့ ပြည်သူ့စစ်တွေဘက်က မိုးပေါ်ထောင်ပစ်ပြီး ခြိမ်းခြောက်ခဲ့ပေမဲ့ ဆန္ဒပြသူတွေဘက်က ဆက်လက်ချီတက်လာရာမှာတော့ ဆန္ဒပြသူ လူအုပ်ထဲကို ထိုးပစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုစတင်ပစ်ခတ်ချိန်မှာ ဆန္ဒပြသူတွေဟာ ဆုတ်ခွာထွက်ပြေးခဲ့ပေမယ့် နောက်ပိုင်းမှာ လက်နက်တွေနဲ့ ပြန်လာခဲ့ကြတာပြီး ဌာနချုပ်ဝင်းကို တိုက်ခိုက်ခဲ့တာကြောင့် အခုတော့ စစ်တပ်က ကြားကနေ ဝင်ရောက်ဖြေရှင်းဖို့ ကြိုးစားပေးနေပါတယ်။ ရိုက်တာသတင်းတပုဒ်မှာတော့ ဒီရုန်းရင်းဆန်ခတ်မှုတွေထဲ နောက်ထပ် လူတွေများလာမှာကို တားဆီးဖို့ ကြိုးစားတဲ့အနေနဲ့လည်း လမ်းတွေကို ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။
XS
SM
MD
LG