ဒီတပတ် စနေနေ့ည တိုက်ရိုက်လေလှိုင်းဆွေးနွေးခန်း အစီအစဉ်မှာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ခေါင်းစဉ်အောက်မှာ ကျင်းပတဲ့ ဒီညီလာခံကနေ အစိုးရ ဆန့်ကျင်ရေး ကြေညာချက် ထွက်လာတာ နောက် ရန်ကုန်တိုင်း စစ်ဌာနချုပ်ကရော ဘာကြောင့် အခုလိုလှုဒါန်းတာလဲ စတာတွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးထားပါတယ်။
စာရေးဆရာ မင်းသုည (ဗုဒ္ဓတက္ကသိုလ်) လို့ လူသိများတဲ့ ဆရာတော် ဦးဣဿရိယနဲ့ မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်က ဦးသိန်းသန်းဦး Synergy လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့က ကိုသက်ဆွေဝင်းတို့က ပင်တိုင်ဆွေးနွေးထားပါတယ်။