သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မကာအို ဒုတိယအႀကီးဆုံးေလာင္းကစား႐ုံ အႀကီးအကဲ ဖမ္းဆီးခံရ


မကာအိုၿမိဳ႕က ေလာင္းကစား႐ံုတခု (ဒီဇင္ဘာ ၂၁၊ ၂၀

[[Zawgyi/Unicode]]

တ႐ုတ္ေတာင္ပိုင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ မကာအိုၿမိဳ႕က ဒုတိယအႀကီးဆုံး ေလာင္းကစား ႐ုံ အႀကီးအကဲတေယာက္ကို မကာအို ရဲတပ္ဖြဲ႔က ဖမ္းဆီးလိုက္ပါတယ္။

ေဒၚလာဘီလီယံနဲ႔ခ်ီ လည္ပတ္ေနတဲ့ ေလာင္းကစားလုပ္ငန္းေတြအေပၚ တာဝန္ရွိသူေတြဘက္က ပိုၿပီး တင္းၾကပ္လာေနတာပါ။ သမၼတရွီက်င့္ဖ်င္ရဲ႕အက်င့္ပ်က္ျခစားမႈတိုက္ ဖ်က္ေရးေဆာင္႐ြက္ခ်က္ေတြေၾကာင့္မကာအိုၿမိဳ႕နဲ႔ ေလာင္းကစားက႑ေတြမွာ စည္းမ်ဥ္းစည္းကမ္း ျပည္မအစိုးရက ပိုၿပီးျပဌာန္းလာပါတယ္။ မကာအိုၿမိဳ႕က ဒုတိယအႀကီးဆုံး ကာစီႏိုေလာင္းကစား႐ုံ Tak Chun အုပ္စု တည္ေထာင္သူလည္းျဖစ္၊ ျပည္မကလက္ႀကီးကစားသမားေတြကို ေခၚလာသူလည္းျဖစ္တဲ့ Chan Wen-ling ကို ရဲတပ္ဖြဲ႔က တနဂၤေႏြေန႔မွာ ဖမ္းဆီးလိုက္တာပါ။

ဟိုတယ္ေတြနဲ႔ ကာစီႏိုေလာင္းကစား႐ုံေတြလည္ပတ္ေနတဲ့ Macau Legend Development ကလည္း သူတို႔ ဥကၠ႒ Chan Wen-ling အဖမ္းခံရေၾကာင္းအတည္ျပဳပါတယ္။ ေဟာင္ေကာင္မွာ မွတ္ပုံတင္ထားတဲ့ သူ႔တို႔ရဲ႕ အစုရွယ္ယာေတြလည္း ဒီကေန႔မွာ ၃၀ % ထိ က်ဆင္းသြားပါတယ္။

မကာအိုက အႀကီးဆုံးေလာင္းကစား႐ုံ Suncity လုပ္ကိုင္ေနသူ Alvin Chau လည္း ၿပီးခဲ့တဲ့ႏိုဝင္ဘာလမွာ အဖမ္းခံခဲ့ရတာပါ။ အြန္လိုင္းကေန ေလာင္းကစားလုပ္ႏိုင္ေအာင္ Chau နဲ႔ အႀကီးတန္းအရာရွိ ၁၀ ဦးတို႔ဖိလစ္ပိုင္ႏိုင္ငံမွာ ဖန္တီးခဲ့ၾကၿပီး ျပည္မႀကီးက ေလာင္းကစားသမားေတြကို ဆြဲေဆာင္ခဲ့ၾကတယ္လို႔ မကာအိုအစိုးရေရွ႕ေနေတြက စြပ္စြဲပါတယ္။ ၿပီးခဲ့တဲ့ႏိုဝင္ဘာလက ေပၚေပါက္ခဲ့တဲ့ အဲဒီျဖစ္ရပ္နဲ႔ဆက္စပ္ၿပီး Chan Wen-ling ကိုဖမ္းဆီးခဲ့တာျဖစ္တယ္လို႔ မကာအိုရဲတပ္ဖြဲ႔က တနဂၤေႏြေန႔ကလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ေပၚတူဂီအုပ္ခ်ဳပ္မႈေအာက္ေရာက္ခဲ့ဖူးတဲ့ မကာအိုဟာ ေလာင္းကစားလုပ္ငန္းေတြကို တရားဝင္ခြင့္ျပဳထားတဲ့ တခုတည္းေသာ တ႐ုတ္ပိုင္နယ္ေျမလည္းျဖစ္ပါတယ္။ ေလာင္းကစားသမားအမ်ားစုက ျပည္မႀကီးကလာသူေတြျဖစ္ၿပီး Suncity နဲ႔ Tak Chun ေလာင္စကား႐ုံေတြက ေခၚလာသူေတြလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

မကာအို ဒုတိယအကြီးဆုံးလောင်းကစားရုံ အကြီးအကဲ ဖမ်းဆီးခံရ

တရုတ်တောင်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မကာအိုမြို့က ဒုတိယအကြီးဆုံး လောင်းကစား ရုံ အကြီးအကဲတယောက်ကို မကာအို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဒေါ်လာဘီလီယံနဲ့ချီ လည်ပတ်နေတဲ့ လောင်းကစားလုပ်ငန်းတွေအပေါ် တာဝန်ရှိသူတွေဘက်က ပိုပြီး တင်းကြပ်လာနေတာပါ။ သမ္မတရှီကျင့်ဖျင်ရဲ့အကျင့်ပျက်ခြစားမှုတိုက် ဖျက်ရေးဆောင်ရွက်ချက်တွေကြောင့်မကာအိုမြို့နဲ့ လောင်းကစားကဏ္ဍတွေမှာ စည်းမျဉ်းစည်းကမ်း ပြည်မအစိုးရက ပိုပြီးပြဌာန်းလာပါတယ်။ မကာအိုမြို့က ဒုတိယအကြီးဆုံး ကာစီနိုလောင်းကစားရုံ Tak Chun အုပ်စု တည်ထောင်သူလည်းဖြစ်၊ ပြည်မကလက်ကြီးကစားသမားတွေကို ခေါ်လာသူလည်းဖြစ်တဲ့ Chan Wen-ling ကို ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ဖမ်းဆီးလိုက်တာပါ။

ဟိုတယ်တွေနဲ့ ကာစီနိုလောင်းကစားရုံတွေလည်ပတ်နေတဲ့ Macau Legend Development ကလည်း သူတို့ ဥက္ကဋ္ဌ Chan Wen-ling အဖမ်းခံရကြောင်းအတည်ပြုပါတယ်။ ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ သူ့တို့ရဲ့ အစုရှယ်ယာတွေလည်း ဒီကနေ့မှာ ၃၀ % ထိ ကျဆင်းသွားပါတယ်။

မကာအိုက အကြီးဆုံးလောင်းကစားရုံ Suncity လုပ်ကိုင်နေသူ Alvin Chau လည်း ပြီးခဲ့တဲ့နိုဝင်ဘာလမှာ အဖမ်းခံခဲ့ရတာပါ။ အွန်လိုင်းကနေ လောင်းကစားလုပ်နိုင်အောင် Chau နဲ့ အကြီးတန်းအရာရှိ ၁၀ ဦးတို့ဖိလစ်ပိုင်နိုင်ငံမှာ ဖန်တီးခဲ့ကြပြီး ပြည်မကြီးက လောင်းကစားသမားတွေကို ဆွဲဆောင်ခဲ့ကြတယ်လို့ မကာအိုအစိုးရရှေ့နေတွေက စွပ်စွဲပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလက ပေါ်ပေါက်ခဲ့တဲ့ အဲဒီဖြစ်ရပ်နဲ့ဆက်စပ်ပြီး Chan Wen-ling ကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မကာအိုရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပေါ်တူဂီအုပ်ချုပ်မှုအောက်ရောက်ခဲ့ဖူးတဲ့ မကာအိုဟာ လောင်းကစားလုပ်ငန်းတွေကို တရားဝင်ခွင့်ပြုထားတဲ့ တခုတည်းသော တရုတ်ပိုင်နယ်မြေလည်းဖြစ်ပါတယ်။ လောင်းကစားသမားအများစုက ပြည်မကြီးကလာသူတွေဖြစ်ပြီး Suncity နဲ့ Tak Chun လောင်စကားရုံတွေက ခေါ်လာသူတွေလည်းဖြစ်ပါတယ်။

#MacauGambling #ChinaMacau #VOABurmese #မကာအို #လောင်းကစားရုံ #ဗွီအိုအေ #TakChun

===========

XS
SM
MD
LG