Macedonia နိုင်ငံမှာတော့ သူ့နိုင်ငံအမည်ကို ပြောင်းသင့်မသင့် လူထုဆန္ဒခံယူပွဲ အခု တနင်္ဂနွေနေ့မှာ ပြုလုပ်နေပါပြီ။ အိမ်နီးချင်း Greece နိုင်ငံနဲ့ ဆယ်စုနှစ်နဲ့ချီ အငြင်းပွားမှုကို အဆုံးသတ်ဖို့အတွက်၊ နိုင်ငံအမည်ကို မြောက်ပိုင်း မက်ဆီဒိုနီးယား အဖြစ် အမည်ပြောင်းဖို့ ဆန္ဒခံယူပွဲလုပ်တာပါ။
ဒါဟာ မက်ဆီဒိုနီးယားနိုင်ငံကို NATO မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ဝင်နဲ့ ဥရောပသမဂ္ဂနိုင်ငံအဖွဲ့ဝင် နိုင်ငံဖြစ်စေဖို့ လမ်းပွင့်သွားဖို့လည်းဖြစ်ပါတယ်။ မက်ဆီဒိုနီယားဆိုတာဟာ မက်ဆီဆိုနီးယား မြောက်ပိုင်းကို ရည်ညွှန်းတာဖြစ်တယ်လို့ ဂရိက ငြင်းဆိုနေတာပါ။ ဆိုလိုတာက မက်ဆီဒိုနီယားလို့ဆိုခြင်းအားဖြင့် ဂရိမြောက်ပိုင်းက မက်ဆီဒိုနီးယန်းဒေသတွေကိုပါ သူတို့ပိုင်အဖြစ် သတ်မှတ်ဖို့ သုံးတာလို့ ဂရိဖက်က စွပ်စွဲပါတယ်။
ဒါကြောင့် အရင် ယူဂိုဆလားဗီယားပြည်ထောင်စုထဲကနေ ခွဲထွက်ခဲ့တဲ့ ဒီ နိုင်ငံကို မက်ဆီဒိုနီယားဆိုတဲ့ နိုင်ငံအမည်ကနေ ပြောင်းဖို့ ဖိအားပေးခဲ့ပါတယ်။ ဒီအတွက် ဒီအမည်နဲ့ NATO နဲ့ EU တို့ အဖွဲ့ဝင်ဖြစ်ရေးကိုလည်း တလျှောက်လုံး ဂရိဖက်က ကန့်ကွက်နေတာပါ ။ မက်ဆီဒိုနီးယားဝန်ကြီးချုပ်ကတော့ ဂရိဖက်က အခုလို တောင်းဆိုတာဟာ သူတို့အချုပ်အခြာအာဏာကို ထိပါးတာလို့ ဆိုပါတယ်။ နောက်ပိုင်းတော့ နှစ်ဖက် အပြန်အလှန်ညှိနှိုင်းပြီး၊ မက်ဆီဒိုနီးယားကို နိုင်ငံအမည်ပြောင်းဖို့ လူထုဆန္ဒခ့ယူပွဲလုပ်မယ်ဆိုပြီး ဖြစ်လာခဲ့ပါတယ်။