သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ကျော် ဒုက္ခသည်တွေကို မက်ဆီဒိုနီးယား တားဆီးနှိမ်နင်း


နယ်စပ်ကျော် ဒုက္ခသည်တွေကို မက်ဆီဒိုနီးယားရဲ တားဆီးနေ
နယ်စပ်ကျော် ဒုက္ခသည်တွေကို မက်ဆီဒိုနီးယားရဲ တားဆီးနေ

ဂရိနဲ့ မက်ဆီဒိုးနီးယား နှစ်နိုင်ငံနယ်စပ်က ခြံစည်းရိုးကိုကျော်တက်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို မက်ဆီဒိုးနီးယားရဲ တွေက မျက်ရည်ယိုဗုံးတွေ၊ အာရုံကျောတွေကို ဆိုင်းသွားစေတဲ့ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ပါတယ်။

ဂရိမြောက်ပိုင်းမှာ ပိတ်ထားတဲ့ Idomeni နယ်စပ်က ခြံစည်းရိုးကို ဒီကနေ့ ကျော်တက်ဖို့ ကြိုးစားသူ အယောက် ၃၀ လောက် ရှိတယ်လို့ သတင်းတွေကပြောပါတယ်။

တနင်္ဂနွေနေ့က အဲဒီနေရာမှာပဲ အလားတူ ရုန်းရင်းဆန်ခတ် အခြေအနေတွေ ဖြစ်ခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ အာရုံကျောဆိုင်းစေတဲ့ လက်ပစ်ဗုံးတွေ၊ ရာဘာကျည်တွေ၊ မီးသတ်ပိုက်တွေသုံးပြီး ရွှေ့ပြောင်းဒုက္ခသည်တွေ ကို ဖြိုခွဲတာကြောင့် အများအပြား ဒဏ်ရာရသွားပါတယ်။

အဲဒီတနင်္ဂနွေနေ့မှာ လူတယောက်က နယ်စပ်ပြန်ဖွင့်နေပြီလို့ ရေးထားတဲ့ စာရွက်တွေကို ဒုက္ခသည် စခန်းမှာ လျှောက် ဖြန့်ခဲ့ တာကြောင့် ကောလာဟလ ပြန့်ခဲ့တာပါ။

မက်ဆီဒိုးနီးယား အာဏာပိုင်တွေက အလွန်အကျွံ တုန့်ပြန် လုပ်ဆောင်တယ်ဆိုပြီး ဂရိနိုင်ငံက စွပ်စွဲပြီးတော့ ကောလာဟလဖြန့် စာရွက်တွေ ဘယ်ကရောက်သွားတယ်ဆိုတာကို စုံစမ်းစစ်ဆေးနေပါတယ်။

XS
SM
MD
LG