သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သမ္မတ ကန် လွှတ်တော်နှစ်ရပ် မိန့်ခွန်းပြောကြား


French President Emmanuel Macron addresses a joint session of Congress at the U.S. Capitol in Washington, April 25, 2018.
French President Emmanuel Macron addresses a joint session of Congress at the U.S. Capitol in Washington, April 25, 2018.

အီရန်နိုင်ငံ နျူကလီးယားလက်နက် ထုတ်တာမျိုးမလုပ်နိုင်အောင် ကန့်သတ်ထားတဲ့ နိုင်ငံတကာသဘောတူစာချုပ်ကနေ အမေရိကန်ပြည်ထောင်စု နုတ်ထွက်လိုက်တာမျိုးမလုပ်ဖို့ ပြင်သစ်သမ္မတ Emmanuel Macron က အမေရိကန် လွှတ်တော် အမတ်တွေကို ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းပြောဆိုပါတယ်။

“အီရန်နိုင်ငံဟာ ဘယ်တော့မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှာမဟုတ်ပါဘူး၊ ငါးနှစ်အတွင်း၊ ၁၀ နှစ်အတွင်း မဟုတ်ပါဘူး၊ ဘယ်တော့မှကို ပိုင်ဆိုင်မှာမဟုတ်ပါဘူး” လို့ လွှတ်တော်နှစ်ရပ်ပေါင်း ကွန်ဂရက်လွှတ်တော်မှာ ပြောတဲ့မိန့်ခွန်းထဲ သမ္မတ Macron က ပြောသွားတာပါ။

၂၀၁၅ ခုနှစ်က ရခဲ့တဲ့ သဘောတူညီချက်ကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ဆန့်ကျင်တယ်လို့ ပြောထားတာကို ပြင်သစ်သမ္မတ က ထည့်ပြောမသွားပါဘူး။ အီရန်အပေါ် စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေ ပြန်ပြီးချမှတ်မလားဆိုတာ သမ္မတထရမ့်ပ်အနေ နဲ့ နောက်လကျရင် ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။

ဒါပေမဲ့ တည်ငြိမ်မှုရှိရေး သေချာအောင် လုပ်ရမှာဖြစ်ပြီး စာချုပ်ကို ဖျက်ပစ်တာမျိုး မလုပ်ရပါဘူးလို့ သမ္မတ Macron က ပြောပါ တယ်။ အရင်သမ္မတ ဘရာ့ခ် အိုဘားမားလက်ထက်က စေ့စပ်ညှိနှိုင်းပြီး ရယူခဲ့တဲ့ ဒီသဘောတူညီချက်ကို အမေရိကန်ရဲ့ ရှေ့ဆောင်ရှေ့ရွက်ပြုမှုနဲ့ ပြင်သစ်က လက်မှတ်ထိုးခဲ့တာလို့လည်း ထောက်ပြပြောဆိုပါတယ်။

အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုတွေ၊ ဆီးရီးယား၊ ယီမင်၊ လက်ဘနွန်နဲ့ အီရတ်မှာ စစ်ရေးအရစွက်ဖက်နေတာတွေနဲ့ ပတ်သက် ပြီး သဘောတူညီချက်အသစ်တခုရရေး စေ့စပ်ညှိနှိုင်းဖို့ သမ္မတ Macron က တောင်းဆိုပါတယ်။ ဒါပေမဲ့ သဘောတူညီချက် အသစ် ဒါမှမဟုတ် လက်ရှိစာချုပ်ကို ပြင်ဆင်တာမျိုး လက်ခံမှာမဟုတ်ဘူးလို့ အီရန်သမ္မတ Hassan Rouhani က ဗုဒ္ဓဟူးနေ့မှာ အခိုင်အမာပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG