သုံးရလွယ်ကူစေသည့် Link များ

မဲခေါင် မြစ်အတွင်း တရုတ်၊ မြန်မာ၊ ထိုင်း၊ လားအိုနိုင်ငံတို့ ပူးတွဲပြီး ၃၉ ကြိမ်မြောက် ကင်းလှည့်လည်တဲ့အစီအစဉ်ကို တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ခရိုင်အတွင်း သီးခြားအုပ်ချုပ်ခွင့်ရ Xishuanbanna နယ်မှာ စနေနေ့က စတင် ပြုလုပ်ခဲ့ပါတယ်။

အစီအစဉ်အရ လေးရက်တာကာလအတွင်း ကင်းလှည့် ရေယာဉ်လေးစီးနဲ့ လှည့်လည်ကြမှာဖြစ်ပြီး တရုတ်နိုင်ငံပိုင် ရေယာဉ်သုံးစီးနဲ့ လာအိုနိုင်ငံပိုင် ရေယာဉ်တစီးပါဝင်ပါတယ်။ နိုင်ငံလေးနိုင်ငံက တပ်မှူးတွေနဲ့ ညှိနှိုင်းဆောင်ရွက်သူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေချထားရေးကို ပူးပေါင်းလုပ်ဆောင် ခဲ့ကြပါတယ်။

အခုလိုလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါး၊ လက်နက်နဲ့ လူမှောင်ခိုမှုတွေ တိုက်ဖျက်ရေးကို ပိုမိုအားကောင်းအောင် လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG