သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္နယ္၊ တိုင္းဝန္ႀကီးခ်ဳပ္တခ်ိဳ႕အေပၚ စြဲခ်က္အသစ္ေတြ ထပ္တိုး


မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ

[[Unicode]]

မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳအပါအဝင္ တိုင္းဝန္ႀကီးခ်ဳပ္အခ်ိဳ႕ကို ေ႐ြးေကာက္ ပြဲ ေကာ္မရွင္က တရားစြဲဆိုဖို႔ တရား႐ုံးဘက္မွာ ဦးတိုက္ေလွ်ာက္ထားတာေၾကာင့္ အမႈထပ္တိုး ရင္ဆိုင္ရမယ့္ အေျခအေနေတြမွာရွိေနပါတယ္။ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳကို စစ္ေကာင္စီဘက္က စြဲဆိုထားတဲ့ အဂတိအမႈေတြကို လာမယ့္ ဒီဇင္ဘာလကုန္ပိုင္းမွာ အၿပီးသတ္ စီရင္ခ်က္ခ်ဖို႔ ရွိေနပါတယ္။ ျပည္နယ္၊ တိုင္းဝန္ႀကီးခ်ဳပ္တခ်ိဳ႕ရဲ႕ အမႈ ေနာက္ဆုံး အေျခအေနနဲ႔ပတ္သက္လို႔ ရန္ကုန္က ေပးပို႔ထားတဲ့သတင္းကိုမဆုမြန္က တင္ျပေပးထားပါတယ္။

အမ်ားျပည္သူတည္ၿငိမ္းေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႕ေဆာ္လုပ္ေဆာင္မႈ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (ခ) နဲ႔ ဇြန္လထဲမွာ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ ခ်ခံထားရတဲ့ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳကိုေ႐ြးေကာက္ပြဲကာလ မေလ်ာ္ဩဇာသုံးၿပီး မဲအလြဲသုံးစားမႈလုပ္တယ္ဆိုတဲ့ စြဲဆိုခ်က္ေတြနဲ႔ စစ္ေကာင္စီရဲ႕ ေ႐ြး ေကာက္ပြဲေကာ္မရွင္ဘက္ကေန တရားစြဲဆိုလိုက္ တာျဖစ္တယ္လို႔ သူ႔ေရွ႕ေနက ဗြီအိုေအ ကိုခုလို ေျပာျပပါတယ္။

“ေနာက္တခုထပ္တိုးတယ္ဗ်။ ဒီေန႔သိရတာေပါ့ေနာ္။ က်ေနာ္တို႔လည္း ဒီေန႔မွေသခ်ာသိတာ။ သိရတယ္ဆိုေပမယ့္ ဘာဥပေဒနဲ႔စြဲထားတယ္ဆိုတာက်ေတာ့ သိေတာ့သိတယ္။ ပုဒ္မဘယ္ေလာက္နဲ႔ စြဲလဲဆိုတာကေတာ့ မသိရေသးဘူး။ မေကြးၿမိဳ႕နယ္တရား႐ုံးမွာ ေ႐ြးေကာက္ပြဲဥပေဒေတြနဲ႔ ေကာ္မရွင္ကေနၿပီးေတာ့မွ တရား႐ုံးကို ဦးတိုက္ေလွ်ာက္တဲ့ အမႈတမႈ ထပ္တိုးပါတယ္။ မေကြးၿမိဳ႕နယ္တရား႐ုံးမွာ။ အဲဒါ ၂၀ ရက္ေန႔႐ုံးခ်ိန္း။ ခ႐ိုင္ေ႐ြးေကာ္ကလား၊ ၿမိဳ႕နယ္ေ႐ြးေကာ္ ကလား မသိဘူး။ ဦးတိုက္ေလွ်ာက္တာေပါ့။ ရဲအေရးမပိုင္တဲ့ အမႈဆိုေတာ့ ဦးတိုက္ေလွ်ာက္ တာေပါ့။ ေ႐ြးေကာက္ပြဲဥပေဒအရ ရာဇဝတ္မႈနဲ႔ စြဲတဲ့သေဘာေပါ့။”

အမႈ အေသးစိတ္ကို အတိအက်မေျပာႏိုင္ေသးသလို စတင္စစ္ေဆးဖို႔ ႐ုံးခ်ိန္းေပးထားတဲ့ ဒီဇင္ ဘာ ၂၀ရက္ ေန႔က်မွသာ အေသးစိတ္ေျပာဆိုႏိုင္မယ္လို႔ သူက ဆိုပါတယ္။ ေဒါက္တာေအာင္မိုးညိဳလိုပဲ ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္ကေန ထပ္မံအမႈထပ္တိုးစြဲခံရသူတဦးကေတာ့ ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ နန္းခင္ေထြးျမင့္ ျဖစ္ပါတယ္။ သူမကို ၿပီးခဲ့တဲ့ရက္က အဲဒီအမႈအတြက္ တရား႐ုံးမွာ ဦးတိုက္ ေလွ်ာက္ထားၿပီး ပုဒ္မ ၁၃၀(က) နဲ႔ တရားစြဲဆိုခဲ့တာကို ၾကားနာခဲ့တယ္လို႔ နီးစပ္သူ တဦးကေျပာပါတယ္။ သူမကို ႐ုံးထုတ္ခ်ိန္မွာ ဘာမွဆိုဖြယ္ရာမရွိလို႔ဆိုကာ တရား႐ုံးၾကားနာခ်ိန္မွာ ထထြက္ကာ ေထာင္ကိုျပန္ဖို႔လုပ္တာေၾကာင့္ ဒီၾကားနာမႈက ဘယ္လို ဆက္ျဖစ္မယ္ ဆိုတာမသိဘူးလို႔ ေျပာပါတယ္။

သူ႔ကို စြဲဆိုတဲ့ ပုဒ္မ ၁၃၀(က) ဟာ ေ႐ြးေကာက္ပြဲကာလ မေလ်ာ္ဩဇာသုံးၿပီး မဲအလြဲသုံးစားမႈ လုပ္တယ္ဆိုတာအတြက္ စြဲဆိုမႈျဖစ္ကာျပစ္မႈထင္ရွားရင္ ေထာင္ ၃ ႏွစ္ထိခ်မွတ္ႏိုင္တဲ့အမႈျဖစ္ပါတယ္။

သူမေရွ႕ေနေတြကိုဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေပမယ့္ အေျခအေနအေသးစိတ္ မသိရေသးသလို မိသားစုကိုျပန္လည္ေမးျမန္းေနတာမို႔ အတိအက် မသိခဲ့ရပါဘူး။ လက္ရွိမွာေတာ့ နန္းခင္ေထြးျမင့္ဟာ အဂတိအမႈေတြနဲ႔ေကာ၊ အမ်ားျပည္သူတည္ၿငိမ္းေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႕ေဆာ္လုပ္ေဆာင္မႈ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅(ခ) နဲ႔ပါ ျပစ္ဒဏ္ ႏွစ္ရွည္ က်ခံေနရပါတယ္။

ၿပီးခဲ့တဲ့လထဲက မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ကို ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ ဆိုၿပီး ပုဒ္မ ၂ ခုတပ္ တရားစြဲခဲ့တာမို႔ အခု ေဒါက္တာ ေအာင္မိုးညိဳနဲ႔နန္းခင္ေထြးျမင့္ ပါဆို ၃ ဦးရွိသြားၿပီ ျဖစ္ပါတယ္။

ေနာက္ၿပီး စစ္ေကာင္စီဘက္က ဝန္ႀကီးခ်ဳပ္ေတြကို အဂတိအမႈေတြနဲ႔ တရားစြဲဆိုထားတာေတြလည္း ရွိပါတယ္။ အဲဒီထဲမွာ မေကြးတိုင္းဝန္ႀကီး ခ်ဳပ္ကို ဒီႏွစ္မကုန္ခင္မွာ အၿပီးသတ္အမိန႔္ခ်မွတ္ဖို႔ရွိေနပါတယ္။ ေဒါက္တာ ေအာင္မိုးညိဳဟာ ေနာက္ထပ္လည္း အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ တရားစြဲဆိုခံထားရတာကို ရင္ဆိုင္ေနရဆဲျဖစ္ပါတယ္။ ရင္ဆိုင္ေနရတဲ့ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ပုဒ္မ ၅၅ နဲ႔ စြဲဆိုထားတဲ့ အမႈေတြအတြက္ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၉ ရက္နဲ႔ ၁၀ ရက္ တို႔မွာ စြဲခ်က္တင္ အမိန႔္ခ်မွတ္လိုက္တယ္လို႔ သူ႔ေရွ႕ေနက ေျပာပါတယ္။

စစ္ေကာင္စီဘက္က ေဒါက္တာေအာင္မိုးညိဳအပါအဝင္ တျခားဝန္ႀကီးေတြကို စြဲဆိုထားတဲ့ အဂတိ အမႈေပါင္းဟာ(၈) မႈရွိၿပီး ဒီထဲမွာ ေဒါက္တာေအာင္မိုးညိဳ တေယာက္တည္းကို စြဲဆိုထားတာ ၆ မႈ တိတိရွိတယ္လို႔ သူ႔ေရွ႕ေနက ေျပာပါ တယ္။ လာမယ့္ အမႈ အေျခအေနအေသးစိတ္ကို သူကခုလိုေျပာျပတာပါ။

“က်ေနာ္တို႔မွန္းတယ္။ ၂၃ ရက္ေန႔မွာ အၿပီးသတ္ေလွ်ာက္လဲခ်က္ၿပီးရင္ ၃၀ ရက္ေန႔မွာ အၿပီးသတ္ အမိန႔္ခ်မယ္လို႔ က်ေနာ္တို႔ ယူဆရတာေပါ့ေနာ္။ ၂၁ မွာ အၿပီးစစ္ၾကမွာ။ တရား သူႀကီး ၂ ဦး စလုံးက ရက္ေတြက အကုန္ညႇိထားၿပီဆိုေတာ့ အဲရက္ေတြလို႔ ယူဆရတာေပါ့ေနာ္။ ၂၃ ရက္ ေန႔မွာ အၿပီးသတ္ေလွ်ာက္လဲခ်က္ေပးဖို႔ အဆင္သင့္လုပ္ထားၾကပါဆိုေတာ့ ၃၀ ရက္ေန႔ျဖစ္မယ္လို႔ ယူဆတာေပါ့။ ၁ ပါတ္ေပါ့။ ၃၀ ရက္ေန႔ထက္ ေစာရင္ေစာမယ္၊ အဲဒီထက္ ေနာက္မက်ဘူးလို႔ ထင္တာပဲ။ ခ်မယ့္ရက္ကို မွန္းလို႔ရသြားၿပီေပါ့။”

စြဲခ်က္တင္ထားတဲ့ အဂတိအမႈေတြအတြက္ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၃ ရက္နဲ႔ ၁၄ ရက္ ေတြမွာ ေဒါက္ တာေအာင္မိုးညိဳအပါအဝင္ စြပ္စြဲခံရသူေတြကိုယ္တိုင္ သက္ေသထြက္ဆိုခဲ့တယ္လို႔ ေရွ႕ေနက ေျပာပါ တယ္။

စစ္တပ္က အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ NLD အစိုးရလက္ထက္က ဝန္ႀကီးခ်ဳပ္ေတြ ေတာ္ေတာ္ မ်ားမ်ားကို ဖမ္းဆီးထိန္းသိမ္းၿပီး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒ၊ အမ်ားျပည္သူ တည္ၿငိမ္ ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံ႕ေဆာ္ လုပ္ေဆာင္မႈ ဥပေဒ ၅၀၅(ခ) နဲ႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ပုဒ္မေတြ တပ္ကာ တရားစြဲဆိုမႈေတြ လုပ္ခဲ့ပါတယ္။ ဒီထဲမွာ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳ၊ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္၊ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပုနဲ႔ ပဲခူးတိုင္းဝန္ႀကီး ခ်ဳပ္ ဦးဝင္းသိန္းတို႔ကို အဂတိလိုက္မႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅ (ခ) ၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ပုဒ္မေတြနဲ႔ေထာင္ ဒဏ္ေတြ ခ်မွတ္ ထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တချို့အပေါ် စွဲချက်အသစ်တွေ ထပ်တိုး

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအပါအဝင် တိုင်းဝန်ကြီးချုပ်အချို့ကို ရွေးကောက် ပွဲ ကော်မရှင်က တရားစွဲဆိုဖို့ တရားရုံးဘက်မှာ ဦးတိုက်လျှောက်ထားတာကြောင့် အမှုထပ်တိုး ရင်ဆိုင်ရမယ့် အခြေအနေတွေမှာရှိနေပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီဘက်က စွဲဆိုထားတဲ့ အဂတိအမှုတွေကို လာမယ့် ဒီဇင်ဘာလကုန်ပိုင်းမှာ အပြီးသတ် စီရင်ချက်ချဖို့ ရှိနေပါတယ်။ ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တချို့ရဲ့ အမှု နောက်ဆုံး အခြေအနေနဲ့ပတ်သက်လို့ ရန်ကုန်က ပေးပို့ထားတဲ့သတင်းကိုမဆုမွန်က တင်ပြပေးထားပါတယ်။

အများပြည်သူတည်ငြိမ်းအေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ ဇွန်လထဲမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချခံထားရတဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကိုရွေးကောက်ပွဲကာလ မလျော်ဩဇာသုံးပြီး မဲအလွဲသုံးစားမှုလုပ်တယ်ဆိုတဲ့ စွဲဆိုချက်တွေနဲ့ စစ်ကောင်စီရဲ့ ရွေး ကောက်ပွဲကော်မရှင်ဘက်ကနေ တရားစွဲဆိုလိုက် တာဖြစ်တယ်လို့ သူ့ရှေ့နေက ဗွီအိုအေ ကိုခုလို ပြောပြပါတယ်။

“နောက်တခုထပ်တိုးတယ်ဗျ။ ဒီနေ့သိရတာပေါ့နော်။ ကျနော်တို့လည်း ဒီနေ့မှသေချာသိတာ။ သိရတယ်ဆိုပေမယ့် ဘာဥပဒေနဲ့စွဲထားတယ်ဆိုတာကျတော့ သိတော့သိတယ်။ ပုဒ်မဘယ်လောက်နဲ့ စွဲလဲဆိုတာကတော့ မသိရသေးဘူး။ မကွေးမြို့နယ်တရားရုံးမှာ ရွေးကောက်ပွဲဥပဒေတွေနဲ့ ကော်မရှင်ကနေပြီးတော့မှ တရားရုံးကို ဦးတိုက်လျှောက်တဲ့ အမှုတမှု ထပ်တိုးပါတယ်။ မကွေးမြို့နယ်တရားရုံးမှာ။ အဲဒါ ၂၀ ရက်နေ့ရုံးချိန်း။ ခရိုင်ရွေးကော်ကလား၊ မြို့နယ်ရွေးကော် ကလား မသိဘူး။ ဦးတိုက်လျှောက်တာပေါ့။ ရဲအရေးမပိုင်တဲ့ အမှုဆိုတော့ ဦးတိုက်လျှောက် တာပေါ့။ ရွေးကောက်ပွဲဥပဒေအရ ရာဇဝတ်မှုနဲ့ စွဲတဲ့သဘောပေါ့။”

အမှု အသေးစိတ်ကို အတိအကျမပြောနိုင်သေးသလို စတင်စစ်ဆေးဖို့ ရုံးချိန်းပေးထားတဲ့ ဒီဇင် ဘာ ၂၀ရက် နေ့ကျမှသာ အသေးစိတ်ပြောဆိုနိုင်မယ်လို့ သူက ဆိုပါတယ်။ ဒေါက်တာအောင်မိုးညိုလိုပဲ ရွေးကောက်ပွဲကော်မရှင်ဘက်ကနေ ထပ်မံအမှုထပ်တိုးစွဲခံရသူတဦးကတော့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ဖြစ်ပါတယ်။ သူမကို ပြီးခဲ့တဲ့ရက်က အဲဒီအမှုအတွက် တရားရုံးမှာ ဦးတိုက် လျှောက်ထားပြီး ပုဒ်မ ၁၃၀(က) နဲ့ တရားစွဲဆိုခဲ့တာကို ကြားနာခဲ့တယ်လို့ နီးစပ်သူ တဦးကပြောပါတယ်။ သူမကို ရုံးထုတ်ချိန်မှာ ဘာမှဆိုဖွယ်ရာမရှိလို့ဆိုကာ တရားရုံးကြားနာချိန်မှာ ထထွက်ကာ ထောင်ကိုပြန်ဖို့လုပ်တာကြောင့် ဒီကြားနာမှုက ဘယ်လို ဆက်ဖြစ်မယ် ဆိုတာမသိဘူးလို့ ပြောပါတယ်။

သူ့ကို စွဲဆိုတဲ့ ပုဒ်မ ၁၃၀(က) ဟာ ရွေးကောက်ပွဲကာလ မလျော်ဩဇာသုံးပြီး မဲအလွဲသုံးစားမှု လုပ်တယ်ဆိုတာအတွက် စွဲဆိုမှုဖြစ်ကာပြစ်မှုထင်ရှားရင် ထောင် ၃ နှစ်ထိချမှတ်နိုင်တဲ့အမှုဖြစ်ပါတယ်။

သူမရှေ့နေတွေကိုဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် အခြေအနေအသေးစိတ် မသိရသေးသလို မိသားစုကိုပြန်လည်မေးမြန်းနေတာမို့ အတိအကျ မသိခဲ့ရပါဘူး။ လက်ရှိမှာတော့ နန်းခင်ထွေးမြင့်ဟာ အဂတိအမှုတွေနဲ့ကော၊ အများပြည်သူတည်ငြိမ်းအေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) နဲ့ပါ ပြစ်ဒဏ် နှစ်ရှည် ကျခံနေရပါတယ်။

ပြီးခဲ့တဲ့လထဲက မန္တလေးတိုင်းဝန်ကြီးချုပ်ကို ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဆိုပြီး ပုဒ်မ ၂ ခုတပ် တရားစွဲခဲ့တာမို့ အခု ဒေါက်တာ အောင်မိုးညိုနဲ့နန်းခင်ထွေးမြင့် ပါဆို ၃ ဦးရှိသွားပြီ ဖြစ်ပါတယ်။

နောက်ပြီး စစ်ကောင်စီဘက်က ဝန်ကြီးချုပ်တွေကို အဂတိအမှုတွေနဲ့ တရားစွဲဆိုထားတာတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ မကွေးတိုင်းဝန်ကြီး ချုပ်ကို ဒီနှစ်မကုန်ခင်မှာ အပြီးသတ်အမိန့်ချမှတ်ဖို့ရှိနေပါတယ်။ ဒေါက်တာ အောင်မိုးညိုဟာ နောက်ထပ်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရတာကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ရင်ဆိုင်နေရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပုဒ်မ ၅၅ နဲ့ စွဲဆိုထားတဲ့ အမှုတွေအတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နဲ့ ၁၀ ရက် တို့မှာ စွဲချက်တင် အမိန့်ချမှတ်လိုက်တယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

စစ်ကောင်စီဘက်က ဒေါက်တာအောင်မိုးညိုအပါအဝင် တခြားဝန်ကြီးတွေကို စွဲဆိုထားတဲ့ အဂတိ အမှုပေါင်းဟာ(၈) မှုရှိပြီး ဒီထဲမှာ ဒေါက်တာအောင်မိုးညို တယောက်တည်းကို စွဲဆိုထားတာ ၆ မှု တိတိရှိတယ်လို့ သူ့ရှေ့နေက ပြောပါ တယ်။ လာမယ့် အမှု အခြေအနေအသေးစိတ်ကို သူကခုလိုပြောပြတာပါ။

“ကျနော်တို့မှန်းတယ်။ ၂၃ ရက်နေ့မှာ အပြီးသတ်လျှောက်လဲချက်ပြီးရင် ၃၀ ရက်နေ့မှာ အပြီးသတ် အမိန့်ချမယ်လို့ ကျနော်တို့ ယူဆရတာပေါ့နော်။ ၂၁ မှာ အပြီးစစ်ကြမှာ။ တရား သူကြီး ၂ ဦး စလုံးက ရက်တွေက အကုန်ညှိထားပြီဆိုတော့ အဲရက်တွေလို့ ယူဆရတာပေါ့နော်။ ၂၃ ရက် နေ့မှာ အပြီးသတ်လျှောက်လဲချက်ပေးဖို့ အဆင်သင့်လုပ်ထားကြပါဆိုတော့ ၃၀ ရက်နေ့ဖြစ်မယ်လို့ ယူဆတာပေါ့။ ၁ ပါတ်ပေါ့။ ၃၀ ရက်နေ့ထက် စောရင်စောမယ်၊ အဲဒီထက် နောက်မကျဘူးလို့ ထင်တာပဲ။ ချမယ့်ရက်ကို မှန်းလို့ရသွားပြီပေါ့။”

စွဲချက်တင်ထားတဲ့ အဂတိအမှုတွေအတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက် တွေမှာ ဒေါက် တာအောင်မိုးညိုအပါအဝင် စွပ်စွဲခံရသူတွေကိုယ်တိုင် သက်သေထွက်ဆိုခဲ့တယ်လို့ ရှေ့နေက ပြောပါ တယ်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် NLD အစိုးရလက်ထက်က ဝန်ကြီးချုပ်တွေ တော်တော် များများကို ဖမ်းဆီးထိန်းသိမ်းပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ အများပြည်သူ တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင်လှုံ့ဆော် လုပ်ဆောင်မှု ဥပဒေ ၅၀၅(ခ) နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မတွေ တပ်ကာ တရားစွဲဆိုမှုတွေ လုပ်ခဲ့ပါတယ်။ ဒီထဲမှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ ပဲခူးတိုင်းဝန်ကြီး ချုပ် ဦးဝင်းသိန်းတို့ကို အဂတိလိုက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မတွေနဲ့ထောင် ဒဏ်တွေ ချမှတ် ထားပါတယ်ရှင်။

#အောင်မိုးညို #နန်းခင်ထွေးမြင့် #ဦးညီပု #ဦးဝင်းသိန်း #ဗွီအိုအေမြန်မာ #စစ်ကောင်စီ #WhatIsHappeningInMyanmar #ပုဒ်မ၅၀၅/ခ #မလျော်သြဇာသုံးမှု #ရွေးကောက်ပွဲ

============

XS
SM
MD
LG