သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂန႔္ေဂါၿမိဳ႕နယ္ စန္းၿမိဳ႕႐ြာမီးရႈိ႕ခံရၿပီး ေက်း႐ြာသားေတြေဘးလြတ္ရာတိမ္းေရွာင္


ဂန္႔ေဂါၿမိဳ႕၊ နမ္းခါးရြာတြင္ မီးေလာင္ေနသည္ကို ၿငိမ္းသတ္ေနသည့္ ရြာသားမ်ား။ ၁၀ စက္တင္ဘာ ၂၀၂၁။ (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

မေကြးတိုင္း ဂန႔္ေဂါၿမိဳ႕နယ္ စန္းၿမိဳ႕႐ြာမွာ မီးရႈိ႕ခံရလို႔ ေနအိမ္ ၂၀ ေက်ာ္ မီးေလာင္ကြၽမ္းခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ စစ္ေကာင္စီတပ္ေတြဟာ နယ္ေျမရွင္းလင္းေရးဆိုၿပီး ​ေဒသတြင္း ေက်း႐ြာေတြကို ဝင္ေရာက္ေနတာမို႔ ေဒသခံေက်း႐ြာ သားေတြက စိုးရိမ္ၿပီး ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရတယ္လို႔လည္း သိရပါတယ္။ ရန္ကုန္က ေပးပို႔ထားတဲ့ သတင္းကို နန္းေလာဝ္က တင္ျပေပးထားပါတယ္။

ဒီဇင္ဘာ ၁၇ ရက္က မေကြးတိုင္း ဂန႔္ေဂါခ႐ိုင္ ႏွမ္းခါး႐ြာကို နယ္ေျမရွင္းလင္းေရးလုပ္ၿပီး ထြက္ခြာလာတဲ့ စစ္ေကာင္စီ စစ္ေၾကာင္းဟာ ဒီဇင္ဘာ ၂၁ ရက္က စန္းၿမိဳ႕ ႐ြာကို ေရာက္ရွိၿပီး ေနအိမ္ေတြကို မီးရႈိ႕ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စန္းၿမိဳ႕႐ြာဟာ ေနအိမ္ ၂၁၅ အိမ္ရွိတဲ့ ေက်း႐ြာတ႐ြာျဖစ္ၿပီး စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းေရး ဝင္ေရာက္ၿပီးေနာက္ ေနအိမ္ေတြ မီးေလာင္ကြၽမ္းတာလို႔ စန္းၿမိဳ႕႐ြာသား တဦးက အခုလိုေျပာပါတယ္။

“ေနအိမ္ ၂၆ လုံး အရႈိ႕ခံရတယ္ခင္ဗ်။ မေန႔ မနက္ ၇ နာရီေလာက္က ၆ လုံးရႈိ႕ တယ္။ ေန႔လည္ ၂ နာရီေလာက္က တခါျပန္ၿပီး ည ၁၁ နာရီေလာက္မွာ တခါထပ္ရႈိ႕တယ္။ စစ္သားေတြ စစ္ေၾကာင္းထိုးၿပီးခ်ိန္မွာ က်ေနာ္တို႔ ႐ြာထဲ မီးေလာင္တာ ျမင္ ရတယ္။ က်ေနာ္တို႔ ႐ြာမွာ တညအိပ္ၿပီး ေနာက္ေန႔မနက္ ၇ နာရီေလာက္မွာ မီးရႈိ႕ တာ ျမင္ေနရၿပီခင္ဗ်။ တိုက္ပြဲေတြ မရွိဘူး။ က်ေနာ္တို႔ ႐ြာသားေတြ အကုန္ထြက္ေျပးေနရတာ။”

ႏွမ္းခါး႐ြာကေန ဒီဇင္ဘာ ၁၉ ရက္မွာ စန္းၿမိဳ႕ဘက္ကို ထြက္ခြာလာတဲ့ စစ္ေကာင္စီတပ္ေတြဟာ လမ္းမွာ မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရတာေၾကာင့္ ဒဏ္ရာရေတြရွိတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ စစ္ေကာင္စီတပ္ေတြဟာ ႐ြာကိုမီးရႈိ႕ၿပီးေနာက္ အိမ္ေမြးတိရိစာၦန္ေတြကိုလည္း ယူေဆာင္သြားတယ္လို႔ ေနအိမ္မီးေလာင္သြားတဲ့ ႐ြာသား တဦးက ေျပာပါတယ္။

“ႏြားေတြက အေကာင္ ၃၀ ေက်ာ္၊ ဝက္ေတြ၊ ၾကက္ေတြဆို တစက္မွ မက်န္ဘူးဗ်။ က်ေနာ္တို႔မွာ ႐ြာမျပန္ရဲလို႔ ကုန္း႐ြာမွာ တ႐ြာလုံးမွီခိုေနရတာ။ တ႐ြာလုံးထြက္ေျပးလာရတာ ဘာရမလဲဗ်ာ အကုန္ေျပာင္ေပါ့။”

စစ္ေကာင္စီက နယ္ေျမရွင္းလင္းလို႔ ႐ြာလုံးကြၽတ္ ထြက္ေျပးေနရသူေတြဟာ အနီးနားက ေက်း႐ြာေတြမွာ ခိုလႈံေနရၿပီး အေရးေပၚအကူအညီေတြ လိုအပ္ေနတယ္လို႔ စစ္ေဘးေရွာင္ေတြကို ကူညီေပးေနသူတဦးက ေျပာပါတယ္။

“အခုလိုအပ္တာက သူတို႔ဆီမွာ ပါလာတာက ကိုယ္ဝန္ေဆာင္ကလည္း ပါလာတာရွိတယ္။ သက္ႀကီး ႐ြယ္အိုေတြလည္း ပါလာတယ္။ ေဆးဝါးလည္းလိုတယ္။ စားနပ္ရိကၡာလည္း လိုတာေပါ့ဗ်ာ။ အဓိက ကြၽန္ေတာ္တို႔ဆီကလည္း စစ္ေျပးဒုကၡသည္ေတြပဲ။ က်ေနာ္တို႔႐ြာလည္း စစ္ေျပးဒုကၡသည္ပဲ။ ေနာက္ဆုံး ရွိတာေလးကို ေဝမွ်ၿပီး စားေနရတာဆိုေတာ့ စားနပ္ရိကၡာရယ္၊ ေဆးဝါးရယ္၊ အေႏြးထည္၊ ေစာင္ထည္ေပါ့ ဒါေတြ အဓိကလိုတာေပါ့။”

အခုလို စန္းၿမိဳ႕႐ြာ ေနအိမ္ေတြမီးရႈိ႕တာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီက တစုံတရာ သတင္းထုတ္ျပန္တာ မရွိေသးေပမယ့္ ဒီဇင္ဘာ ၁၇ ရက္က ႏွမ္းခါး႐ြာမွာ ေက်း႐ြာေခါင္းေဆာင္ေတြ အစည္းေဝးလုပ္ေနခ်ိန္ ဝင္ေရာက္စီးနင္းတာနဲ႔ ပတ္သက္လို႔ အၾကမ္းဖက္သမား ၇ ဦး ေသဆုံးခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ေလေၾကာင္းကေန ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္တာကိုေတာ့ ထည့္သြင္း မေဖာ္ျပခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

ဂန့်ဂေါမြို့နယ် စန်းမြို့ရွာမီးရှို့ခံရပြီး ကျေးရွာသားတွေဘေးလွတ်ရာတိမ်းရှောင်

မကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ရွာမှာ မီးရှို့ခံရလို့ နေအိမ် ၂၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ နယ်မြေရှင်းလင်းရေးဆိုပြီး ဒေသတွင်း ကျေးရွာတွေကို ဝင်ရောက်နေတာမို့ ဒေသခံကျေးရွာ သားတွေက စိုးရိမ်ပြီး ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့ သတင်းကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ဒီဇင်ဘာ ၁၇ ရက်က မကွေးတိုင်း ဂန့်ဂေါခရိုင် နှမ်းခါးရွာကို နယ်မြေရှင်းလင်းရေးလုပ်ပြီး ထွက်ခွာလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီဇင်ဘာ ၂၁ ရက်က စန်းမြို့ ရွာကို ရောက်ရှိပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စန်းမြို့ရွာဟာ နေအိမ် ၂၁၅ အိမ်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေး ဝင်ရောက်ပြီးနောက် နေအိမ်တွေ မီးလောင်ကျွမ်းတာလို့ စန်းမြို့ရွာသား တဦးက အခုလိုပြောပါတယ်။

“နေအိမ် ၂၆ လုံး အရှို့ခံရတယ်ခင်ဗျ။ မနေ့ မနက် ၇ နာရီလောက်က ၆ လုံးရှို့ တယ်။ နေ့လည် ၂ နာရီလောက်က တခါပြန်ပြီး ည ၁၁ နာရီလောက်မှာ တခါထပ်ရှို့တယ်။ စစ်သားတွေ စစ်ကြောင်းထိုးပြီးချိန်မှာ ကျနော်တို့ ရွာထဲ မီးလောင်တာ မြင် ရတယ်။ ကျနော်တို့ ရွာမှာ တညအိပ်ပြီး နောက်နေ့မနက် ၇ နာရီလောက်မှာ မီးရှို့ တာ မြင်နေရပြီခင်ဗျ။ တိုက်ပွဲတွေ မရှိဘူး။ ကျနော်တို့ ရွာသားတွေ အကုန်ထွက်ပြေးနေရတာ။”

နှမ်းခါးရွာကနေ ဒီဇင်ဘာ ၁၉ ရက်မှာ စန်းမြို့ဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်တွေဟာ လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် ဒဏ်ရာရတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ရွာကိုမီးရှို့ပြီးနောက် အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း ယူဆောင်သွားတယ်လို့ နေအိမ်မီးလောင်သွားတဲ့ ရွာသား တဦးက ပြောပါတယ်။

“နွားတွေက အကောင် ၃၀ ကျော်၊ ဝက်တွေ၊ ကြက်တွေဆို တစက်မှ မကျန်ဘူးဗျ။ ကျနော်တို့မှာ ရွာမပြန်ရဲလို့ ကုန်းရွာမှာ တရွာလုံးမှီခိုနေရတာ။ တရွာလုံးထွက်ပြေးလာရတာ ဘာရမလဲဗျာ အကုန်ပြောင်ပေါ့။”

စစ်ကောင်စီက နယ်မြေရှင်းလင်းလို့ ရွာလုံးကျွတ် ထွက်ပြေးနေရသူတွေဟာ အနီးနားက ကျေးရွာတွေမှာ ခိုလှုံနေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

“အခုလိုအပ်တာက သူတို့ဆီမှာ ပါလာတာက ကိုယ်ဝန်ဆောင်ကလည်း ပါလာတာရှိတယ်။ သက်ကြီး ရွယ်အိုတွေလည်း ပါလာတယ်။ ဆေးဝါးလည်းလိုတယ်။ စားနပ်ရိက္ခာလည်း လိုတာပေါ့ဗျာ။ အဓိက ကျွန်တော်တို့ဆီကလည်း စစ်ပြေးဒုက္ခသည်တွေပဲ။ ကျနော်တို့ရွာလည်း စစ်ပြေးဒုက္ခသည်ပဲ။ နောက်ဆုံး ရှိတာလေးကို ဝေမျှပြီး စားနေရတာဆိုတော့ စားနပ်ရိက္ခာရယ်၊ ဆေးဝါးရယ်၊ အနွေးထည်၊ စောင်ထည်ပေါ့ ဒါတွေ အဓိကလိုတာပေါ့။”

အခုလို စန်းမြို့ရွာ နေအိမ်တွေမီးရှို့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပေမယ့် ဒီဇင်ဘာ ၁၇ ရက်က နှမ်းခါးရွာမှာ ကျေးရွာခေါင်းဆောင်တွေ အစည်းဝေးလုပ်နေချိန် ဝင်ရောက်စီးနင်းတာနဲ့ ပတ်သက်လို့ အကြမ်းဖက်သမား ၇ ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တာကိုတော့ ထည့်သွင်း မဖော်ပြခဲ့ပါဘူး။


#MyanmarViolence #MyanmarMilitary #VOABurmese #စမ်းမြို့ရွာ #စစ်ကောင်စီ #မီးရှို့ #ဆေးဝါးစားနပ်ရိက္ခလိုအပ် #ဗွီအိုအေ

=========

XS
SM
MD
LG