သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေကြးတိုင္းအတြင္း စစ္ေျပးဒုကၡသည္ေတြ ရာသီဥတုဒဏ္ႀကဳံ


{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံအလယ္ပိုင္း မေကြးတိုင္းထဲက ေနရာအခ်ိဳ႕မွာ ရက္ဆက္ မိုး႐ြာသြန္းေနတာေၾကာင့္ တိုက္ပြဲလြတ္ရာ ပုန္းခိုေနၾကရသူေတြ ထပ္ၿပီး ဒုကၡေတြ႔ေနၾကပါတယ္။ ျမစ္သာျမစ္ေဘးမွာ ပုန္းခိုေနၾကရတဲ့ ႏွမ္းခါး႐ြာက ဒုကၡသည္ေတြ ျမစ္ေရတက္လာလို႔ ေရေဘးလြတ္ရာ ထပ္ေျပာင္းေနၾကရသလို မိုးမိလို႔ ဖ်ားနာသူေတြလည္း ရွိေနပါတယ္။ အဲဒီဘက္က မိုးႀကီးႏိုင္တယ္လို႔ မိုးဇလက ေျပာထားတဲ့ အေျခအေနေတြအေၾကာင္းရန္ကုန္ကလာတဲ့ သတင္းကိုကိုေက်ာ္ေက်ာ္သိန္းေျပာျပပါမယ္။

အခုရက္ပိုင္း မေကြးတိုင္းထဲက ေနရာအခ်ိဳ႕မွာ မိုးႀကီးေနတာေၾကာင့္ စစ္ေဘးေရွာင္ေနရတဲ့ ႏွမ္းခါးေဒသခံေတြဟာ စစ္ေဘးအျပင္ ေရေဘးပါ ႀကဳံေနရပါတယ္။ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႔ေတြ စက္တင္ဘာမွာ တိုက္ပြဲျဖစ္ခဲ့ၿပီးေနာက္ စစ္တပ္က နယ္ေျမရွင္းလင္းၿပီး ႐ြာျပင္နားမွာ တပ္စြဲထားတဲ့အတြက္ ႏွမ္းခါးေဒသခံေတြ ျမစ္သာျမစ္ေဘးမွာ ထြက္ေျပးပုန္းခိုေနၾကရတာပါ။ အခုေတာ့ မိုးရက္ဆက္႐ြာၿပီး ျမစ္ေရတက္လာတဲ့အတြက္ ေနာက္ထပ္ ေဘးလြတ္ရာ ေျပာင္းေနၾကရတယ္လို႔ ႏွမ္းခါးေဒသခံ တဦးက အခုလိုေျပာျပပါတယ္။

''အခုက စက္ေလွေတြ ေလွေတြနဲ႔ ကဲ့ေနရတယ္။ တခ်ိဳ႕က်ေတာ့ေရမေရာက္တဲ့တဲထဲ အကုန္ စုေနၾကရတယ္။ တခ်ိဳ႕က် တဲေအာက္ထဲ ေရေရာက္ေနတယ္။ က်န္းမာေရးမေကာင္းတဲ့သူေတြလည္း စစ္ေဘးေရွာင္ထဲ ေတာ္ေတာ္ေပါေနတယ္။ က်န္းမာေရးမေကာင္းတဲ့သူ ေတာ္ေတာ္ မ်ားတယ္။ ရာသီဥတုအကူးအေျပာင္း ေသာက္ေရမသန႔္မႈေတြေၾကာင့္ အဖ်ားေတြေတာ္ေတာ္ ဝင္ၾကတယ္။ ေသဆုံးတာက ၂ ေယာက္ရွိတယ္။ သူတို႔အခု ေတာထဲေတာင္ထဲမွာ က်န္းမာေရးေၾကာင့္ အသက္လည္းႀကီးၿပီဆိုေတာ့ ဖ်ားတဲ့ဒဏ္ကို မခံႏိုင္တာ။ေရက ေတာင္က်ေရေတြေသာက္ေနရေတာ့ ေရမသန႔္မႈေတြပါတယ္။''

အိမ္ေထာင္စု ၁ ေထာင္ေက်ာ္ရွိတဲ့ ႏွမ္းခါး႐ြာႀကီးမွာ စက္တင္ဘာ ၁၀ ရက္နဲ႔ ၁၃ ရက္က ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔စစ္ေကာင္စီတပ္ေတြ တိုက္ပြဲျဖစ္ပြားခဲ့တာပါ။ တိုက္ ပြဲေတြျဖစ္ၿပီး စစ္တပ္က နယ္ေျမရွင္းလင္းစဥ္ ေနအိမ္ ၄၀ ေက်ာ္ မီးေလာင္ခဲ့ပါတယ္။ အဲဒီထဲက ႏွမ္းခါး႐ြာရဲ႕ ၄ မိုင္အကြာမွာ စစ္ေကာင္စီက တပ္စြဲထားတာေၾကာင့္ ႏွမ္းခါး႐ြာက သူေတြ ေနရပ္မျပန္ရဲၾကဘဲ အနီးအနားေဘးလြတ္ရာမွာ ပုန္းခိုေနၾကပါတယ္။ ပုန္းခိုေနၾကတဲ့ ဒုကၡသည္ အိမ္ေထာင္စု ၆၀၀ ေက်ာ္ေလာက္ရွိၿပီး အိမ္ေထာင္စုက၃၀၀ ေလာက္ အခု ေရေဘးႀကဳံေနၾကတာျဖစ္ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ထဲျဖစ္ေပၚတဲ့ ေလေပြလႈိင္းေတြေၾကာင့္ အခုလို ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသေတြအထိ မိုး႐ြာသြန္းေနတာဟာ ျဖစ္တယ္လို႔ မိုးဇလ တာဝန္ရွိသူတဦးကေျပာပါတယ္။ ေရေဘးလြတ္ေအာင္ မိုးေလဝသဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြကို နားစြင့္ထားဖို႔လည္း သူကအႀကံျပဳပါတယ္။

''ေခ်ာင္းေတြေျမာင္းေတြေရလ်ံတာက တကယ္တမ္း အညာဘက္ေတြက မိုးမ်ားရင္ ေတာင္ က်ေရ က်တာေပါ့ေလ။ ေတာင္က်ေရက်တယ္။ ေရႀကီးေရလ်ံတာ အဲ့ဘက္က ဆည္ေျမာင္းေတြက မ်ားေတာ့ ဆည္ေျမာင္းေတြက ေရေက်ာ္တာေတြေပါ့။ အခုဟာက မိုးဆက္တိုက္မ်ားလို႔ ေရႀကီးတာ။ မိုးတြင္းကာလလို ဧရာဝတီခ်င္းတြင္းေရႀကီးသလိုေတာ့မဟုတ္ဘူး။ မိုးဆက္ တိုက္႐ြာလို႔ႀကီးတာ။ အခုေတာ့လည္း တခ်ိဳ႕ေနရာေတြ ျပန္က်သြားၿပီ။ ဘာပဲေျပာေျပာ မိုးမ်ားႏိုင္တယ္ဆိုတဲ့ ေၾကညာခ်က္ေတြကလည္းရွိေတာ့ မိုးေလဝသ သတင္းေတြမွာလည္းေျပာေနတဲ့အခါက်ေတာ့ ဒါေလးေတြ ေနထိုင္လုပ္ကိုင္ရင္အဆင္ေျပမွာပါ။ အခုဟာ ေရႀကီးတာကိုေတာ့ တားလ္ု႔ေတာ့ မရဘူးေလ ႀကိဳတင္ျပင္ဆင္မႈအေနနဲ႔ ကာကြယ္လို႔ေတာ့ ရတာေပါ့။''

မိုး႐ြာသြန္းမႈေၾကာင့္ မေကြးၿမိဳ႕ေပၚက အနိမ့္ပိုင္းေတြမွာ ေရဝင္ေရာက္မႈရွိခဲ့ၿပီး မိုးသက္ေလျပင္း တိုက္ခတ္တာေၾကာင့္ သမိုင္းဝင္ စႏၵကူး နံ႔သာ ေက်ာင္းေတာ္ရာ ေစတီရဲ႕ စိန္ဖူးေတာ္ငွက္ျမတ္နားေတာ္နဲ႔ အရံေစတီေတြမွာ ထိခိုက္မႈ ရွိခဲ့ပါတယ္။ အခုရက္ပိုင္း မိုးဆက္တိုက္႐ြာသြန္းမႈေၾကာင့္ ပဲခူးတိုင္း၊ မေကြးတိုင္း၊ ရန္ကုန္တိုင္းနဲ႔ ဧရာဝတီတိုင္းတို႔မွာ ပ်က္စီးဆုံးရႈံးမႈတခ်ိဳ႕ ရွိခဲ့တယ္လို႔ ႏိုင္ငံပိုင္သတင္းစာေတြမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------

{{Unicode}}

မကွေးတိုင်းအတွင်း စစ်ပြေးဒုက္ခသည်တွေ ရာသီဥတုဒဏ်ကြုံ

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းထဲက နေရာအချို့မှာ ရက်ဆက် မိုးရွာသွန်းနေတာကြောင့် တိုက်ပွဲလွတ်ရာ ပုန်းခိုနေကြရသူတွေ ထပ်ပြီး ဒုက္ခတွေ့နေကြပါတယ်။ မြစ်သာမြစ်ဘေးမှာ ပုန်းခိုနေကြရတဲ့ နှမ်းခါးရွာက ဒုက္ခသည်တွေ မြစ်ရေတက်လာလို့ ရေဘေးလွတ်ရာ ထပ်ပြောင်းနေကြရသလို မိုးမိလို့ ဖျားနာသူတွေလည်း ရှိနေပါတယ်။ အဲဒီဘက်က မိုးကြီးနိုင်တယ်လို့ မိုးဇလက ပြောထားတဲ့ အခြေအနေတွေအကြောင်းရန်ကုန်ကလာတဲ့ သတင်းကိုကိုကျော်ကျော်သိန်းပြောပြပါမယ်။

အခုရက်ပိုင်း မကွေးတိုင်းထဲက နေရာအချို့မှာ မိုးကြီးနေတာကြောင့် စစ်ဘေးရှောင်နေရတဲ့ နှမ်းခါးဒေသခံတွေဟာ စစ်ဘေးအပြင် ရေဘေးပါ ကြုံနေရပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ စက်တင်ဘာမှာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်တပ်က နယ်မြေရှင်းလင်းပြီး ရွာပြင်နားမှာ တပ်စွဲထားတဲ့အတွက် နှမ်းခါးဒေသခံတွေ မြစ်သာမြစ်ဘေးမှာ ထွက်ပြေးပုန်းခိုနေကြရတာပါ။ အခုတော့ မိုးရက်ဆက်ရွာပြီး မြစ်ရေတက်လာတဲ့အတွက် နောက်ထပ် ဘေးလွတ်ရာ ပြောင်းနေကြရတယ်လို့ နှမ်းခါးဒေသခံ တဦးက အခုလိုပြောပြပါတယ်။

''အခုက စက်လှေတွေ လှေတွေနဲ့ ကဲ့နေရတယ်။ တချို့ကျတော့ရေမရောက်တဲ့တဲထဲ အကုန် စုနေကြရတယ်။ တချို့ကျ တဲအောက်ထဲ ရေရောက်နေတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေလည်း စစ်ဘေးရှောင်ထဲ တော်တော်ပေါနေတယ်။ ကျန်းမာရေးမကောင်းတဲ့သူ တော်တော် များတယ်။ ရာသီဥတုအကူးအပြောင်း သောက်ရေမသန့်မှုတွေကြောင့် အဖျားတွေတော်တော် ဝင်ကြတယ်။ သေဆုံးတာက ၂ ယောက်ရှိတယ်။ သူတို့အခု တောထဲတောင်ထဲမှာ ကျန်းမာရေးကြောင့် အသက်လည်းကြီးပြီဆိုတော့ ဖျားတဲ့ဒဏ်ကို မခံနိုင်တာ။ရေက တောင်ကျရေတွေသောက်နေရတော့ ရေမသန့်မှုတွေပါတယ်။''

အိမ်ထောင်စု ၁ ထောင်ကျော်ရှိတဲ့ နှမ်းခါးရွာကြီးမှာ စက်တင်ဘာ ၁၀ ရက်နဲ့ ၁၃ ရက်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက် ပွဲတွေဖြစ်ပြီး စစ်တပ်က နယ်မြေရှင်းလင်းစဉ် နေအိမ် ၄၀ ကျော် မီးလောင်ခဲ့ပါတယ်။ အဲဒီထဲက နှမ်းခါးရွာရဲ့ ၄ မိုင်အကွာမှာ စစ်ကောင်စီက တပ်စွဲထားတာကြောင့် နှမ်းခါးရွာက သူတွေ နေရပ်မပြန်ရဲကြဘဲ အနီးအနားဘေးလွတ်ရာမှာ ပုန်းခိုနေကြပါတယ်။ ပုန်းခိုနေကြတဲ့ ဒုက္ခသည် အိမ်ထောင်စု ၆၀၀ ကျော်လောက်ရှိပြီး အိမ်ထောင်စုက၃၀၀ လောက် အခု ရေဘေးကြုံနေကြတာဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ထဲဖြစ်ပေါ်တဲ့ လေပွေလှိုင်းတွေကြောင့် အခုလို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေအထိ မိုးရွာသွန်းနေတာဟာ ဖြစ်တယ်လို့ မိုးဇလ တာဝန်ရှိသူတဦးကပြောပါတယ်။ ရေဘေးလွတ်အောင် မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်တွေကို နားစွင့်ထားဖို့လည်း သူကအကြံပြုပါတယ်။

''ချောင်းတွေမြောင်းတွေရေလျံတာက တကယ်တမ်း အညာဘက်တွေက မိုးများရင် တောင် ကျရေ ကျတာပေါ့လေ။ တောင်ကျရေကျတယ်။ ရေကြီးရေလျံတာ အဲ့ဘက်က ဆည်မြောင်းတွေက များတော့ ဆည်မြောင်းတွေက ရေကျော်တာတွေပေါ့။ အခုဟာက မိုးဆက်တိုက်များလို့ ရေကြီးတာ။ မိုးတွင်းကာလလို ဧရာဝတီချင်းတွင်းရေကြီးသလိုတော့မဟုတ်ဘူး။ မိုးဆက် တိုက်ရွာလို့ကြီးတာ။ အခုတော့လည်း တချို့နေရာတွေ ပြန်ကျသွားပြီ။ ဘာပဲပြောပြော မိုးများနိုင်တယ်ဆိုတဲ့ ကြေညာချက်တွေကလည်းရှိတော့ မိုးလေဝသ သတင်းတွေမှာလည်းပြောနေတဲ့အခါကျတော့ ဒါလေးတွေ နေထိုင်လုပ်ကိုင်ရင်အဆင်ပြေမှာပါ။ အခုဟာ ရေကြီးတာကိုတော့ တားလ်ု့တော့ မရဘူးလေ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကာကွယ်လို့တော့ ရတာပေါ့။''

မိုးရွာသွန်းမှုကြောင့် မကွေးမြို့ပေါ်က အနိမ့်ပိုင်းတွေမှာ ရေဝင်ရောက်မှုရှိခဲ့ပြီး မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် သမိုင်းဝင် စန္ဒကူး နံ့သာ ကျောင်းတော်ရာ စေတီရဲ့ စိန်ဖူးတော်ငှက်မြတ်နားတော်နဲ့ အရံစေတီတွေမှာ ထိခိုက်မှု ရှိခဲ့ပါတယ်။ အခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ပျက်စီးဆုံးရှုံးမှုတချို့ ရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

#MyanmarIDPs #MyanmarWeather #MyanmarViolence #VOABurmese

#နှမ်းခါး#စစ်ဘေးရှောင်#တောင်ကျရေ#မိုးသည်းထန်#စစ်ကောင်စီ#မကွေး

=======

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG