သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဆာၿမိဳ႕နယ္တိုက္ပြဲ စစ္တပ္ကရဟတ္ယာဥ္သုံးတိုက္ခိုက္၊ ေဒသခံေတြထြက္ေျပးတိမ္းေရွာင္


ေဆာၿမိဳ႕ (ဓာတ္ပံု-ဝီကီပီဒီးယား)

{{Zawgyi/Unicode}}

မေကြးတိုင္း ေဆာၿမိဳ႕ထဲက ေက်း႐ြာေတြထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ကာကြယ္ေရးတပ္ေတြ တိုက္ပြဲ ျဖစ္ပြားေနၿပီး စစ္တပ္ဘက္က ေလေၾကာင္းကေန ရဟတ္ယာဥ္နဲ႔ တိုက္ခိုက္တာေတြ ျပဳလုပ္တဲ့အထိ ျပင္းထန္ ေနပါတယ္။ တိုက္ပြဲေၾကာင့္ ေဒသခံေတြ အမ်ားအျပား ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ဦးတင္ေမာင္သန္းက တင္ျပေပးထားပါတယ္။

မေကြးတိုင္း ေဆာၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာ ဒီကေန႔ ႏိုဝင္ဘာ ၁၉ ရက္ မနက္ပိုင္းကစၿပီး စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြ တိုက္ပြဲျဖစ္ပြားေနပါတယ္။ စစ္တပ္ဘက္က ေလယာဥ္ ၂ စီးသုံးၿပီး ေဝဟင္ကေနပါ ဗုံးႀကဲ တိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႕တာဝန္ရွိသူတဦးက အခုလိုေျပာပါတယ္။

“အခ်ိန္က ၉ နာရီ ၁၀ နာရီေလာက္က စျဖစ္တာ။ ေဆာၿမိဳ႕နယ္ က်င္းလိန္႐ြာနဲ႔ အနီးတဝိုက္ေပါ့။ က်င္းလိန္၊ အုတ္ဖို၊ ေတာမ အဲ့႐ြာသုံး႐ြာနားမွာ စျဖစ္တာေပါ့။ ဘယ္လိုစျဖစ္လဲဆိုေတာ့ သူတို႔က လက္ရွိ ေဆာနယ္ထဲမွာေပါ့။ ေဆာနယ္နဲ႔ ေပါက္နယ္အစပ္ေပါ့။ အဲ့ဒီမွာ သူတို႔က စစ္ေၾကာင္းေလးေၾကာင္းနဲ႔ထိုးတယ္။ အဲ့ထိုးလာတဲ့အခ်ိန္မွာ နယ္ေျမခံ PDF ေတြကေနၿပီး ခုခံစစ္ေပါ့ေနာ္။ နယ္ေျမထဲကို မလာေအာင္ ခုခံစစ္နဲ႔ ခုခံတဲ့ အခ်ိန္မွာ တိုက္ပြဲစျဖစ္တာေပါ့။ ေလေၾကာင္းတိုက္ခိုက္မႈက တစီးကို အႀကိမ္ေရ ၁၀ ခါ ၁၀ ခါေလာက္ ႀကဲတယ္။ ေလယာဥ္တစီးကိုေပါ့။ သူတို႔က ၂ စီးလာႀကဲတယ္။ ၃ စီးမွာ ၁ စီးကေတာ့ က်န္ေသးတယ္။ အခု သူတို႔က ေတာက္ေလွ်ာက္ႀကဲတာ။ ဗုံးနဲ႔ႀကဲတယ္။ အေပၚကေန စက္ေသနတ္ေတြနဲ႔ပစ္တယ္။ ေလယာဥ္ေပၚကေန ပစ္ခတ္မႈေတြ လုပ္ေပးတာေပါ့ေနာ္။ သူတို႔ဆီက ၂၀ ဝန္းက်င္ေလာက္ က်တဲ့အခါက်ေတာ့ သူတို႔က ရဟတ္ယာဥ္ စစ္ကူေခၚၿပီးေတာ့ ႀကဲတာေပါ့။ အဲ့မွာ သူတို႔က ေလယာဥ္စစ္ကူ ေခၚတဲ့အခ်ိန္မွာ PDF က တေယာက္က်တယ္။ တေယာက္က ဒဏ္ရာရတယ္။”

ထိခိုက္ေသဆုံးမႈနဲ႔ပတ္သက္လို႔ေတာ့ ဗြီအိုေအက သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးပါဘူး။စစ္ေကာင္ စီတပ္ေတြဟာ ေဆာနယ္နဲ႔ ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းက ေက်း႐ြာေတြကို နယ္ေျမရွင္းလင္းၿပီး နယ္ေျမစိုးမိုးမႈရဖို႔ လုပ္ေဆာင္ေနပုံရေၾကာင္း ေဒသခံ ကာကြယ္ေရးအဖြဲ႕ေတြက ယူဆေနပါတယ္။

တိုက္ပြဲေၾကာင့္ ေဆာၿမိဳ႕နဲ႔ ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းၾကားက ေက်း႐ြာေတာ္ေတာ္မ်ား ေဘးလြတ္ရာကို ထြက္ေျပး တိမ္းေရွာင္ေနရပါတယ္။

ဒုကၡသည္ေတြအေျခအေနနဲ႔ပတ္သက္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ထြက္ေျပးေနရတဲ့ ေဒသခံေတြလည္းရွိတယ္။ ထြက္ေျပးေနရတဲ့ ေဒသခံေတြက ဒီဘက္ကေတာ့ ေဆာၿမိဳ႕နယ္ထဲမွာဆို မန္းရွိတယ္။ ငွက္ႀကီးဦး ၊ ေက်ာက္လိပ္ရွိတယ္။ ၿပီးရင္ သံပရာ႐ြာ ၾကဴေတာ႐ြာရွိတယ္။ အထက္ဘက္ကဆိုရင္ က်င္းလိန္ရွိတယ္။ အုတ္ဖိုရွိတယ္။ သလယ္ ၿပီးေတာ့ ေတာမ႐ြာလည္းရွိတယ္။ သူတို႔က ႐ြာသူ႐ြာသားေတြက ေတာထဲေတြကိုပဲ ေျပးေနရတာ။ ေျပးေနရတဲ့ လူဦးေရေပါင္းဆိုရင္ ေထာင္ေက်ာ္မွာ ဦးတည္ခ်က္ အတိအက်မရွိဘူး။ ေဘးလြတ္ရာကို သူတို႔လြတ္မယ့္ ထင္မယ့္ေနရာ ေတာင္တန္းေတြေပၚေတြ သစ္ပင္ေတြေအာက္ေတြပဲ ေျပးေနရတာ။”

စစ္တပ္က နယ္ေျမရွင္းလင္းေရးလုပ္ေနတဲ့ တခ်ိဳ႕ေဒသေတြမွာ ေလေၾကာင္းကေနပါ တိုက္ခိုက္မႈေတြ လုပ္ေနတာပါ။ အခု ႏိုဝင္ဘာလထဲမွာပဲ စစ္ကိုင္းတိုင္း ကြၽန္းလွၿမိဳ႕ အေနာက္ဘက္က ေတာထဲမွာ ေဒသခံ ကာကြယ္ေရးစခန္းတခုကို စစ္ေကာင္စီက ဝင္ေရာက္စီးနင္းတိုက္ခိုက္ခဲ့ၿပီး ေလေၾကာင္းကေနပါ ပစ္ခတ္တာေတြ ျပဳလုပ္ခဲ့ပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္


===============

{{Unicode}}

ဆောမြို့နယ်တိုက်ပွဲ စစ်တပ်ကရဟတ်ယာဉ်သုံးတိုက်ခိုက်၊ ဒေသခံတွေထွက်ပြေးတိမ်းရှောင်

မကွေးတိုင်း ဆောမြို့ထဲက ကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ တိုက်ခိုက်တာတွေ ပြုလုပ်တဲ့အထိ ပြင်းထန် နေပါတယ်။ တိုက်ပွဲကြောင့် ဒေသခံတွေ အများအပြား ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

မကွေးတိုင်း ဆောမြို့နယ်ထဲက ကျေးရွာတွေမှာ ဒီကနေ့ နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။ စစ်တပ်ဘက်က လေယာဉ် ၂ စီးသုံးပြီး ဝေဟင်ကနေပါ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“အချိန်က ၉ နာရီ ၁၀ နာရီလောက်က စဖြစ်တာ။ ဆောမြို့နယ် ကျင်းလိန်ရွာနဲ့ အနီးတဝိုက်ပေါ့။ ကျင်းလိန်၊ အုတ်ဖို၊ တောမ အဲ့ရွာသုံးရွာနားမှာ စဖြစ်တာပေါ့။ ဘယ်လိုစဖြစ်လဲဆိုတော့ သူတို့က လက်ရှိ ဆောနယ်ထဲမှာပေါ့။ ဆောနယ်နဲ့ ပေါက်နယ်အစပ်ပေါ့။ အဲ့ဒီမှာ သူတို့က စစ်ကြောင်းလေးကြောင်းနဲ့ထိုးတယ်။ အဲ့ထိုးလာတဲ့အချိန်မှာ နယ်မြေခံ PDF တွေကနေပြီး ခုခံစစ်ပေါ့နော်။ နယ်မြေထဲကို မလာအောင် ခုခံစစ်နဲ့ ခုခံတဲ့ အချိန်မှာ တိုက်ပွဲစဖြစ်တာပေါ့။ လေကြောင်းတိုက်ခိုက်မှုက တစီးကို အကြိမ်ရေ ၁၀ ခါ ၁၀ ခါလောက် ကြဲတယ်။ လေယာဉ်တစီးကိုပေါ့။ သူတို့က ၂ စီးလာကြဲတယ်။ ၃ စီးမှာ ၁ စီးကတော့ ကျန်သေးတယ်။ အခု သူတို့က တောက်လျှောက်ကြဲတာ။ ဗုံးနဲ့ကြဲတယ်။ အပေါ်ကနေ စက်သေနတ်တွေနဲ့ပစ်တယ်။ လေယာဉ်ပေါ်ကနေ ပစ်ခတ်မှုတွေ လုပ်ပေးတာပေါ့နော်။ သူတို့ဆီက ၂၀ ဝန်းကျင်လောက် ကျတဲ့အခါကျတော့ သူတို့က ရဟတ်ယာဉ် စစ်ကူခေါ်ပြီးတော့ ကြဲတာပေါ့။ အဲ့မှာ သူတို့က လေယာဉ်စစ်ကူ ခေါ်တဲ့အချိန်မှာ PDF က တယောက်ကျတယ်။ တယောက်က ဒဏ်ရာရတယ်။”

ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့တော့ ဗွီအိုအေက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။စစ်ကောင် စီတပ်တွေဟာ ဆောနယ်နဲ့ ပေါက်မြို့နယ် တောင်ပိုင်းက ကျေးရွာတွေကို နယ်မြေရှင်းလင်းပြီး နယ်မြေစိုးမိုးမှုရဖို့ လုပ်ဆောင်နေပုံရကြောင်း ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ယူဆနေပါတယ်။

တိုက်ပွဲကြောင့် ဆောမြို့နဲ့ ပေါက်မြို့နယ် တောင်ပိုင်းကြားက ကျေးရွာတော်တော်များ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ဒုက္ခသည်တွေအခြေအနေနဲ့ပတ်သက်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ထွက်ပြေးနေရတဲ့ ဒေသခံတွေလည်းရှိတယ်။ ထွက်ပြေးနေရတဲ့ ဒေသခံတွေက ဒီဘက်ကတော့ ဆောမြို့နယ်ထဲမှာဆို မန်းရှိတယ်။ ငှက်ကြီးဦး ၊ ကျောက်လိပ်ရှိတယ်။ ပြီးရင် သံပရာရွာ ကြူတောရွာရှိတယ်။ အထက်ဘက်ကဆိုရင် ကျင်းလိန်ရှိတယ်။ အုတ်ဖိုရှိတယ်။ သလယ် ပြီးတော့ တောမရွာလည်းရှိတယ်။ သူတို့က ရွာသူရွာသားတွေက တောထဲတွေကိုပဲ ပြေးနေရတာ။ ပြေးနေရတဲ့ လူဦးရေပေါင်းဆိုရင် ထောင်ကျော်မှာ ဦးတည်ချက် အတိအကျမရှိဘူး။ ဘေးလွတ်ရာကို သူတို့လွတ်မယ့် ထင်မယ့်နေရာ တောင်တန်းတွေပေါ်တွေ သစ်ပင်တွေအောက်တွေပဲ ပြေးနေရတာ။”

စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ တချို့ဒေသတွေမှာ လေကြောင်းကနေပါ တိုက်ခိုက်မှုတွေ လုပ်နေတာပါ။ အခု နိုဝင်ဘာလထဲမှာပဲ စစ်ကိုင်းတိုင်း ကျွန်းလှမြို့ အနောက်ဘက်က တောထဲမှာ ဒေသခံ ကာကွယ်ရေးစခန်းတခုကို စစ်ကောင်စီက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လေကြောင်းကနေပါ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

#PDF#MilitaryCoup#ဆော#ယော#ပေါက်မြို့#စစ်ရဟတ်ယာဉ်သုံးတိုက်ခိုက်#ဗွီအိုအေ#မကွေးတိုင်း

===============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG