သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လႊတ္ေတာ္အလိုက္ သီးျခား ဥပေဒျပဳသင့္ေၾကာင္း စစ္ေကာင္စီအႀကီးအကဲေျပာ


Genearl Min Aung Hlaing at one year NCA

ျမန္မာႏိုင္ငံမွာ တိုင္းရင္းသားလူနည္းစုေတြရဲ႕ အခြင့္အေရးေတြကို ထည့္သြင္းစဥ္းစားတဲ့အေနနဲ႔ လႊတ္ေတာ္အလိုက္ သီးျခားဥပေဒျပဳခြင့္ေတြရွိေအာင္ ဥပေဒမ႑ိဳင္အတြင္းကေန ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္သင့္တဲ့အေၾကာင္း စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဒီေန႔ မိန႔္ခြန္းမွာ ေျပာဆိုပါတယ္။

တႏိုင္ငံလုံး အပစ္အခတ္ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထိုးခဲ့တာ (၇) ႏွစ္ျပည့္ အထိမ္းအမွတ္ အခမ္းအနားအတြက္ ဒီေန႔ ဗြီဒီယိုမိန႔္ခြန္း ေပးပို႔ရာမွာ အဲ့ဒီလို ေျပာသြားတာပါ။ တိုင္းရင္းသားကိုယ္စားျပဳမႈ အမ်ားစုရွိတဲ့ အမ်ိဳးသားလႊတ္ေတာ္ကေန အဆိုျပဳလိုက္တဲ့ ဥပေဒမူၾကမ္းေတြဟာ ျပည္သူ႔လႊတ္ေတာ္မွာ သေဘာထားကြဲလြဲမႈေတြ ရွိတတ္ၿပီး၊ ျပည္ေထာင္စုလႊတ္မွာ မဲခြဲဆုံးျဖတ္တဲ့အခါေတြမွာ အမ်ားစုျဖစ္တဲ့ ျပည္သူ႔လႊတ္ေတာ္က လႊမ္းမိုးအသာစီးရသြားတာေတြ ရွိတတ္တာေၾကာင့္ လႊတ္ေတာ္အလိုက္ သီးျခားဥပေဒျပဳခြင့္ေတြ ရွိသင့္တယ္။ ဒီအတြက္ ဖြဲ႔စည္းပုံကို ျပင္ဆင္ေရးဆြဲတာေတြ လုပ္သင့္တယ္လို႔ ေျပာပါတယ္။

တႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလ ၁၅ ရက္ေန႔က တိုင္းရင္းသား အဖြဲ႔ (၈) ဖြဲ႔နဲ႔ ျမန္မာအစိုးရအၾကား စတင္လက္မွတ္ေရးထိုးခဲ့ၿပီး ၂၀၁၈ ခုႏွစ္မွာ ေနာက္ထပ္ တိုင္ရင္းသား (၂) ဖြဲ႔ ထပ္မံပါဝင္ခဲ့တာ ျဖစ္ပါတယ္။

NCA ဟာ ျမန္မာႏိုင္ငံမွာ ျပည္တြင္းစစ္ကို ဦးတည္ေနတဲ့ လက္ရွိ အၾကမ္းဖက္ ပဋိပကၡေတြ ရပ္စဲၿပီး၊ ျပည္တြင္းၿငိမ္းခ်မ္းေရး ျပန္လည္အစပ်ိဳး တည္ေဆာက္ဖို႔ လမ္းစအျဖစ္ ယုံၾကည္တယ္လို႔ အပစ္ရပ္တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST ကလည္း မေန႔က ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

ဒါေပမဲ့ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအေျခအေန ေျပာင္းလဲမႈေတြနဲ႔ ေနာက္ဆက္တြဲ မတည္ၿငိမ္မႈေတြ၊ လက္နက္ကိုင္ တိုက္ပြဲေတြအပါအဝင္ ပဋိပကၡေတြ တေန႔တျခား ႀကီးထြားလာေနတာ ျဖစ္ပါတယ္။

=== Unicode ===

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ထည့်သွင်းစဉ်းစားတဲ့အနေနဲ့ လွှတ်တော်အလိုက် သီးခြားဥပဒေပြုခွင့်တွေရှိအောင် ဥပဒေမဏ္ဍိုင်အတွင်းကနေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သင့်တဲ့အကြောင်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ မိန့်ခွန်းမှာ ပြောဆိုပါတယ်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့တာ (၇) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအတွက် ဒီနေ့ ဗွီဒီယိုမိန့်ခွန်း ပေးပို့ရာမှာ အဲ့ဒီလို ပြောသွားတာပါ။ တိုင်းရင်းသားကိုယ်စားပြုမှု အများစုရှိတဲ့ အမျိုးသားလွှတ်တော်ကနေ အဆိုပြုလိုက်တဲ့ ဥပဒေမူကြမ်းတွေဟာ ပြည်သူ့လွှတ်တော်မှာ သဘောထားကွဲလွဲမှုတွေ ရှိတတ်ပြီး၊ ပြည်ထောင်စုလွှတ်မှာ မဲခွဲဆုံးဖြတ်တဲ့အခါတွေမှာ အများစုဖြစ်တဲ့ ပြည်သူ့လွှတ်တော်က လွှမ်းမိုးအသာစီးရသွားတာတွေ ရှိတတ်တာကြောင့် လွှတ်တော်အလိုက် သီးခြားဥပဒေပြုခွင့်တွေ ရှိသင့်တယ်။ ဒီအတွက် ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲတာတွေ လုပ်သင့်တယ်လို့ ပြောပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က တိုင်းရင်းသား အဖွဲ့ (၈) ဖွဲ့နဲ့ မြန်မာအစိုးရအကြား စတင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ နောက်ထပ် တိုင်ရင်းသား (၂) ဖွဲ့ ထပ်မံပါဝင်ခဲ့တာ ဖြစ်ပါတယ်။

NCA ဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကို ဦးတည်နေတဲ့ လက်ရှိ အကြမ်းဖက် ပဋိပက္ခတွေ ရပ်စဲပြီး၊ ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်အစပျိုး တည်ဆောက်ဖို့ လမ်းစအဖြစ် ယုံကြည်တယ်လို့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကလည်း မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွေနဲ့ နောက်ဆက်တွဲ မတည်ငြိမ်မှုတွေ၊ လက်နက်ကိုင် တိုက်ပွဲတွေအပါအဝင် ပဋိပက္ခတွေ တနေ့တခြား ကြီးထွားလာနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG