မလေးရှားနိုင်ငံက Proton ကားကုမ္ပဏီရဲ့ အကြံပေးပုဂ္ဂိုလ် မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေပါတယ်။
ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ရဲ့ဖိတ်ကြားချက်နဲ့ ရောက်နေတဲ့ မစ္စတာ မဟာသီယာ ဒီကနေ့ ကုန်သည်ကြီးများ ဟော်တယ်မှာလုပ်တဲ့ မြန်မာ မလေးရှား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကားတင်သွင်းခွင့် လိုင်စင်တွေ ထုတ်ပေးထားချိန် နိုင်ငံတကာက မော်တော်ကား ပြခန်းတွေဖွင့်ခွင့် ပေးထားချိန်မှာ မစ္စတာ မဟာသီယာ မြန်မာနိုင်ငံကို လာတာဟာ Proton ကားပြခန်း မြန်မာနိုင်ငံ လာဖွင့်ဖို့ကိစ္စ ဖြစ်နိုင်တယ်လို့ ကားလုပ်ငန်းလောကက ပြောပါတယ်။
ဒါအပြင် မလေးရှားနိုင်ငံက စားအုံးဆီ တင်သွင်းမှုနဲ့ ပါတ်သက်လို့လဲ ဆွေးနွေးကြဖို့ရှိတယ်လို့ ခန့်မှန်းရပါတယ်။
မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီဟာ မိုဟာမက်ဟာ မလေးရှားနိုင်ငံရဲ့ စီးပွားရေးကို တရှိန်ထိုး တိုက်တက်အောက် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
မလေးဝန်ကြီးချုပ်ဟောင်း မဟာသီယာ ရန်ကုန်ရောက်
