သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင် ညီလာခံအကြောင်း သိကောင်းစရာ


Members of the Edo Firemen Preservation Association perform Japanese traditional firefighting techniques during the New Year's fire brigades exercise in Tokyo.
Members of the Edo Firemen Preservation Association perform Japanese traditional firefighting techniques during the New Year's fire brigades exercise in Tokyo.

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ကိုဖိတ်ကြားထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖဲ့ွများ ညီလာခံကို KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ်၊ မိုင်ဂျာယန်မှာ ဒီကနေ့ July လ ၂၆ ရက်နေ့မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရကျင်းပဖို့ ပြင်ဆင်နေတဲ့ ၂၁ ရာစုပင်လုံညီလာခံမတိုင်ခင် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အားလုံးနီးပါး တက်ရောက်ကြမယ့် ဒီညီလာခံရဲ့ ထူးခြားချက်နဲ့ ညီလာခံမှာ အဓိကထား ဆွေး နွေးကြမယ့်ကိစ္စတွေကို မစုမြတ်မွန်က ရန်ကုန်ရုံးအယ်ဒီတာကိုသားညွန့်ဦးကို ဆက်သွယ်မေးထားပါတယ်။

မေး။ ။ ဒီကနေ့ကစပြီးတော့ မိုင်ဂျာယန်မှာ တိုင်းရင်းသားညီလာခံစတင်ပြီဆိုတော့ ဒီတခေါက် တိုင်းရင်းသားညီလာခံမှာ သူတို့ဆွေးနွေးမယ့်အကြောင်းအရာတွေက ဘာတွေလို့သိရပါလဲရှင့်။

ဖြေ။ ။ ကျနော်တို့ ရန်ကုန်ရုံးက သတင်းထောက် (၂)ယောက်ကတော့ ခုဆိုရင် မိုင်ဂျာယန်ညီလာခံလုပ်မယ့်နေရာကို ရောက်နေပါပြီ။ ဒါပေမယ့် ဖုန်းလိုင်းအဆက်အသွယ်က အခုအနေအထားမှာ လုပ်လို့မရဘူးဖြစ်နေပါတယ်။ သူတို့ဆီကရတဲ့ အချက်အလက်အရဆိုရင်တော့ ညီလာခံမှာ အဓိက အချက်လေးချက်ကို ဆွေးနွေးမယ်လို့သိရပါတယ်။ ပထမတချက်ကတော့ ပင်လုံဆိုတဲ့ အခြေခံအချက်အလက်ကို စာတမ်းတင်ပြီးဆွေးနွေးကြမှာပါ။ အဓိကကတော့ ပင်လုံနဲ့ပတ်သက်လို့ ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုလဲဆိုတဲ့ကိစ္စပါ။ ဘာလို့လဲဆိုတော့ အစိုးရက (၂၁)ပင်လုံညီလာခံခေါ်မယ်လို့ ပြောထားတာကြောင့်ပါ။ နံပါတ် (၂)အချက်ကတော့ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။ နံပါတ် (၃)က လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာ အချက်လက်တွေကို ဆွေးနွေးမှာဖြစ်ပြီးတော့ နံပါတ် (၄)ကတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မူဘောင်ဆိုင်ရာ အချက်အလက်တွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။ နံပါတ်လေးနဲ့ ပတ်သက်လို့ကတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မူဘောင်ဆိုင်ရာတွေက ပြန်ဆွေးနွေးမယ်ဆိုတဲ့ကိစ္စဟာ အခုလာမယ့် (၂၁)ပင်လုံညီလာခံအတွက် အရေးကြီးတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်ဆိုပြီး ဒီမတိုင်ခင်က တိုင်းရင်းသားတွေဘက်က ပြောထားတာလည်းရှိပါတယ်။

မေး။ ။ ကိုသားညွှန့်ဦးပြောသလိုပဲ မြန်မာအစိုးရက (၂၁)ရာစုပင်လုံညီလာခံကို ဒီသြဂုတ်လ မကုန်ခင်မှာ သူတို့ ကျင်းပဖို့ ပြင်ဆင်နေတယ်ပေါ့လေ။ အဲဒီမတိုင်ခင်မှာ အခုလိုမျိုး မိုင်ဂျာယန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ အားလုံးပါဝင်တဲ့ တိုင်းရင်းသားညီလာခံကျင်းပနေရတာ ဘယ်လောက်ထိ ထူးခြားတယ်လို့မြင်လို့ရပါလဲရှင့်။

ဖြေ။ ။ အတော်လေးထူးခြားတဲ့ညီလာခံပါ။ လက်ရှိ NLD အစိုးရအနေနဲ့က (၂၁)ရာစုပင်လုံညီလာခံကို လာမယ့် သြဂုတ်လအတွင်းမှာ ကျင်းပဖို့အတွက် ရည်ရွယ်ထားတာပါ။ ဒီမတိုင်ခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်တဲ့ အစည်းအဝေးတရပ်ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းက လေးမျိုးလေးစားရှိတယ်လို့ ပြောရမှာပါ။ ပထမတမျိုးကတော့ လက်ရှိ NCA တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို သဘောတူထားတဲ့ အဖွဲ့အစည်း (၈)ဖွဲ့ရှိပါတယ်။ နောက်တခုက NCA ကို လက်မှတ်မထိုးထားတဲ့အဖွဲ့ ဖြစ်တဲ့ UNFC ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့အစည်းရှိပါတယ်။ တတိယအမျိုးအစားကတော့ UNFC မှာလည်းမပါဘူး။ NCA မှာလည်း လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ ဝနဲ့ မိုင်လား အဖွဲ့ပါ။ တရုတ်နယ်စပ်အခြေစိုက်အဖွဲ့တွေပါ။ စတုတ္ထအမျိုးအစားကတော့ လက်ရှိတပ်မတော်ဘက် လုံးလုံးလက်မခံတဲ့ အနေအထားမျိုးဖြစ်နေတဲ့ အဖွဲ့ သုံးဖွဲ့ ကိုးကန့်၊ AA ရခိုင့်တပ်မတော်နဲ့ တအောင်းပလောင်တပ်ဖွဲ့ပါ။ ဆိုလိုတာက အခုမိုင်ဂျာယန်ညီလာခံက ဒီလေးမျိုးလေးစား တိုင်းရင်းသားအားလုံး ပါဝင်မယ့် အစည်းအဝေးလို့ ကျနော်တို့ သိရပါတယ်။ သူတို့ပြောတာကတော့ အဖွဲ့ (၂၁)ဖွဲ့ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဝနဲ့ မိုင်လား က တက်မတက်ဆိုတာ မသေချာသေးပါဘူး။ ကျန်တဲ့အဖွဲ့အစည်းတော်တော်များများကတော့ ရောက်နေပြီလို့ ကျနော်တို့ သတင်းထောက်တွေကတဆင့် သိရပါတယ်။

မေး။ ။ စောစောကပြောသွားသလိုပဲ ဒီကနေ့စတင်မယ့် မိုင်ဂျာယန်ညီလာခံမှာ သူတို့အဓိကဆွေးနွေးမယ့် ကိစ္စရပ်တွေထဲမှာ ပင်လုံဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို တိုင်းရင်းသားတွေ အဓိကဆွေးနွေးကြမှာဆိုတော့ NCA မှာလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရော၊ လက်မှတ်ရေးမထိုးထားတဲ့ အဖွဲ့တွေရော ပါတယ်ဆိုတော့ ဒီကိစ္စတွေကို ဆွေးနွေးတဲ့အခါမှာ သူတို့တွေကြားမှာ ဘယ်လောက်ထိ ပြေလည်မှု၊ အမြင်တူမှု၊ ညှိုနှိုင်းနိုင်မှုရမယ်လို့ရော ခန့်မှန်းလို့ရပါလဲရှင့်။

ဖြေ။ ။ ဒီအစည်းအဝေးက အရေးကြီးတယ်ဆိုတာက အားလုံးပါဝင်နေတယ်ဆိုတာ့ ဘယ်လောက်ထိ တညီတည်း အသံထွက်လာမလဲဆိုတာကတော့ အားလုံးစောင့်ကြည့်ရမယ့် အနေအထားပါ။ ဒီအပေါ်မှာ သံသယတွေလည်းရှိကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာလည်း ပုံစံမတူကြဘူး။ ရပ်တည်ချက်မတူကြဘူး။ အဲဒီလို အနေအထားမှာ တစုတည်းဘာအသံထွက်လာမလဲဆိုတဲ့ကိစ္စက အတော်လေးစဉ်းစားစရာတော့ ရှိပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး ဆွေးနွေးခြင်းအားဖြင့်တော့ တစုံတရာ ပင်လုံညီလာခံအတွက် အထောက်အကူဖြစ်မလား၊ အနှောင့်အယှက်ဖြစ်မလားဆိုတာ စိတ်ဝင်စားစရာအခြေအနေပါ။ တပ်မတော်ဘက်က ဒီမတိုင်ခင်မှာပြောထားပါတယ်။ မိုင်ဂျာယန်ညီလာခံကို သူတို့အနေနဲ့ သဘောမကျတဲ့ပုံစံပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မိုင်ဂျာယန်ညီလာခံက ထွက်လာမယ့် တောင်းဆိုချက်တွေကနေ ပင်လုံညီလာခံအတွက် သွားပြီး အနှောင့်အယှက် ဖြစ်မလားဆိုတဲ့ စိုးရိမ်ချက်မျိုး ရှိတာကိုလည်း ကျနော်သတိထားမိပါတယ်။

မေး။ ။ အဲဒီတပ်မတော်ကိစ္စ ပြောတဲ့အခါကျတော့ အခုလုပ်နေတဲ့ အစည်းအဝေးမှာ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တွေလည်း တော်တော်များများ လာကြတယ်။ နောက် အရပ်ဖက်အဖွဲ့အစည်းတွေ လဲ လေ့လာသူ တွေအနေနဲ့ တက်ရောက်ဖို့ဖိတ်ကြားထားတယ်လို့လည်း သိရတယ်။ နောက်တခါ သတင်းထောက်တွေလဲ အများကြီး ရောက်နေတဲ့အခါကျတော့ တိုင်းရင်းသားညီလာခံရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ ဘယ်လောက်ထိတင်းတင်းကျပ်ကျပ်လုပ်ထားသလဲ။

ဖြေ။ ။ ဒီညီလာခံမတိုင်ခင်အခြေအနေ အရင်ဆုံးပြောချင်ပါတယ်။ ဒီညီလာခံမတိုင်ခင်မှာ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ မိုင်ဂျာယန်နဲ့ပတ်သက်လို့ တပ်မတော်ဘက်က သဘောထားတွေ ပြောတဲ့အထဲမှာ အဓိက ဒီညီလာခံနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ အတတ်နိုင်ဆုံးအကူအညီပေးမယ်၊ ဒါပေမဲ့ ဒီညီလာခံဟာ လာမယ့် ပင်လုံညီလာခံအတွက် အနှောင့်အယှက်ဖြစ်မလားဆိုတဲ့ စိုးရိမ်ချက်မျိုး တပ်မတော်ဘက်မှာ ရှိတယ်။ ဒီတော့ တပ်မတော်ဘက်က သိပ်လိုလိုလားလားရှိပုံတော့မရဘူး။ ဒါပေမဲ့ အကူအညီပေးမယ်လို့ ကတိပေးခဲ့တာရှိပါတယ်။ ဒီအတိုင်းပဲ ကျနော်တို့ သိရသလောက်ဆိုရင်တော့ ကျနော်တို့ သတင်းထောက်တွေ မိုင်ဂျာယန်သွားတဲ့အခါမှာ ရဲလုံခြုံရေးက အစိုးရထိန်းချုပ်ရာနေရာထိ ယူပေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တပ်ဘက်ကတော့ တပ်စခန်းတွေဖြတ်ရတဲ့အခါကျတော့ တဘက်ကနေ သတင်းထောက်တွေရဲ့ အချက်အလက်အတိအကျတောင်းခံတယ်လို့ ကျနော်တို့ သိရတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကလည်း သူတို့ရဲ့လုံခြုံရေးကို မြှင့်ထားတယ်လို့ သိရပါတယ်။ မီဒီယာတွေနဲ့ပတ်သက်လို့ စည်းမျဉ်းစည်းကမ်းတချို့ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင် ညီလာခံအကြောင်း သိကောင်းစရာ
please wait

No media source currently available

0:00 0:05:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG