သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နယ်စပ်က အားပြင်းငလျင် လူအသေအပျောက်ရှိ


အီရန် ပါကစ္စတန်နယ်စပ်မှာ အားပြင်းတဲ့ ငလျင်လှုပ်ခတ်
အီရန် ပါကစ္စတန်နယ်စပ်မှာ အားပြင်းတဲ့ ငလျင်လှုပ်ခတ်
အီရန်နိုင်ငံ အရှေ့တောင်ပိုင်း၊ ပါကစ္စတန်နယ်စပ်နားမှာ အင်္ဂါနေ့က ပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ရပြီး၊ အများအပြား ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

အီရန်နိုင်ငံက Khash နဲ့ Saravan မြို့တွေနားမှာ ဗဟိုပြုပြီး၊ ပြင်းအား ၇ ဒဿမ ၈ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တယ်လို့ USGS အမေရိကန် ဘူမိဗေဒ စူးစမ်းရေးအဖွဲ့က ခန့်မှန်းပါတယ်။ အီရန်အစိုးရ သတင်းတွေမှာတော့ အီရန်စံတော်ချိန် ညနေ ၃ နာရီ ၁၄ မိနစ်မှာ ပြင်းအားအဆင့် ၇ ဒဿမ ၅ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ ကြေငြာခဲ့ ပါတယ်။

အီရန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ Baluchestan ခရိုင်ထဲက အိမ်အများအပြား ပြိုကျခဲ့တယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။ ပြိုကျခဲ့တဲ့ အိမ်တွေရဲ့ အပျက်အစီးပုံတွေ အောက်ကနေ အလောင်း ၅ လောင်း ပြန်ရခဲ့တယ်လို့လည်း ပြော ပါတယ်။

အီရန်အစိုးရသတင်းမှာတော့ Sistan နဲ့ Baluchestan ခရိုင်တွေမှာ သေဆုံးသူ ၄၀ လောက် ရှိတယ်လို့ ကနဦး သတင်းထုတ်ပြန်ထားပါတယ်။ ငလျင်ဗဟိုချက် နဲ့ဝေးကွာတဲ့ ပါကစ္စတန်နိုင်ငံ Quetta နဲ့ Karachi မြို့တွေမှာပါ ငလျင်ကြောင့် တုန်ခါမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ငလျင်လှုပ်ခတ်တာကို အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီအပြင် ပင်လယ်ကွေ့ဒေသ မှာရှိတဲ့ မြို့ကြီးအတော်များများမှာ ခံစားသိရှိခဲ့ရပါတယ်။
XS
SM
MD
LG