သုံးရလွယ်ကူစေသည့် Link များ

ဝါရှင်တန် နှင်းမုန်တိုင်း နယူးယောက်ခ်ဘက်ကို ရွေ့


အမေရိကန်ပြည်ထောင်စု အတ္တလန္တိတ်သမုဒ္ဒရာဘက်ခြမ်း အလယ်ပိုင်းဒေသမှာ ဆီးနှင်းနဲ့ မိုးတွေ ထူထူထပ်ထပ် ကျရောက်ခဲ့ပြီးနောက်၊ အဲ့ဒီ ဆောင်းရာသီအကုန် မုန်တိုင်းဟာ အခုတော့ အရှေ့ဘက်ကမ်းရိုးတန်းတလျှောက် နယူးယောက်ခ် နဲ့ နယူးအင်္ဂလန် ဘက်ကို ရွေ့လျားသွားပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ ကြီးမားတဲ့ နှင်းမုန်တိုင်းနဲ့ ယာဉ်အသွားအလာ အန္တရာယ်ကြီးမယ်ဆိုပြီး ခန့်မှန်းချက်နဲ့ ဖယ်ဒရယ်အစိုးရ ရုံးတွေ၊ ကျောင်းတွေကို ပိတ်ပစ်လိုက်ပါတယ်။

လေယာဉ်ခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းလိုက်ရပြီး၊ လျှပ်စစ်ဝန်ထမ်းတွေလည်း အဆင်သင့်အနေအထား စောင့်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း လေနဲ့ မြေပြင် အနွေးဓါတ်ကြောင့် ဝါရှင်တန်ဒီစီ ဆင်ခြေဖုံးအရပ်တွေမှာတော့ နှင်းနဲ့မိုးရောပြီး ကျဆင်းတာထက် ကြီးကြီးမားမား မပိုခဲ့ပါတယ်။

ဝါရှင်တန်ဒီစီအနီး မယ်ရီလန်းပြည်နယ် အနားတဝိုက်၊ ဗာဂျီးနီးယားပြည်နယ် တောင်ပေါ်ဒေသနဲ့ ပန်ဆာဗေးနီးယားပြည်နယ် အနောက်ဘက်ခြမ်း ဒေသမှာတော့ နှင်းထူထပ်မှု ပိုခဲ့ပါတယ်။
XS
SM
MD
LG