သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှင်းမုန်တိုင်းဒဏ် အမေရိကန်အရှေ့ပိုင်းတခွင် ခံရ


ဘော့စတွန်အရှေ့ပိုင်း နှင်းမုန်တိုင်းအခြေအနေ (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၅)
ဘော့စတွန်အရှေ့ပိုင်း နှင်းမုန်တိုင်းအခြေအနေ (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၅)

မြို့တော် ဝါရှင်တန်ဒီစီအပါအဝင် အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းပြည်နယ်အတော်များများမှာ ကြီးမားတဲ့ နှင်းမုန်တိုင်းတခုကြောင့် နှင်းထု ၅ လက်မကနေ ၁၁ လက်မအထိ ကျဆင်းဖွယ်ရှိနေတယ်လို့ အမေရိကန်အမျိုးသားမိုးလေဝသဌာနက သတိပေး ကြေညာနေပါတယ်။

နှင်းမုန်တိုင်းနဲ့အတူပဲ အခု ဖေဖေါ်ဝါရီလအလယ်ပိုင်းမှာ အမေရိကန်အရှေ့ခြမ်းဒေသ စံချိန်ချိုးအောင် အအေးဓါတ် လွန်ကဲနေပါတယ်။ မနေ့ တနင်္လာနေ့မှာ အအေးဆုံးနေရာကတော့ နယူးယောက်ပြည်နယ်တွင်းက Wathertown မြို့ဖြစ်ပြီး အဲဒီမှာတော့ ရေခဲမှတ်အောက် (- ၃၆.၆) ဒီဂရီ Celsius ဖြစ်ပြီး New Hampshire ပြည်နယ် Mount Washington မှာတော့ ရေခဲမှတ်အောက် (- ၃၇) ဒီဂရီ Celsius အထိ အအေးဓါတ် လွန်ကဲ့ခဲ့တာပါ။

မြို့တော် ဝါရှင်တန်ဒီစီမှာတော့ နှင်း ၁၁ လက်မကျော်အထိ ကျမယ်လို့ ခန့်မှန်းပြင်ဆင်ထားကြပါတယ်။ Boston မြို့မှာတော့ ဒီနှစ်အတွင်း နှင်းထု ၉၄ လက်မအထိ ကျဆင်းခဲ့ပြီး အခု ကြာသာပတေးနေ့ကျရင်တော့ နောက်ထပ် နှင်း ၇ လက်မ ထပ်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG