သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာကြီး ပူနွေးမှုကြောင့် ငှက်ဖျားရောဂါ အဖြစ်တိုးနိုင်


ဌက်ဖျားရောဂါ အစပျိုးဖြစ်တည်ပုံ။
ဌက်ဖျားရောဂါ အစပျိုးဖြစ်တည်ပုံ။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ငှက်ဖျားရောဂါ ဖြစ်လေ့ဖြစ်ထမရှိတဲ့ဒေသတွေ၊
နေရာတွေ အထိကို အသက်ဆုံးရှုံးနိုင်တဲ့ ဒီရောဂါဟာ
ပျံနှံ့ရောက်ရှိနိုင် တယ်လို့ ဗြိတိန်နဲ့ အမေရိကန် သုတေသီတွေက
ခန့်မှန်းလိုက်ပါတယ်၊ ရာသီဥတုပြောင်းလဲလာမှုကြောင့် ငှက်ဖျားရောဂါရဲ့
သက်ရောက်မှုတွေကို အငြင်းပွားစရာ မရှိလောက်အောင် အထောက်အထားတွေ တွေ့ရှိခဲ့ရတယ် လို့ နောက်ဆုံးထုတ် Science ဆေးသိပ္ပံဂျာနယ်ထဲမှာ သိပ္ပံပညာရှင်တွေက ရေးသားခဲ့ပါတယ်။

ကိုလံဘီယာနဲ့ အီသီယိုပီးယားနိုင်ငံတွေက ဥပမာပေးထားတာမှာ အဲဒီနိုင်ငံတွေမှာ ရာသီဥတု ပိုပြီး ပူနွေးတဲ့နှစ်တွေမှာ အေးတဲ့နှစ်တွေ ထက်ကို ငှက်ဖျားရောဂါ ပိုပြီးဖြစ်ပွားကြတာကို တွေ့ရှိရတယ်လို့ ပြောပါတယ်၊ တကယ်လို့သာ ကမ္ဘာကြီး ဆက်ပြီး ပူနွေးနေမယ်ဆိုရင် အပူပိုင်းဒေသတွေမှာ
နေထိုင်ကြတဲ့လူတွေအနေနဲ့ ကြိုတင်ကာကွယ်မှု မရှိဘူးဆိုရင် ငှက်ဖျားရောဂါ
ပိုပြီး ဖြစ်ပွားနိုင်ခြေများတယ်လို့ ပညာရှင်တွေက ခန့်မှန်းပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ မှတ်တမ်းတွေအရ ကမ္ဘာပေါ်မှာ
ငှက်ဖျားရောဂါကြောင့် တနှစ်ကို သေဆုံးသူ ၆ သိန်းကျော်ရှိပြီး အများဆုံးက
အာဖရိကတိုက်မှာ ဖြစ်ပါတယ်၊ အဓိက ခြင်ကြောင့် ငှက်ဖျားရောဂါ
ပျံ့နှံ့ဖြစ်ပွားတာဖြစ်လို့ ခြင်ဆေး၊ ခြင်ထောင်အပြင် ဆေးဝါးတွေနဲ့
ရောဂါကို ကြိုတင်ကာကွယ်နိုင်ကြပါတယ်။
XS
SM
MD
LG