သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငှက်ဖျားကုထုံး ပြောင်းဖို့ တိုက်တွန်း


ငှက်ဖျားကုထုံး ပြောင်းဖို့ တိုက်တွန်း

နိုင်ငံတကာ ဆေးဝါးကူညီရေးအဖွဲ့တခုက ပြင်းထန်တဲ့ငှက်ဖျားရောဂါ အမျိုးအစားတွေကို ကုလသမှုပေးရာမှာ အပြောင်းအလဲတွေ လုပ်ဖို့လိုနေပြီ၊ ဒါမှသာ နှစ်စဉ် ထောင်သောင်းချီ သေနေရတဲ့ ကလေးတွေရဲ့အသက်ကို ကယ်တင်နိုင်မှာပါလို့ ဆိုလိုက်ပါတယ်။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့က မနေ့က အစီရင်ခံစာတခု ထုတ်ပြန်ရာမှာ အရင် ထုံးစံအရ ငှက်ဖျားတိုက်ဖျက်ရေးဆေး အဖြစ် သုံးလာခဲ့တဲ့ ကွီနင်း (quinine) ဆေးဟာ artesunate လို့ခေါ်တဲ့ဆေးကို ပြောင်းသုံးဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီ artesunate ဆေးဟာ ပိုလုံခြုံမှုရှိပြီး သောက်ရတာပိုလွယ်တယ်လို့လည်း ဆရာဝန်များအဖွဲ့က ဆိုပါတယ်။ ဒီအဖွဲ့ကပဲ အခုလို ပြောင်းသုံးမယ်ဆိုရင် တနှစ်ကို အသက်ပေါင်း ၂ သိန်းနီးပါးအထိ ကယ်တင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အခုလို ပြောင်းသုံးနိုင်ဖို့ကတော့ နိုင်ငံတကာ အကူအညီပေးရေး အလှူရှင်တွေအနေနဲ့ ငွေကြေးထောက်ပံ့ပေးဖို့ လိုတယ်လို့လည်း ဒီအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ဒီဆေးနဲ့ ပြင်းထန်တဲ့ငှက်ဖျားရောဂါတွေ အားလုံးကို တမ္ဘာလုံးမှာကုသရင် ပုံမှန်ထက် အမေရိကန်ဒေါ်လာ ၄၉ သန်း ပိုမိုကုန်ကျမှာ ဖြစ်တယ်လို့လည်း ဒီအဖွဲ့က ပြောပါတယ်။

XS
SM
MD
LG