သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်း ညီညွတ်ရေး မလာဝီသမ္မတသစ် တောင်းဆို

မလာဝီနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး သမ္မတ ဂျိုက်စ် ဘန်ဒါ (Joyce Banda) ဟာ နိုင်ငံသားတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ညီညွတ်မှုရှိကြဖို့ ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရှောင်တခင် ကွယ်လွန်သွားခဲ့တဲ့ သမ္မတကြီး Bingu wa Mutharika ရဲ့ ဝမ်းနည်းပူဆွေးမှု ကာလာမှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ မစ္စ ဘန်ဒါ ဟာ စနေနေ့မှာ ပထမဦးဆုံး မလာဝီနိုင်ငံရဲ့ အမျိုးသမီး သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ကမ္ဘာကျော် Forbes မဂ္ဂဇင်းထဲမှာ ကမ္ဘာ့ တတိယမြောက် အာဏာအရှိဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မစ္စ ဘန်ဒါ ဟာ ဒီသမ္မတ ကျမ်းကျိန်ပွဲ မိန့်ခွန်း ပြောဆိုရာမှာ တိုင်းပြည်အတွက် ညီညီညွတ်ညွတ် ရှိကြဖို့ တောင်းဆိုလိုက်ပြီး ကလဲစားချေမှုတွေလုပ်ဖို့ အချိန်မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

This item is part of
XS
SM
MD
LG