သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘော်နီယိုပဋိပက္ခ ဖိလစ်ပိုင်လက်နက်ကိုင် ၁၃ ယောက်သေ


မလေးရှားရဲတွေက လူနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်လာစဉ် (၆ မတ် ၂၀၁၃)
မလေးရှားရဲတွေက လူနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်လာစဉ် (၆ မတ် ၂၀၁၃)
မလေးရှားနိုင်ငံတောင်ပိုင်းက ဒေသတခုကို ပိုင်ဆိုင်တယ်ဆိုပြီး ဆယ်စုနှစ်ပေါင်းများစွာ ပြောလာခဲ့တဲ့ ဖိလစ်ပိုင်လက်နက် ကိုင်အဖွဲ့တဖွဲ့ရဲ့ တစိတ်တပိုင်းလို့ ယူဆကြတဲ့ လက်နက်ကိုင် ၁၃ ယောက်ထက် မနည်းကို မလေးရှားတပ်ဖွဲ့တွေက သုတ်သင် လိုက်ပါတယ်။

ဘော်နီယိုကျွန်းက ဝေးလံခေါင်ဖျားတဲ့ဒေသမှာ လက်နက်ကိုင်တွေကို မလေးရှားတပ်ဖွဲ့တွေက ဆက်ပြီး ရှာနေတယ်လို့ မလေး ရှားကာကွယ်ရေးဝန်ကြီး ဇဟစ် ဟာမီဒီ (Zahid Hamidi) က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ နောက် ထပ် သေဆုံး ဒဏ်ရာ ရတာတွေ ရှိလာနိုင်သေးတယ်လို့ သူက သတိပေးထားပါတယ်။

မလေးရှားစစ်တပ်က အင်္ဂါနေ့မှာ လေကြောင်းကနေ တိုက်ခိုက်ပြီး အဲ့ဒီဒေသကနေ လက်နက်ကိုင်တွေ ကို မောင်းထုတ်ဖို့ ရာပေါင်းများ စွာသော စစ်သားတွေကို လွှတ်ခဲ့ပြီးတဲ့နောက် ခန့်မှန်းခြေ လက်နက် ကိုင် ၂၀၀ လောက်ထဲက အများစုဟာ ပတ်ဝန်းကျင်က ယာတောတွေဆီ ထွက်ပြေးသွားကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မလေးရှားစစ်တပ်က အဲ့ဒီလူတွေကို နယ်မြေတိုးချဲ့ပြီး ရှာဖွေနေတယ်လို့ မလေးရှားရဲချုပ် အစ္စမေးလ် အိုမာ (Ismail Omar) က ပြောပါတယ်။

ဖေဖော်ဝါရီလလယ်ပိုင်းမှာ လက်နက်ကိုင် ၂၀၀ လောက်က ပင်လယ်ကမ်းစပ် ရွာတရွာကို ဝင်စီးပြီး မလေးရှားအရှေ့ပိုင်းက ဆာဘားပြည်နယ်ကို ဘိုးဘွားအစဉ်အဆက် ပိုင်ဆိုင်သူတွေအဖြစ် သူတို့ကို အသိအမှတ်ပြုပေးရမယ်လို့ တောင်းဆိုခဲ့ချိန်က စပြီး အခု ပဋိပက္ခစဖြစ်ခဲ့တာပါ။
XS
SM
MD
LG