သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးလေယာဉ် အစိတ်အပိုင်းဖြစ်နိုင်တဲ့ အပိုင်းအစရာကျော် ဂြိုဟ်တုကတွေ့ရှိ


မတ်လ ၈ ရက်နေ့က ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှားလေယာဉ်နဲ့ ပတ်သက်ပြီး အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ဂြိုဟ်တုဓာတ်ပုံတွေထဲမှာ အိန္ဒိယသမုဒ္ဒရာထဲ တွေ့ရတဲ့ အပိုင်းအစ ၁၂၂ ခုဟာ ဒီလေယာဉ်ကဖြစ်နိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒီအပိုင်းအစတွေကို ပြင်သစ်ဂြိုဟ်တုက မတ်လ ၂၃ ရက်နေ့က ရိုက်ယူခဲ့တဲ့ပုံတွေရှိရာ နေရာမှာ တွေ့ခဲ့ရတာဖြစ်ကြောင်း မလေးရှား ကာကွယ်ရေး ဝန်ကြီး ဟီရှာမူဒင် ဟူစိန် က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ အခုလို တွေ့ရတဲ့နေရာဟာ သြစတြေးလျနိုင်ငံ Perth မြို့ကနေ မိုင် ၁၅၀၀ ကျော် အကွာလောက်မှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အခုလို အစအနတွေ တွေ့ရှိခဲ့ပေမဲ့ ပျောက်ဆုံးလေယာဉ်ရဲ့ အပိုင်းအစတွေ ဟုတ် မဟုတ် ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုအတွက်တော့ အချက်လက်အသစ်တွေ ရလာစေတယ်လို့ ဆိုပါတယ်။

အခု တွေ့ရှိခဲ့တဲ့ နေရာနဲ့ မနီးမဝေးမှာလည်း တရုတ်နဲ့ သြစတြေးလျ ကောင်းကင်ဂြိုဟ်တုတွေက ဓာတ်ပုံတွေ ရိုက်ယူခဲ့ပြီး သူတို့ရဲ့ပုံတွေမှာလည်း လေယာဉ်ပျောက်ကလို့ ယူဆရတဲ့ ပိုင်းအစတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။
XS
SM
MD
LG