သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ကူညီရေး မလေးရှားသင်္ဘော ရန်ကုန်ဆိပ်ကမ်းဆိုက်ရောက်


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်ရာ ဒေသအတွက် မလေးရှား လူမှုရေးအသင်းအဖွဲ့တွေရဲ့ စားနပ်ရိက္ခာတွေကို သယ်ဆောင်လာတဲ့ သင်္ဘောဟာ ရန်ကုန်ဆိပ်ကမ်းကို ဦးတည်ခုတ်မောင်းနေပြီဖြစ်ကြောင်း မလေးရှားနိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့က မလေးနိုင်ငံကနေ စတင်ထွက်လာခဲ့တဲ့ - မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာတင်သင်္ဘော Nautical Aliya ကို - မြန်မာရေတပ် စစ်သင်္ဘောတစင်းက စောင့်ရှောက်ပြီး - ရန်ကုန်ဆိပ်ကမ်းကို ခေါ်ဆောင်သွားတယ်လို့လည်း ဆိုပါတယ်။ ဒေသစံတော်ချိန် ကြာသပတေးနေ့ ဖေဖော်ဝါရီလ ၉ ရက် ဒီကနေ့မှာ ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ရောက်လာမယ့် ဒီသင်္ဘောကို မြန်မာစစ်သင်္ဘောက စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် - ဦးဆောင် ခုတ်မောင်းသွားခဲ့တာလို့လည်း မလေးရှားသတင်းတွေက ဖော်ပြပါတယ်။

Nautical Aliya သင်္ဘော ဘေးအန္တရာယ် ကင်းကင်းရှင်းရှင်း ခုတ်မောင်းနိုင်အောင် မြန်မာသင်္ဘောက စောင့်ရှောက်မှာ ဖြစ်ကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီး Datuk Seri Hishammuddin Hussein က အသိပေး အကြောင်းကြားထားတယ်လို့လည်း - မလေးရှား လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့ရဲ့ခေါင်းဆောင် Datuk Seri Abdul Azeez Abdul Rahim က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ပေးတဲ့ မြန်မာအစိုးရကို ကျေးဇူးတင်စကား ပြောကြားလိုကြောင်းလည်း သတင်းက ဖော်ပြထားပါတယ်။

စားနပ်ရိက္ခာတင် သင်္ဘောပေါ်မှာတော့ အစားအသောက်၊ ဆေးဝါး၊ နေ့စဉ်သုံးပစ္စည်း၊ အဝတ်အစားနဲ့ စောင် အပါအဝင် လူသုံးပစ္စည်း တန်ချိန် ၂၃၀၀ သယ်ဆောင်လာပြီး၊ ရန်ကုန်ဆိပ်ကမ်းနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆိပ်ကမ်းတွေကို ကပ်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံက စေတနာ့ဝန်ထမ်းတွေထဲမှာတော့ - ဆေးပညာရှင်တွေ၊ ပညာရေးကဏ္ဍက ကျွမ်းကျင်သူတွေ၊ မလေးရှားနဲ့ နိုင်ငံတကာ သတင်းထောက်တွေအပြင် မလေးရှားနဲ့ နိုင်ငံတကာ NGOs အဖွဲ့တွေက ကိုယ်စားလှယ်တွေလည်း လိုက်ပါလာကြပါတယ်။

မလေးရှားအကူအညီသင်္ဘော ရန်ကုန်ကို ဆိုက်ရောက်မည်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG