သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ မီးခိုးမြူကြောင့် လေထု ညစ်ညမ်းမှု ဆိုးရွားနေ


အင်ဒိုနီးရှားတောမီးကြောင့် မလေးရှာနိုင်ငံကို မီးခိုးမြူတွေ တလကျော် ဖုံးလွှမ်းနေတဲ့ကြားမှာ နိုင်ငံတကာ အမြင့်ခုန်မျှော်စင်ပေါ်က ခုန်ချပြတဲ့ အမြင့်ခုန်သမားတစ်ဦးကိုတွေ့ရစဉ်။ (အောက်တိုဘာ ၂၊ ၂၀၁၅)
အင်ဒိုနီးရှားတောမီးကြောင့် မလေးရှာနိုင်ငံကို မီးခိုးမြူတွေ တလကျော် ဖုံးလွှမ်းနေတဲ့ကြားမှာ နိုင်ငံတကာ အမြင့်ခုန်မျှော်စင်ပေါ်က ခုန်ချပြတဲ့ အမြင့်ခုန်သမားတစ်ဦးကိုတွေ့ရစဉ်။ (အောက်တိုဘာ ၂၊ ၂၀၁၅)

မလေးရှားနိုင်ငံမှာ လာမယ့်တနင်္လာနဲ့ အင်္ဂါနေ့တွေမှာမီးခိုးမြူဆိုင်းပြီး လေထုညစ်ညမ်းမှုအခြေအနေ ဆက်ပြီး ဆိုးရွားနေမှာဖြစ်လို့ အစိုးရကျောင်းတွေကို ပိတ်ထားရမှာ ဖြစ်ပါတယ်။

မလေးရှားမြို့တော် Kuala Lumpur မှာ ဒီနေ့တနင်္ဂနွေနေ့မှာဆိုရင် လေထုညစ်ညမ်းမှုအခြေအနေ အဆိုးဆုံးအဆင့်ကို ရောက်ရှိနေပါတယ်။ လေထု ညစ်ညမ်းမှုအညွန်းကိန်း ၂၈၃ အထိရောက်နေပြီး မှတ်တမ်းတွေအရ လေထုညစ်ညမ်းမှု အဆိုးဆုံး အနေအထားမှာရှိနေလို့ ကျန်းမာရေးအတွက် အထိခိုက်နိုင်ဆုံး အခြေအနေဖြစ်နေတယ်လို့ သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

လေထုညစ်ညမ်းမှုကြောင့် နှစ်ပတ်လည် မာရသွန်ပြေးပွဲကို ဖျက်သိမ်းရမယ့်အခြေအနေကို ရောက်နေတဲ့အတွက် အပြေးသမားတွေရော ပြိုင်ပွဲကြည့်ဖို့ အားခဲထားတဲ့ပရိသတ်တွေပါ စိတ်ပျက်နေကြပါတယ်။

Indonesia နိုင်ငံ Sumatra နဲ့ Kalimantan ဒေသတွေက တောမီးလောင်မှုတွေကနေစခဲ့တဲ့ ဒီမီးခိုးမြူတွေက မလေးရှားနိုင်ငံတခုလုံးကို ထိခိုက်နေတာ အချိန်တလကျော်ရှိနေပြီဖြစ်ပါတယ်။

XS
SM
MD
LG