သုံးရလွယ်ကူစေသည့် Link များ

ဒီနှစ်ထဲ လူရာနဲ့ချီ သေဆုံးခဲ့တဲ့အထိ လေယာဉ် ၂ စင်း မတော်တဆမှုနဲ့ ကြုံခဲ့ရပြီးတဲ့နောက် ပြဿနာတွေ ပေါ်နေတဲ့ မလေးရှားလေကြောင်းလိုင်းကို ဒေါ်လာ ၄၃၆ သန်းပေးပြီး နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းက ဝယ်ယူမှာ ဖြစ်တဲ့ အကြောင်း ကြေညာလိုက်ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာပဲ စတော့ဈေးကွက်မှာ မလေးရှားလေကြောင်းလိုင်းရဲ့ အစုရှယ်ယာ အရောင်းအ၀ယ်တွေ ဆိုင်းငံ့ ထားလိုက်ပြီးနောက် အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဖြစ်တဲ့ Khazanah Nasional က လေကြောင်းလိုင်းကို ပြန်လည် ဖွဲ့စည်းမွမ်းမံမယ့် အစီအစဉ်ကို ကြေညာခဲ့တာပါ။

အစုရှယ်ယာ ၆၉% ပိုင်ဆိုင်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကတော့ မလေးရှားလေကြောင်းလိုင်းရဲ့ လုပ်ငန်းတွေ တခုလုံးကို ပြန်လည် ဖွဲ့စည်း ပြင်ဆင်မယ့် အစီအစဉ်ရဲ့ ပထမခြေလှမ်းအဖြစ်နဲ့ အစုရှယ်ယာတွေကို ထပ်ဝယ်ခဲ့တာလို့ ပြောပါတယ်။ လေကြောင်းလုပ်ငန်း ကျွမ်းကျင်သူတွေကတော့ မလေးရှား လေကြောင်းလိုင်းဟာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေနဲ့ လုပ်ငန်းလည်ပတ်မှုတွေကို အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတယ်လို့ သုံးသပ်နေကြတာပါ။

အချိန်အတော်ကြာ ဘဏ္ဍာရေး ပြဿနာတွေနဲ့ ကြုံနေရတဲ့ မလေးရှားလေကြောင်းလိုင်း ဟာ ဒီနှစ်ထဲမှာပဲ မတော်တဆမှု ၂ ခုနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ မတ်လမှာတုန်း ကတော့ လူပေါင်း ၂၃၉ ယောက် လိုက်ပါသွားတဲ့ မလေးရှားလေယာဉ်အမှတ် ၃၇၀ ဟာ အိန္ဒိယ သမုဒ္ဒရာပေါ်မှာ ပျောက်ဆုံးခဲ့ပြီး ဒီကနေ့အထိ ပြန်ရှာမတွေ့ပဲ ဖြစ်ခဲ့ တာပါ။

ပြီးခဲ့တဲ့လထဲမှာ တုန်းကလည်း မလေးရှားလေယာဉ် နောက်တစင်းဟာ ရုရှားလိုလားသူ သူပုန်တွေ ထိန်းချုပ်ရာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ဖြတ်သန်း ပျံသန်းစဉ် ပစ်ချခံခဲ့ရတဲ့အတွက် လူပေါင်း ၂၉၈ ယောက် အထိ သေဆုံးသွားခဲ့ ပါတယ်။

XS
SM
MD
LG