သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံသား ၁၆ဝ ေက်ာ္ မေလးရွားက ျပန္ပို႔


ျမန္မာႏိုင္ငံသား ၁၆ဝ ေက်ာ္ မေလးရွားက ျပန္ပို႔

{{Zawgyi/Unicode}}
ကုိဗစ္ကပ္ေဘးကာလ မေလးရွားႏိုင္ငံမွာေရာက္ေနၾကတဲ့ ျမန္မာႏုိင္ငံသား ေနာက္ထပ္ အေယာက္ ၁၆ဝ ေက်ာ္ကုိ ဒီဇင္ဘာလ ၂၃ရက္ေန့က ေနရပ္ျပန္ပုိ႔ရာမွာ ထိန္းသိမ္းေရးစခန္းေတြထဲက လြတ္ရက္ေစ့အက်ဥ္းသား ၄ဝေက်ာ္ပါဝင္တဲ့အေၾကာင္း မေအးေအးမာ က ေျပာျပေပးပါလိမ့္မယ္။

ကုိဗစ္ကပ္ရာဂါကာလ မေလးရွားႏုိင္ငံမွာ ေသာင္တင္ေနသူေတြနဲ႔ ထိန္းသိမ္းခံထားရသူ ျမန္မာႏုိင္ငံသားေတြကုိ သံ႐ုံးအစီအစဥ္နဲ႔ ေနရပ္ျပန္ပုိ႔ေနရာမွာ ေနာက္ထပ္အေယာက္ ၁၆ဝ ေက်ာ္ေနရပ္ျပန္ပုိ႔ခဲ့တာပါ။ ဗုဒဟူးေန့က ျပန္ခြင့္ရသူေတြထဲမွာေတာ့ လူ၀င္မႈႀကီးၾကပ္ေရးစခန္းေတြမွာ ထိန္းသိမ္းခံခဲ့ရသူေတြလည္း ပါဝင္ခဲ့ေၾကာင္း မေလးရွားႏုိင္ငံအေျခစုိက္ ျမန္မာလူမူကူညီေရးအသင္းဥကၠဌ ဦးစန္းဝင္းက ေျပာပါတယ္။

ျမန္မာႏိုင္ငံသား ၁၆၀ ေက်ာ္ မေလးရွားက ျပန္ပို႔
ျမန္မာႏိုင္ငံသား ၁၆၀ ေက်ာ္ မေလးရွားက ျပန္ပို႔

"မေလးရွားႏို္င္ငံကုိအေႀကာင္းအမ်ိဳးမ်ိဳးေႀကာင့္ေရာက္ရွိလာျပီး အေထာက္အထားမဲ့ ဖမ္းဆီးထိမ္းသိမ္းခံရတဲ့ျမန္မာႏိုင္ငံသား ၄၃ ေယာက္ပါတယ္။ အားလံုးအမ်ိဳးသားေတြပဲ။ ျပီးခဲ့တဲ့ ၈ လ ေလာက္က မေလးရွားႏိုင္ငံကုိ တရားမ၀င္လမ္းေႀကာင္းကေန ဝင္ေရာက္လာျပီးဖမ္းဆီးထိမ္းသိမ္းခံရတာလို့ေျပာျပပါတယ္ ။ ၅ ေယာက္ေလာက္က တႏွစ္ေလာက္ႀကာတယ္။ က်န္တဲ့ သူေတြက ၈ လ ရ လ ၆ လ ႀကာေနခဲ့ရတယ္လို့ ဖမ္းဆီးခံရသူေတြကေျပာျပပါတယ္ ။ သူတုိ့ေတြဟာ မေလးရွားႏိုင္ငံကို ကိုဗစ္ကာလမွာတရားမဝင္တဲ့နည္းနဲ့၀င္ေရာက္လာႀကလို့ ဖမ္းဆီးခံရတဲ့သူေတြျဖစ္တယ္ဆိုတာသူတို့ေျပာျပႀကပါတယ္"။

သူတို့ေတြဟာထုိင္းမေလးနယ္စပ္ကေန ခိုးဝင္ႀကသူေတြျဖစ္ျပီး ကုိဗစ္အေရးေပၚကာလ ေအာ္ပေရာစီစစ္ဆင္ေရးေတြနဲ့ဖမ္းဆီးခံရသူေတြျဖစ္ႀကပါတယ္။

အက်ဥ္းစခန္းကေန ေနရပ္ျပန္သူေတြကိုေတာ့ မေလးရွားႏို္င္ငံကျမန္မာပရဟိတအဖဲြ ့အစည္းေတြနဲ့ ေစတနာရွင္ေတြက အစားအေသာက္နဲ့ အဝတ္အစားေတြ အေႏြးထည္ေတြနဲ့ ဖိနပ္ေတြကုိ လွဴဒါန္းေပးခဲ့ပါတယ္။

ကပ္ေရာဂါကာလမွာ ထိန္းသိမ္းေရးစခန္း ၁၃ ခုက ျမန္မာတေထာင္ေက်ာ္ကို ႏိုဝင္ဘာလထဲမွာ ေနရပ္ျပန္ပုိ့ခဲ့ျပီး အခုေနာက္ထပ္လည္း ဒီဇင္ဘာလထဲမွာ လြတ္ရက္ေစ့သူေတြကုိ ျပန္လႊတ္ေပးေနတာပါ။

ခန့္မွန္းေျခ ျမန္မာႏုိင္ငံသား ၅ သိန္းခဲြေလာက္အလုပ္လုပ္ကုိင္ေနတဲ့မေလးရွားမွာ ကုိဗစ္ကပ္ေရာဂါကာလအတြင္း စားဝတ္ေနေရးနဲ႔ အလုပ္အကုိင္အခက္အခဲေတြေႀကာင့့့္ ေနရပ္ျပန္ဖုိ့ ျမန္မာသံရံုးမွာ စာရင္းေပးသြင္းထားသူ တေသာင္းေက်ာ္ရွိေနပါတယ္။ ဒီလူေတြကုိ ကယ္ဆယ္ေရးေလယာဥ္ေတြနဲ့ က်န္းမာေရးမေကာင္းသူေတြကို ဦးစားေပးျပီးေနရပ္ျပန္ပုိ့ေနတာပါ။ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ေလးရာေက်ာ္နဲ႔ ကူးစက္သူ တသိန္းနီးပါးရွိေနတဲ့ မေလးရွားႏုိင္ငံမွာ ေနာက္ထပ္ကူးစက္မႈေတြ တုိးလာေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံသားေတြ ေနရပ္ျပန္ေနၾကတာလည္း ျဖစ္ပါတယ္။

..................................

မန္မာႏိုင္ငံသား ၁၆ဝ ေက်ာ္ မေလးရွားက ျပန္ပို႔
please wait

No media source currently available

0:00 0:02:26 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကိုဗစ်ကပ်ဘေးကာလ မလေးရှားနိုင်ငံမှာရောက်နေကြတဲ့ မြန်မာနိုင်ငံသား နောက်ထပ် အယောက် ၁၆၀ ကျော်ကို ဒီဇင်ဘာလ ၂၃ရက်နေ့က နေရပ်ပြန်ပို့ရာမှာ ထိမ်းသိမ်းရေးစခန်းတွေထဲက လွတ်ရက်စေ့အကျဉ်းသား ၄၀ကျော်ပါဝင်တဲ့အကြောင်း မအေးအေးမာ က ပြောပြပေးပါလိမ့်မယ်။

ကိုဗစ်ကပ်ရာဂါကာလ မလေးရှားနိုင်ငံမှာ သောင်တင်နေသူတွေနဲ့ ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့နေရာမှာ နောက်ထပ်အယောက် ၁၆၀ ကျော်နေရပ်ပြန်ပို့ခဲ့တာပါ။ ဗုဒဟူးနေ့က ပြန်ခွင့်ရသူတွေထဲမှာတော့ လူဝင်မှုကြီးကြပ်ရေးစခန်းတွေမှာ ထိန်းသိမ်းခံခဲ့ရသူတွေလည်း ပါဝင်ခဲ့ကြောင်း မလေးရှားနိုင်ငံအခြေစိုက် မြန်မာလူမူကူညီရေးအသင်းဥက္ကဌ ဦးစန်းဝင်းက ပြောပါတယ်။

"မလေးရှားနိုင်ငံကိုအကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိလာပြီး အထောက်အထားမဲ့ ဖမ်းဆီးထိမ်းသိမ်းခံရတဲ့မြန်မာနိုင်ငံသား ၄၃ ယောက်ပါတယ်။ အားလုံးအမျိုးသားတွေပဲ။ ပြီးခဲ့တဲ့ ၈ လ လောက်က မလေးရှားနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာပြီးဖမ်းဆီးထိမ်းသိမ်းခံရတာလို့ပြောပြပါတယ် ။ ၅ ယောက်လောက်က တနှစ်လောက်ကြာတယ်။ ကျန်တဲ့ သူတွေက ၈ လ ရ လ ၆ လ ကြာနေခဲ့ရတယ်လို့ ဖမ်းဆီးခံရသူတွေကပြောပြပါတယ် ။ သူတို့တွေဟာ မလေးရှားနိုင်ငံကို ကိုဗစ်ကာလမှာတရားမဝင်တဲ့နည်းနဲ့ဝင်ရောက်လာကြလို့ ဖမ်းဆီးခံရတဲ့သူတွေဖြစ်တယ်ဆိုတာသူတို့ပြောပြကြပါတယ်"။

သူတို့တွေဟာထိုင်းမလေးနယ်စပ်ကနေ ခိုးဝင်ကြသူတွေဖြစ်ပြီး ကိုဗစ်အရေးပေါ်ကာလ အော်ပရောစီစစ်ဆင်ရေးတွေနဲ့ဖမ်းဆီးခံရသူတွေဖြစ်ကြပါတယ်။

အကျဉ်းစခန်းကနေ နေရပ်ပြန်သူတွေကိုတော့ မလေးရှားနိုင်ငံကမြန်မာပရဟိတအဖွဲ့အစည်းတွေနဲ့ စေတနာရှင်တွေက အစားအသောက်နဲ့ အဝတ်အစားတွေ အနွေးထည်တွေနဲ့ ဖိနပ်တွေကို လှူဒါန်းပေးခဲ့ပါတယ်။

ကပ်ရောဂါကာလမှာ ထိမ်းသိမ်းရေးစခန်း ၁၃ ခုက မြန်မာတထောင်ကျော်ကို နိုဝင်ဘာလထဲမှာ နေရပ်ပြန်ပို့ခဲ့ပြီး အခုနောက်ထပ်လည်း ဒီဇင်ဘာလထဲမှာ လွတ်ရက်စေ့သူတွေကို ပြန်လွှတ်ပေးနေတာပါ။

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅ သိန်းခွဲလောက်အလုပ်လုပ်ကိုင်နေတဲ့မလေးရှားမှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း စားဝတ်နေရေးနဲ့ အလုပ်အကိုင်အခက်အခဲတွေကြောင့် နေရပ်ပြန်ဖို့ မြန်မာသံရုံးမှာ စာရင်းပေးသွင်းထားသူ တသောင်းကျော်ရှိနေပါတယ်။ ဒီလူတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို ဦးစားပေးပြီးနေရပ်ပြန်ပို့နေတာပါ။ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ လေးရာကျော်နဲ့ ကူးစက်သူ တသိန်းနီးပါးရှိနေတဲ့ မလေးရှားနိုင်ငံမှာ နောက်ထပ်ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်နေကြတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG