သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှုနဲ့ ထိုင်း ၄ ယောက်ကို မလေးရှားတရားစွဲ

လူမှောင်ခိုဂိုဏ်းက မြှုပ်နှံထားတဲ့ အလောင်းတွေကို လွန်ခဲ့တဲ့ ၈ နှစ်က တွေ့ခဲ့တာပါ။ (ဇွန်၊ ၂၀၁၅)
လူမှောင်ခိုဂိုဏ်းက မြှုပ်နှံထားတဲ့ အလောင်းတွေကို လွန်ခဲ့တဲ့ ၈ နှစ်က တွေ့ခဲ့တာပါ။ (ဇွန်၊ ၂၀၁၅)

၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေရှ့်ကလို့ ယူဆရသူတွေလူကုန်ကူးမှုနဲ့ ထိုင်း နိုင်ငံသား လေးဦးကို မလေးရှားနိုင်ငံမှာ တရားစွဲဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံ နယ်ခြားက Wang Kelian ဆိုတဲ့ရွာမှာ လူမှောင်ခိုဂိုဏ်းတွေ စတည်းချနေရာ ၂ ဒါဇင်ကျော်နဲ့ အလောင်း ၁၃၉ လောင်းကို မြှုပ်နှံထားတဲ့ နေရာတွေကို လွန်ခဲ့တဲ့ ၈ နှစ်က တွေ့ခဲ့တာပါ။

လူကုန်ကူးခံရသူတွေဟာ ရိုဟင်ဂျာမွတ်ဆလင်တွေ ဖြစ်ပုံရပါတယ်။ အဲဒီလို တွေ့ရှိခဲ့ချိန်ကစပြီး မလေးရှားအစိုးရက လူမှောင်ခိုဂိုဏ်းတွေကို စုံစမ်းအရေးယူမှုတွေ လုပ်ခဲ့ပါတယ်။ မလေးရှားက အလိုရှိသူ ထိုင်းနိုင်ငံသား ၁၀ ယောက်ကို လွှဲပြောင်းပေးဖို့ ၂၀၁၇ ခုနှစ်က တောင်းဆိုခဲ့တဲ့ထဲက အခုတရားစွဲလိုက်တဲ့ ၄ ယောက်ကို ထိုင်းအစိုးရက လွှဲပြောင်းပေးခဲ့တယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး Saifuddin Nasution က ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။

လူကုန်ကူးမှုဥပဒေတွေနဲ့ တရားစွဲခံရသူ ၄ ယောက်ကို ဒီနေ့ Perlis ပြည်နယ်တရားရုံးမှာ လုံခြုံရေး အထူအထပ်နဲ့ ဒီနေ့ရုံးထုတ်ပါတယ်။ ပြစ်မှုထင်ရှားတယ်ဆိုရင် ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ချခံရနိုင်တယ်လို့ မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်း မလေးရှား နယ်စပ် တောတောင်တွေဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ အဓိက ဖြတ်သန်းတဲ့ ထွက်ပေါက်တခုအဖြစ် နှစ်ပေါင်းများစွာကတည်းက သုံးလာတဲ့နေရာ ဖြစ်ပါတယ်။ မွတ်ဆလင်အများစု နေထိုင်တဲ့ တိုင်းပြည်ဖြစ်ပြီး စီးပွားရေး အဆင်ပြေတဲ့ နိုင်ငံဖြစ်တာကြောင့်လည်း ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း လူကုန်ကူးသူတွေက ရေလမ်း၊ ကုန်လမ်းတွေကို သုံးပြီး ရိုဟင်ဂျာ မွတ်ဆလင်တွေကို မလေးရှားနိုင်ငံထဲ ခေါ်လာလေ့ ရှိပါတယ်။

လူကုန်ကူးမှုနဲ့ ထိုင်း ၄ ယောက်ကို မလေးရှားတရားစွဲ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG