သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလက္ကာ ရေလက်ကြား ဆိပ်ကမ်းသစ် တည်ဆောက်ရေး တရုတ်-မလေး ဆွေးနွေး


စကာၤပူ ဆိပ်ကမ်းမှာ ကုန်ချနေတဲ့ ကုန်တင်သဘောၤ။ မေလ ၂၅ ရက် ၂၀၀၄။
စကာၤပူ ဆိပ်ကမ်းမှာ ကုန်ချနေတဲ့ ကုန်တင်သဘောၤ။ မေလ ၂၅ ရက် ၂၀၀၄။

မလေးရှားနဲ့ တရုတ် နှစ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်ပိုင်း တွေဟာ လာမယ့် ရက်တွေ အတွင်း တွေ့ဆုံပြီး မလက္ကာ ရေလက်ကြား တလျှောက် ဆိပ်ကမ်းသစ် ၃ ခု တည်ဆောက်ရေး စီမံချက်ဆိုင်ရာ အဆိုပြုချက် တွေနဲ့ မလေးရှားမှာ ပြဿနာ ဖြစ်နေတဲ့ 1MDB လို့ခေါ်တဲ့ မလေးရှား ဖွံ့ဖြိုးရေးဘဏ်နဲ့ ဆက်စပ်နေတဲ့ Bandar Malaysia စီမံကိန်း အတွက်လည်း ဆွေးနွေးကြမှာပါ။

တရုတ်နိုင်ငံ လူထုလုံခြုံရေး ဝန်ကြီး Guo Shengkun ဦးဆောင်တဲ့ အဆင့်မြင့် အရာရှိ ၃၅ ဦးပါ တရုတ်ကိုယ်စားလှယ် အဖွဲ့ဟာ မနက်ဖြန်မှာ မလေးရှား ဒုတိယ ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေး ဝန်ကြီး Ahmad Zahid Hamidi တို့နဲ့ တွေ့ဆုံဖို့ရှိပြီး မလက္ကာGateway ဆိပ်ကမ်းနဲ့ Selangor ပြည်နယ်၊ Carey ကျွန်းပေါ်က နောက်ထပ် ဆိပ်ကမ်းတခုတို့ အတွက် လိုအပ်တဲ့ ငွေကြေး ကိစ္စတွေနဲ့ အပြီးသတ် နိုင်မယ့် အချိန်ကို ညှိနှိုင်း ဆွေးနွေးကြဖို့ ရှိပါတယ်။

နောက် ဆိပ်ကမ်းကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ မစ္စတာ Datuk Seri Zahid ရဲ့ ဘေဂျင်း ခရီးစဉ် အတွင်း နှစ်နိုင်ငံ အစိုးရတို့ ကြား ပထမဆုံး အစပျိုး ဆွေးနွေးခဲ့တဲ့ Perak ပြည်နယ်၊ Bagan Datoh မြို့မှာရှိတဲ့စွမ်းအင် ထုတ်လုပ်မှု ဖွံ့ဖြိုးရေး စီမံချက် ဆိပ်ကမ်း ဖြစ်ပါတယ်။

Bagan Datoh က စွမ်းအင် ဆိပ်ကမ်းဟာ မစ္စတာ Zahid ရဲ့ လွှတ်တော် မဲဆန္ဒနယ်မှာ ဖြစ်ပြီးမလေးရှား ကျွန်းဆွယ်နဲ့ တောင်တရုတ် ပင်လယ်ကို မျက်နှာမူနေတဲ့ Kelantan ပြည်နယ် အရှေ့ဖျားက ဆိပ်ကမ်းမြို့Bachok တို့ကို ဖြတ်သန်းမယ့် ရေနံပိုက်လိုင်း တခု ဖောက်လုပ်ဖို့ ဖြစ်ပါတယ်။ခန့်မှန်းခြေ အားဖြင့် အမေရိကန် ဒေါ်လာ ၉.၇ ဘီလီယံ ကုန်ကျနိုင်ကြောင်း အစိုးရ သတင်းရင်းမြစ် တွေက ပြောပါတယ်။

ဒီဆိပ်ကမ်း တွေနဲ့ ပိုက်လိုင်း စီမံကိန်းတွေဟာ နှစ်နိုင်ငံရဲ့အပြန်အလှန် လုံခြုံရေး ဆိုင်ရာ အကျိုးစီးပွား တွေနဲ့ ဆက်စပ်နေတာကြောင့် မစ္စတာ Guo နဲ့ မစ္စတာ Zahid တို့က ဦးဆောင်ပြီး တွေ့ဆုံ ဆွေးနွေးကြမယ့် အကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန အဆင့်မြင့် အရာရှိတဦးက The Straits Times သတင်းစာကို အတည်ပြုပါတယ်။

မလေးရှား ဘဏ္ဍာရေး ဝန်ကြီးဌာန အကြီးအကဲ တဦး ဦးဆောင်တဲ့အဖွဲ့ကလည်း ဒီသီတင်းပတ် နှောင်းပိုင်းမှာ တရုတ်နိုင်ငံကို သွားရောက်ပြီး 1MDB စီမံကိန်းနဲ့ ဆက်စပ်တဲ့ အလားအလာ ရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

မလက္ကာ ရေလက်ကြား ဆိပ်ကမ်းသစ် တည်ဆောက်ရေး တရုတ်-မလေး ဆွေးနွေး
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG