ပျောက်နေတဲ့ မလေးရှား လေကြောင်းလိုင်းနဲ့ ပတ်သက်လို့ တိုးတက်မှု နှေးကွေးနေတဲ့အပေါ် စိတ်မရှည်နိုင် ဖြစ်နေကြတဲ့ တရုတ်ခရီးသည်တွေရဲ့ မိသားစုတွေက နေ့စဉ် သတင်းစာရှင်းပွဲမှာ မလေးရှား တာဝန်ရှိသူတွေကို အော်ဟစ် ရန်တွေ့ခဲ့ကြပါတယ်။
ပူဆွေးနေကြတဲ့ မိသားစုတွေက သတင်းစာ ရှင်းလင်းပွဲလုပ်မယ့် အခန်းထဲကို အော်ဟစ် အတင်း ဝင်ရောက်လာခဲ့ကြတာပါ။ အမှန်ကို ပြောပါလို့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားကြတဲ့ မိသားစုတွေက မတ်လ ၈ ရက်နေ့ထဲက ပျောက်ဆုံးနေတဲ့ လေယာဉ် ဘာဖြစ်သွားသလဲဆိုတာ အမှန်ပြောပါလို့ အော်ဟစ် တောင်းဆိုခဲ့ကြပါတယ်။
အမျိုးသမီးတယောက်ကဆိုရင် မလေးရှားလေကြောင်းလိုင်း တာဝန်ရှိသူတယောက်ကို တိုက်ရိုက် ရန်တွေ့ခဲ့ပါတယ်။ ခရီးသည်ပေါင်း ၂၂၇ ယောက်ပါသွားတဲ့ မလေးရှား လေကြောင်းလိုင်း လေယာဉ်ပေါ်မှာ ၃ ပုံ ၂ ပုံက တရုတ်လူမျိုးတွေ ဖြစ်ကြပါတယ်။
မိသားစုအများစုက မလေးရှားအစိုးရဟာ ရှုတ်ထွေးစရာ တနေ့နဲ့တနေ့ မတူတဲ့သတင်းတွေကို ထုတ်ပြန်နေတယ်လို့ဆိုပြီး အမျက်ထွက်နေကြတာ ဖြစ်ပါတယ်။ တချို့ဆိုရင် အစာငတ်ခံ ဆန္ဒပြမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အော်ဟစ်နေကြတဲ့ တရုတ်မိသားစုဝင်တွေကို မလေးရှားလုံခြုံရေးတွေက အခန်းထဲကနေ အတင်း ဆွဲထုတ်ခဲ့ပြီး၊ မဝင်နိုင်အောင် တားဆီး ပိတ်ဆို့ခဲ့ကြပါတယ်။
နိုင်ငံတကာနဲ့ ပြည်တွင်း သတင်းထောက် အများအပြား ရှိနေချိန်မှာ ဖြစ်တဲ့ ဒီဖြစ်ရပ်တခုလုံးကို သတင်းထောက်တွေက မှတ်တမ်း တင်ထားကြပါတယ်။ သတင်းစာရှင်းလင်းပွဲ စတင်တဲ့အခါမှာတော့ မလေးရှား ကာကွယ်ရေး ဝန်ကြီးလည်းဖြစ်၊ သယ်ယူပို့ဆောင်ရေး ဝန်ကြီးလည်းဖြစ်တဲ့ Hishammuddin Hussein က လေယာဉ်ပျံကို ရှာတွေ့နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။
မိသားစုတွေဘက်က စိတ်ခံစားချက်တွေ ပြင်းထန်နေတာကို သူ့အနေနဲ့ နားလည်ပါတယ်လို့လည်း နိုင်ငံစုံပါတဲ့ ရှာဖွေရေးကို ဦးဆောင်လုပ်နေတဲ့ ဝန်ကြီး ဟူစိန်က ပြောပါတယ်။ ရှာဖွေရေးနဲ့ ပတ်သက်လို့ ပိုပြီး အသေးစိတ် ကျကျ ရှင်းပြနိုင်ဖို့ အဆင့်မြင့်ကိုယ်စားလှယ် နောက်တဖွဲ့ကို ဘေဂျင်းကို စေလွှတ် မယ်လို့လည်း သူက ပြောပါတယ်။