သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက လှေစီးပြေး ၄၀၀ ကျော် မလေးရှားထိန်းသိမ်း


မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို သွားရောက်မယ့် လှေစီးပြေး ရိုဟင်ဂျာ မူဆလင်များ ကို တွေ့ရစဉ်။ (နိုဝင်ဘာလ ၇၊ ၂၀၁၂)
မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို သွားရောက်မယ့် လှေစီးပြေး ရိုဟင်ဂျာ မူဆလင်များ ကို တွေ့ရစဉ်။ (နိုဝင်ဘာလ ၇၊ ၂၀၁၂)
မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို တရားမဝင်ရောက်ရှိလာပြီး ခိုလုံခွင့် လျှောက်ထားသူ
၄၅၀ ခန့်ကို ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း မလေးရှား ရဲတပ်ဖွဲ့ကပြောပါတယ်။ သစ်သား နဲ့ ဆောက်လုပ်ထားတဲ့ လှေကြီးတစီးနဲ့ သတင်း ၂ ပတ်ကြာ ခရီးနှင်လာခဲ့တဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ မလေးရှားနိုင်ငံမြောက်ပိုင်း လန်ကာဝီကျွန်းကို တနင်္ဂနွေနေ့မှာ ဆိုက်ရောက်လာခဲ့တာဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

အခုလိုရောက်ရှိလာတဲ့ လူစုကြီးကို နိုင်ငံမှာ နေထိုင်ဖို့ ခွင့်ပြုမယ် မပြုဘူးဆိုတာကိုတော့ သူ့အနေနဲ့ မသိကြောင်း ရဲအရာရှိကပြောပါတယ်။ အမှုနဲ့ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုပြုလုပ်နေချိန် ကာလ တလျှောက်မှာတော့ ခိုလုံခွင့် လျှောက်ထားသူတွေကို ထိန်းသိမ်းရေးစခန်းမှာ ထားရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူနည်းစုလူမျိုးနွယ်အဖြစ် သပ်မှတ်ခြင်း မရှိပါဘူး။ မြန်မာနိုင်ငံသား တော်တော်များများ က သူတို့တတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကနေ တရားမဝင် ဝင်ရောက်လာသူတွေလို့ သတ်မှတ်ထားကြပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း မြန်မာနိုင်ငံအနောက်ဖက်ခြမ်းမှာ နေထိုင်ကြတဲ့ ဗုဒ္ဓဘာသာ
ရခိုင်လူမျိုးတွေနဲ့ မွတ်ဆလင်တွေ အကြား တင်းမာမှုတွေဖြစ်ပွားခဲ့ပြီး၊
လူတွေ သေဆုံးခဲ့ရတဲ့အထိ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၂ ရာနီးပါး သေဆုံးခဲ့ရပြီး လူပေါင်း ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ ထွက်ပြေး တိမ်းရှောင် နေခဲ့ကြရပါတယ်။
XS
SM
MD
LG