သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရွေးကောက်ပွဲ နောက်ဆုံးပြင်ဆင်


မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် (လယ်) ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေစဉ်။ (ဧပြီလ ၂၈ ရက်၊ ၂၀၁၃)။
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် (လယ်) ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေစဉ်။ (ဧပြီလ ၂၈ ရက်၊ ၂၀၁၃)။
မလေးရှားမှာ တနင်္ဂနွေနေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် စနေနေ့ကတော့ မလေးရှားနိုင်ငံရေးသမားတွေ နောက်ဆုံးပိတ် ကြိုးစား မဲဆွယ်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲ ကျင်းပရေးလုပ်သားတွေကလည်း မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင် သန်းပေါင်းများစွာအတွက် မဲရုံတွေကို အဆင်သင့်ဖြစ်အောင် နာရီပေါင်းများစွာ ပြင်ဆင်နေခဲ့ကြတာပါ။

ဝန်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak) ရဲ့ အာဏာရညွှန့်ပေါင်းအဖွဲ့နဲ့ ဒုဝန်ကြီးချုပ်ဟောင်း အန်နဝါ အီဘရာဟင် (Anwar Ibrahim) တို့ကြားမှာ သူမသာကိုယ်မသာ အနေအထားရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

လွှတ်တော်နေရာ ၂၂၂ နေရာနဲ့ ပြည်နယ်အမတ် ၁၂ နေရာအတွက် မဲဆန္ဒရှင်တွေ မဲပေးရွေးချယ်ကြတာဖြစ်ပါတယ်။
XS
SM
MD
LG