သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရေကြီးမှု အခြေအနေဆိုး


မလေးရှားရေဘေးဒုက္ခသည်တွေအတွက် ပေးပို့မယ့် စားနပ်ရိက္ခများ။ (ဒီဇင်ဘာ ၂၇၊ ၂၀၁၄)
မလေးရှားရေဘေးဒုက္ခသည်တွေအတွက် ပေးပို့မယ့် စားနပ်ရိက္ခများ။ (ဒီဇင်ဘာ ၂၇၊ ၂၀၁၄)

ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ရေကြီးမှုဒဏ်ကိုခံရတဲ့ ထောင်နဲ့ချီတဲ့သူတွေကို မလေးရှား ကယ်ဆယ်ရေးသမားတွေက လိုက်လံ ကယ်ဆယ်နေပါတယ်။ အနည်းဆုံး ပြည်နယ် ၈ ခုအတွင်း အခုလိုရေကြီးခဲ့တာကြောင့် စနေနေ့အထိ လူပေါင်း ၁၆၀,၀၀၀ ကျော် ဟာ အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

Hawaiian မှာ အပန်းဖြေခရီးထွက်နေတဲ့ မလေးရှားဝန်ကြီးချုပ် Najib Razak သူ့ခရီးစဉ်ကို မပြီးခင် ဖျက်သိမ်းခဲ့ရပြီး နိုင်ငံရဲ့အဆိုးရွားဆုံး ရေကြီးမှုကို ဖြေရှင်းဖို့ မလေးရှားနိုင်ငံကို ပြန်လာပြီး ရေကြီးမှုဒဏ်အကြီးအကျယ်ခံရတဲ့ Kelantan ဒေသကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ရေကြီးမှုဒဏ်ကိုခံရတဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့ ရန်ပုံငွေ ဒေါ်လာ ၁၄၅ သန်း ကူညီမယ်လို့ မစ္စတာ နာဂျစ်က ကြေညာခဲ့ပြီး ဒီငွေတွေကိုတော့အမျိုးသားလုံခြုံရေး ကောင်စီက စီမံခန့်ခွဲမှာပါ။ အရင်က ကူညီမယ်လို့ ပြောထားတဲ့ ငွေပမာဏအပြင် အခုလို အပိုထပ်ဆောင်းပေးတာပါ။

အမေရိကန်သမ္မတ Barack Obama နဲ့ Hawaii မှာ Mr. Najib ဂေါက်ရိုက်ကစားနေတဲ့ပုံတွေ Facebook မှာ တင်ခဲ့ပြီးနောက် သူဟာ အကြီးအကျယ် ဝေဖန်ခံခဲ့ရပါတယ်။ ရေကြီးနေတဲ့ မလေးရှားကို အမြန်ပြန်လာဖို့ကိုလည်း မလေးရှားနိုင်ငံသားတွေဟာ Facebook ကနေတဆင့် သူ့ကို ရေးသား တိုက်တွန်းခဲ့ပါတယ်။

မိုးလေဝသပညာရှင်တွေကလည်း နောက်ရက်တွေအထိ မိုးသည်းထန်စွာ ဆက်ရွာသွန်းမှာဖြစ်ပြီးတောင်ပိုင်းဒေသတွေကိုလည်း သက်ရောက်နိုင်မှာဖြစ်တယ်လို့ သတိပေးထားပါတယ်။ မလေးရှားနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ရေကြီးမှုတွေ ကြုံနေရပါတယ်။

XS
SM
MD
LG