သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးဒုက္ခသည် ကူညီရေး မလေးရှားကြိုးပမ်း


မလေးရှားနိုင်ငံမှာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးဝါးဆုံးလို့စံတင်ရမယ့် ရေကြီးမှုဒဏ်ခံနေရတဲ့ ထောင်နဲ့ချီတဲ့ဒေသခံတွေဆီ လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ဆေးပစ္စည်းတွေ အရောက်ပေးပို့နိုင်ဖို့ ကယ်ဆယ်ရေးလုပ်သားတွေ ခက်ခက်ခဲခဲ ကြိုးပမ်းနေကြရပါတယ်။

မလေးရှားနိုင်ငံက ပြည်နယ် ၈ ခုထက်မနည်း ရေဘေးအန္တရာယ်နဲ့ ကြုံခဲ့ရတာပါ။ တနင်္ဂနွေနေ့အထိဆိုရင် ရေကြီးတဲ့ဒဏ်ကြောင့် သေဆုံးသူ ၅ ဦးရှိခဲ့ပြီး အိုးအိမ်ရွှေ့ပြောင်းကြရသူက ၁ သိန်း ၆ သောင်းကျော် ရှိနေပြီဖြစ်ပါတယ်။

မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကတော့ ဟာဝိုင်ရီကျွန်းကို အားလပ်ရက်ခရီးသွားရောက်နေရာက တနိုင်ငံလုံး ရေဘေးအန္တရာယ် ကျရောက်နေတာကို ကိုင်တွယ်ဖြေရှင်းဖို့ ချက်ချင်း ပြန်လာခဲ့တာပါ။ စနေနေ့မှာ ရေကြီးမှုဒဏ် အဆိုးဝါးဆုံးခံခဲ့ရတဲ့ Kelantanပြည်နယ်ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီပြည်နယ်မှာ လူပေါင်း ၈ ထောင်လောက် ရေဘေးဒုက္ခသည် ဖြစ်နေပါတယ်။ ရေဘေးဒဏ် အဆိုးဝါးဆုံး ခံရတဲ့ ဒေသတွေအတွက် နောက်ထပ်အကူငွေ ဒေါ်လာ ၁၄၃ သန်း ထပ်ပြီး ပေးဖို့ ရှိတယ်လို့လည်း ဝန်ကြီးချုပ်က ကြေညာခဲ့ပါတယ်။

XS
SM
MD
LG