Zawgyi/Unicode
မေလးရွားႏိုင္ငံမွာ ရာထူးကႏုတ္ထြက္သြားတဲ့ ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin ေနရာအတြက္ ဒု ဝန္ႀကီးခ်ဳပ္ Ismail Sabri Yaakob ကို ေရြးခ်ယ္လိုက္ၿပီ ျဖစ္ပါတယ္။ ဒီေန႔မွာပဲ မေလးရွားဘုရင္ Al-Sultan Abdullah က တျခား ထိပ္တန္း ႏိုင္ငံေရးေခါင္းေဆာင္ေတြကို ေတြ႔ဆုံ ေဆြးေႏြးၿပီး ဝန္ႀကီးခ်ဳပ္သစ္ ေရြးခ်ယ္လိုက္တာပါ။
ဒုဝန္ႀကီးခ်ဳပ္ Ismail Sabri Yaakob ဟာ မေလးရွားႏိုင္ငံကို အုပ္ခ်ဳပ္ခဲ့တဲ့ အရွည္ၾကာဆုံး အာဏာရ ႏိုင္ငံေရးပါတီျဖစ္တဲ့ United Malays National Organization (UMNO) ပါတီက ျဖစ္တာေၾကာင့္ သူ႔ကို ဝန္ႀကီးခ်ဳပ္အျဖစ္ အတည္ျပဳလိုက္တာက UMNO ပါတီ ျပန္ၿပီး အာဏာရလိုက္တာပဲလို႔ သတင္းေတြက ေရးပါတယ္။
UMNO ပါတီဟာ ၁၉၅၇ ခုႏွစ္ ၿဗိတိလွ်လက္ေအာက္ကေန လြတ္လပ္ေရး ရၿပီးကတည္းက ၂၀၁၈ ခုႏွစ္ ေရြးေကာက္ပြဲ ရႈံးနိမ့္ခဲ့တဲ့အခ်ိန္အထိ မေလးရွားႏိုင္ငံကို အုပ္ခ်ဳပ္ခဲ့တဲ့ပါတီျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္မွာ ေငြေၾကးအရႈပ္ေတာ္ပုံေတြ ရင္ဆိုင္ခဲ့ရၿပီး ေရြးေကာက္ပြဲ ရႈံးနိမ့္ခဲ့တာေၾကာင့္ Malaysian United Indigenous Party က Muhyiddin Yassin က ဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့တာပါ။
ဒါေပမဲ့လည္း လနဲ႔ခ်ီၾကာျမင့္ခဲ့တဲ့ ႏိုင္ငံေရ အရ မေက်လည္မႈေတြနဲ႔ အျပန္အလွန္ ထိုးႏွက္ တိုက္ခိုက္မႈေတြၾကားအစိုးရအဖြဲ႔အတြင္း အမ်ားစုရဲေထာက္ခံမႈ ဆုံးရႈံးခဲ့တာေၾကာင့္ ဝန္ႀကီးခ်ဳပ္ Yassin နဲ႔ အစိုးရအဖြဲ႔ ဒီသီတင္းပတ္အေစာပိုင္းက ႏုတ္ထြက္ခဲ့ပါတယ္။ ဝန္ႀကီးခ်ဳပ္သစ္ မခန္႔ခင္အထိေတာ့ Yassin ကပဲ အိမ္ေစာင့္အစိုးရ ဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္ၿပီး တာဝန္ယူထားရပါတယ္။
======
Unicode
မလေးရှားဝန်ကြီးချုပ်သစ်အဖြစ် ဒုဝန်ကြီးချုပ် Ismail Sabri Yaakob ရွေးချယ်ခံရ
မလေးရှားနိုင်ငံမှာ ရာထူးကနုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ် Muhyiddin Yassin နေရာအတွက် ဒု ဝန်ကြီးချုပ် Ismail Sabri Yaakob ကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီနေ့မှာပဲ မလေးရှားဘုရင် Al-Sultan Abdullah က တခြား ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်တွေကို တွေ့ဆုံ ဆွေးနွေးပြီး ဝန်ကြီးချုပ်သစ် ရွေးချယ်လိုက်တာပါ။
ဒုဝန်ကြီးချုပ် Ismail Sabri Yaakob ဟာ မလေးရှားနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အရှည်ကြာဆုံး အာဏာရ နိုင်ငံရေးပါတီဖြစ်တဲ့ United Malays National Organization (UMNO) ပါတီက ဖြစ်တာကြောင့် သူ့ကို ဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်တာက UMNO ပါတီ ပြန်ပြီး အာဏာရလိုက်တာပဲလို့ သတင်းတွေက ရေးပါတယ်။
UMNO ပါတီဟာ ၁၉၅၇ ခုနှစ် ဗြိတိလျှလက်အောက်ကနေ လွတ်လပ်ရေး ရပြီးကတည်းက ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့အချိန်အထိ မလေးရှားနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ပါတီဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ငွေကြေးအရှုပ်တော်ပုံတွေ ရင်ဆိုင်ခဲ့ရပြီး ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တာကြောင့် Malaysian United Indigenous Party က Muhyiddin Yassin က ဝန်ကြီးချုပ်ဖြစ်လာခဲ့တာပါ။
ဒါပေမဲ့လည်း လနဲ့ချီကြာမြင့်ခဲ့တဲ့ နိုင်ငံရေ အရ မကျေလည်မှုတွေနဲ့ အပြန်အလှန် ထိုးနှက် တိုက်ခိုက်မှုတွေကြားအစိုးရအဖွဲ့အတွင်း အများစုရဲထောက်ခံမှု ဆုံးရှုံးခဲ့တာကြောင့် ဝန်ကြီးချုပ် Yassin နဲ့ အစိုးရအဖွဲ့ ဒီသီတင်းပတ်အစောပိုင်းက နုတ်ထွက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်သစ် မခန့်ခင်အထိတော့ Yassin ကပဲ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် ဆက်ပြီး တာဝန်ယူထားရပါတယ်။
#MalaysiaPolitics #IsmailSabriYaakob #UMNO #voaburmese #မလေးရှားနိုင်ငံရေး #ဗွီအိုအေမြန်မာပိုင်း