သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားဥပဒေ ကုလ ဝေဖန်


မလေးရှားနိုင်ငံမှာ ပြစ်မှုကျူးလွန်သူတွေ၊ အကြမ်းဖက်သမားတွေလို့ မသင်္ကာတဲ့သူတွေကို ရုံးတင်စစ်ဆေးမှု မလုပ်ဘဲ အချိန်အကြာကြီး ဖမ်းဆီးချုပ်နှောင်ထားတဲ့ ဥပဒေတွေအပေါ် ကုလသမဂ္ဂ ကိုယ်စားလှယ်က ဝေဖန်ပြစ်တင် လိုက်ပါတယ်။

မလေးရှားပြည်တွင်းလုံခြုံရေး အက်ဥပဒေအရ အာဏာပိုင်တွေဟာ လူတွေကို စွဲချက်တင် တရားစီရင်တာ မလုပ်ဘဲ ထောင်ချထားတာ၊ လူသားမဆန်တဲ့ အခြေအနေမျိုးမှာ ထား ထားတာတွေ လုပ်ခွင့်ရှိနေတယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

လူတွေ ပြည့်ကျပ်နေတဲ့ အချုပ်ခန်းထဲမှာ အဖမ်းခံထားရသူတွေဟာ အစားအသောက်လဲ ၀၀လင်လင် မစားကြရဘူးလို့ ဆိုပါတယ်။ တခါတလေ ရိုက်နှက်ခံရတာမျိုးတွေ ရှိသလို မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့လဲ တွေ့ခွင့်မရကြဘူးလို့ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။ ၀န်ခံချက်ပေးဖို့ မလေးရှား ရဲတွေဟာ တရားခံတွေကို နှိပ်စက်ညှင်းပမ်းမှုတွေလဲ လုပ်တယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့က စွပ်စွဲပါတယ်။

ဒီလုပ်ရပ်တွေဟာ တရားလက်လွတ် ဖမ်းဆီးပြုမူနေတဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ သံအဖွဲ့ခေါင်းဆောင် မာလစ်စူး က ပြောပါတယ်။ ဒီစုံစမ်းတွေ့ရှိချက် အစီရင်ခံစာ အပြည့်စုံကိုတော့ ၂၀၁၁ ခုနှစ် မတ်လကျရင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တင်ပြမှာဖြစ်ပါတယ်။

XS
SM
MD
LG