သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်ပျောက်မှုအတွက် ပိုင်းလော့တွေအပေါ် ဆက်လက်စုံစမ်း


ပျောက်ဆုံးနေတဲ့ ခရီးစဉ် MH370 ပေါ်ပါသွားတဲ့ခရီးသည်တွေအတွက် ဆုတောင်းစာကို ရေးသားခဲ့သော အမျိုးသမီးတဦး (မတ်လ ၁၆၊ ၂၀၁၄)
ပျောက်ဆုံးနေတဲ့ ခရီးစဉ် MH370 ပေါ်ပါသွားတဲ့ခရီးသည်တွေအတွက် ဆုတောင်းစာကို ရေးသားခဲ့သော အမျိုးသမီးတဦး (မတ်လ ၁၆၊ ၂၀၁၄)
ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင် ဂျက်လေယာဉ်ပေါ်က အချက်ပြစနစ်ဟာ လေယာဉ်မှူးက လေကြောင်းထိန်းသိမ်းရေး ဆက်သွယ်မှု မလုပ်ခင်ကတည်းက အပြည့်အဝ အလုပ်မလုပ်တော့သလို ပြဿနာတစုံတရာရှိတယ်ဆိုတာကို အရိပ်အမြွက်တောင် မပြောခဲ့ဘူးလို့ မလေးရှား အစိုးရထိပ်တန်းတာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။

လေယာဉ်ရဲ့ ဆက်သွယ်ရေးစနစ် တစိတ်တပိုင်းရပ်သွားခဲ့ပြီးတဲ့နောက် လေယာဉ်စက်ခန်းကနေ မလေးရှား လေကြောင်းထိန်းသိမ်းရေးကို နောက်ဆုံး ပြောကြားခဲ့တာတွေကို မလေးရှားကာကွယ်ရေးဝန်ကြီး Hishammuddin Hussein က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

လေယာဉ်မှူးတွေဟာ လေယာဉ်ပေါ်မှာ ဖြစ်နေတဲ့ပြဿနာတွေကို ဘာမှ မပြောခဲ့ပါဘူး။ ဒီလိုမပြောတာဟာ မြေပြင်က လေကြောင်းထိန်းသိမ်းရေးကို သတင်းမှားပေးချင်တာမျိုး၊ ဒါမှမဟုတ် လေကြောင်းနည်းပညာတွေကို ကျွမ်းကျင်သူတစ်ယောက်ယောက်က အတင်းအကြပ်လုပ်ခိုင်းတာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ထွက်ပေါ်လာနေပါတယ်။

ဒီနောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေက လေယာဉ်ဟာ သူ့ရဲ့ မူလလမ်းကြောင်းကို ဘာကြောင့် ပြောင်းသွားရတယ်၊ ပြီးတော့ ရေဒါဖမ်းယူမှုအောက်ကနေ ဘာကြောင့် ပျောက်သွားရတယ်ဆိုတာကို စုံစမ်းသူတွေ ဆုံးဖြတ်နိုင်အောင် အထောက်အကူဖြစ်စေတာမျိုး ဖြစ်လာနိုင်ပါတယ်။

လေယာဉ်မှူး ၂ ယောက်ရဲ့ နေအိမ်တွေကို ရဲက ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပြီး သူတို့ထဲက တစ်ယောက်ဆီမှာရှိတဲ့ လေယာဉ်အမောင်းလေ့ကျင့်တဲ့ စက်ကို စစ်ဆေးနေပါတယ်။ ဒါ့အပြင် လေယာဉ်ကွာလာလမ်ပူမြို့က မထွက်ခွာခင် လေယာဉ်နဲ့အဆက်အသွယ်ရှိခဲ့တဲ့ အင်ဂျင်နီယာတွေကိုလည်း မလေးရှားအာဏာပိုင်တွေက စစ်ဆေးမေးမြန်းနေပါတယ်။
XS
SM
MD
LG