သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးလေယာဉ် ကွာလာလမ်ပူဘက် ပြန်လှည့်ခဲ့ဖွယ်ရှိ


ပျောက်ဆုံးဆဲလေယာဉ်ပေါ်ပါသွားတဲ့ မိသားစုဝင်တွေ လေဆိပ်မှာ မျှော်လင့်ချက်နဲ့ စောင့်စားနေကြစဉ်။
ပျောက်ဆုံးဆဲလေယာဉ်ပေါ်ပါသွားတဲ့ မိသားစုဝင်တွေ လေဆိပ်မှာ မျှော်လင့်ချက်နဲ့ စောင့်စားနေကြစဉ်။
ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၃၉ ဦးလိုက်ပါသွားတဲ့ မလေးရှားလေကြောင်းပိုင် လေယာဉ်ဟာ ဝေဟင်ကပျောက်ကွယ်မသွားခင်မှာ ကွာလာလမ်ပူမြို့ဘက်ကို ဦးတည် ပြန်လှည့်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ယူဆနေကြပါတယ်။

မလေးရှားလေတပ်အကြီးအကဲ Rodzali Daud က ဘိုအင်း 777-200 လေယာဉ်ဟာ စနေနေ့မနက်က ရေဒါကပျောက်ကွယ်မသွားခင်မှာ ဘေဂျင်းမြို့ကိုဦးတည်နေရာက ကွာလာလာမ်ပူမြို့ဘက်ကို ပြန်လှည့်ခဲ့ပုံရကြောင်း၊ စစ်ဘက်နဲ့ အရပ်ဘက် လေကြောင်းဆက်သွယ်ရေး Radar တွေမှာ အဲဒီလေယာဉ်ပြန်လှည့်ခဲ့တာဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေ့ရတယ်လို့ဆိုပါတယ်။

တချိန်တည်းမှာပဲ ပျံသန်းနေစဉ် အဆက်အသွယ်ပြတ် ပျောက်သွားတဲ့ မလေးရှားလေကြောင်းလိုင်း လေယဉ်ပေါ်ပါသွားတဲ့ထဲက ခိုးယူထားတဲ့ Passport
ဒါမှ မဟုတ် မသင်္ကာဖွယ်စာရွက်စာတမ်းအတုတွေ ကိုင်ဆောင်ခဲ့ကြသူ ၄ ယောက်ဟာ ဘယ်သူတွေလဲဆိုတာကို စတင်စုံစမ်းနေပြီလို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။

ခရီးသည်စာရင်းတခုလုံးကို အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗြူရို FBI အပါအဝင် နိုင်ငံတကာ စုံစမ်းရေးအဖွဲ့တွေနဲ့ မလေးရှားထောက်လှမ်းရေး အေဂျင်စီတွေ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှာမူဒင် ဟူစိန် (Hishammuddin Hussein) က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

ခရီးသည်စာရင်းထဲမှာပါတဲ့ အီတလီလူမျိုးတယောက်နဲ့ Austria လူမျိုးတယောက်တို့က လေယာဉ်ပေါ် ပါသွားသူတွေဟာ သူတို့ မဟုတ်ကြဘဲ သူတို့ရဲ့
Passport တွေ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ထိုင်းနိုင်ငံမှာ အခိုးခံခဲ့ရတယ်လို့ ပြောပါတယ်။ နောက်ထပ် မသင်္ကာစရာ အထောက်အထားတွေ ကိုင်ဆောင်ထားသူ ၂ ယောက်လည်း လေယာဉ်ပေါ် ပါသွားတယ်လို့ တာဝန်ရှိသူတွေက ဒီနေ့မှာ ပြောပါတယ်။

ကွာလာလမ်ပူမြို့ကနေ ဘေဂျင်းမြို့ဆီသွားတဲ့ လေယဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ် အမှုထမ်း ၂၃၉ ယောက် ပါသွားပြီး Radar ပေါ်ကနေ ပျောက် မသွားခင်မှာ လေယာဉ်ဟာ နောက်ကြောင်း ပြန် ကွေ့ခဲ့ပုံရတယ်လို့ Radar signal တွေက ညွှန်ပြနေတာကို တာဝန်ရှိသူတွေက ပြောပါတယ်။
ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း နေရာချဲ့ပြီး ရှာဖွေရေးလုပ်နေကြပါတယ်။ အခုချိန်ထိတော့ လေယာဉ်ပျံကိုရော လေယာဉ်ပျက် အပိုင်းအစ တစုံတခုကိုမှ ရှာမတွေ့ကြသေးပါဘူး။
XS
SM
MD
LG