သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Petronas ရေနံကုမ္ပဏီ မြန်မာကထွက်ခွာဖို့ မလေးရှားအမတ်တွေ တောင်းဆို


Petronas ရေနံကုမ္ပဏီ
Petronas ရေနံကုမ္ပဏီ

မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ ရိုဟင်ဂျာမူစလင် တွေ အပေါ် အကြမ်းဖက်မှုကို ကန့်ကွက်တဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ရုပ်သိမ်းဖို့ မလေးရှားနိုင်ငံပိုင် Petronas စွမ်းအင်ကုမ္ပဏီကို မလေးရှား ပါလီမန်အမတ်တွေက ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ကြပါတယ်။

Petronas ကုမ္ပဏီဟာ အစ္စလာမ်ကို တရားဝင်ဘာသာအဖြစ် အသိမှတ်ပြုထားတဲ့ မလေးရှားနိုင်ငံရဲ့အကြီးဆုံး စွမ်းအင်ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံမှာ သဘာဝဓါတ်ငွေ့လုပ်ကွက်တွေ အများအပြားပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

မြန်မာအစိုးရအနေနဲ့ လူနည်းစု ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံမှု ချက်ချင်းရပ်ဆိုင်းပြီး နိုင်ငံသားအဖြစ် အသိအမှတ် မပြုရင် လာမယ့်နှစ်က စပြီး မြန်မာနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်မှုတွေ အားလုံးရပ်ဆိုင်းဖို့ နိုဝင်ဘာလ ၈ ရက်နေ့က မလေးရှား ပါလီမန်အမတ် ၄၀ ကျော်တို့က မေတ္တာရပ်ခံခဲ့ကြပါတယ်။

မလေးရှားနိုင်ငံဟာ ရိုဟင်ဂျာ ပြဿနာနဲ့ပတ်သက်ပြီး ဒေသတွင်း အပြင်းထန်ဆုံး ကန့်ကွက်တဲ့နိုင်ငံတခုဖြစ်ပြီး အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ စိတ်မချမ်းမြေ့ဖြစ်ရကြောင်း စက်တင်ဘာလတုန်းက မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကို ဆင့်ခေါ်ပြီး ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG