သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတွေရှိရာ မလေးရှားထောင် ဆူပူမှုဖြစ်


မလေးရှားနိုင်ငံက လူဝင်မှု ထိန်းသိမ်းရေးစခန်း တခုမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနဲ့ ဗီယက်နမ် အယောက် ၂၀၀ လောက် ထောင်ကိုဖောက်ပြီး ထွက်ပြေးဖို့ ကြိုးစားတာကို မလေးရှား ရဲတွေက တားဆီး လိုက်နိုင်တယ်လို့ မလေးရှားနိုင်ငံပိုင် ဘနားမား (Bernama) သတင်းမှာ တနင်္ဂနွေနေ့က ဖော်ပြထားပါတယ်။

ထွက်ပြေးဖို့ ကြိုးစားသူတွေဟာ မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေလို့ ဆိုပါတယ်။

မလေးရှားနိုင်ငံ အရှေ့မြောက်ပိုင်း၊ တီရန်ဂါနု (Terengganu) မြို့က အာဂျီးလ် (Ajil) လူဝင်မှု ထိန်းသိမ်းရေး အကျဉ်းစခန်းမှာ စနေနေ့ညက အခင်းဖြစ်ခဲ့တဲ့အကြောင်း ဘနားမား သတင်းမှာ ဖော်ပြပါတယ်။

အသစ်ရောက်လာတဲ့ ဗီယက်နမ်နိုင်ငံသား ၂ ဦး ရန်ဖြစ်ရာကနေ စခဲ့တာလို့ ထိန်းသိမ်းရေးစခန်းရဲ့ ညွှန်ကြားရေးမှူးက ဘနားမား သတင်းဌာနကို ပြောပါတယ်။ ဖြစ်ရပ်မှာ ဗီယက်နမ်နိုင်ငံသား ၈ ယောက် ဒဏ်ရာရသွားပါတယ်။

ထိန်းသိမ်းခံထားရသူတွေက တံခါးတွေကို ချိုးဖျက်ပြီး စခန်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတယ်လို့ ဘနားမားသတင်းက ရေးပါတယ်။

XS
SM
MD
LG