သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ မော်တော်ကားမှောက်လို့ တရားမဝင် ဝင်ရောက်မယ့် မြန်မာ ၁၅ ဦးအနက် ၃ ဦးသေဆုံး


 စမန်းကောမြို့ အနီးမှာ ကားတိမ်းမှောက် (ဓါတ်ပုံ -မလေးရှားလူမူ့ကယ်ဆယ်ရေး )
စမန်းကောမြို့ အနီးမှာ ကားတိမ်းမှောက် (ဓါတ်ပုံ -မလေးရှားလူမူ့ကယ်ဆယ်ရေး )

မလေးရှားနိုင်ငံ Perak ပြည်နယ် Kerian ခရိုင် စမန်းကောမြို့ အနီးမှာ မေလ ၁၉ ရက်နေ့ စနေနေ့က မြန်မာနိုင်ငံသား ၁၅ ယောက်ကို လူကုန်ကူးဖို့ တင်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်ခဲ့လို့ (၃) ယောက် သေဆုံးပြီး၊ (၁၂) ယောက် ဒဏ်ရာရသွားပါတယ် ။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မလေရှားနိုင်ငံ ပီရပ် ပြည်နယ် ၊ စမန်းကောမြို့ အနီး အဝေးပြေး အမြန် လမ်းမပေါ်မှာ တရားမဝင် မြန်မာနိုင်ငံသား (၁၅) ဦးတင်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်ခဲ့တာပါ။
ကားမောင်းသမားက အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းဘေး က တံတားအုတ်ဘောင်ကို ဝင်တိုက် ခဲ့တာကြောင့် မြန်မာနိုင်ငံသား (၃) ဦး ကတော့ အခင်း ဖြစ်ပွားတဲ့နေရာမှာတင် သေဆုံးခဲ့ပြီး (၇)ဦးကဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ အခုဖြစ်ရပ်ကို Kerianမြို့နယ် ရဲမှူး Omar Bakhtiar Yaacob ကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပြီး မလေးဘာသာနဲ့ အခုလိုပြောသွားပါတယ်။

“တိမ်းမှောက်ခဲ့တဲ့ Nissan အမျိုးအစား နီးဆန်းကားပိုင်ရှင် ကို စစ်ဆေးနေပါတယ်၊ ကားပေါ်မှာပါလာကြတဲ့ မြန်မာ နိုင်ငံသားတွေဟာ အထောက်အထား စာရွက်စာတမ်းတွေ တစုံတရာ ကိုင်ဆောင်ထားကြတာမရှိတာကြောင့် လူမှောင်ခိုဂိုဏ်းတွေနဲ့ ပတ်သက်နေမူတွေကို စစ်ဆေးရမယ်” လို့ ပြောဆိုခဲ့တာပါ။

ဒီနောက်မှာတော့ ဒဏ်ရာမရတဲ့ သူတချိုလည်း ထွက်ပြေးသွားကြပြီး တချို့ဖမ်းမိထားတာပါ။ ဒဏ်ရာမပြင်းထန်တဲ့ မြန်မာနိုင်ငံသားလေးဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ သူတို့ ဟာ မလေးစကားရော အင်္ဂလိပ်လိုပါ မတတ်ကြဘူးလို့လည်း မလေးအာဏာပိုင်တွေကဆိုပါတယ်။


ဒဏ်ရာရသူတွေ ကုသနေတဲ့ Taiping ဆေးရုံကိုတော့ မြန်မာသံရုံးက သက်ဆိုင်ရာအရာရှိတွေ သွားရောက်ပြီး မလေးရဲတပ်ဖွဲ့တွေဟာ လိုအပ်တာတွေကို ဆက်လက်စစ်ဆေးနေတယ်လို့ မလေးရှားနိုင်ငံက သတင်းတွေမှာဖော်ပြနေပါတယ်။


အခုဆိုရင် ထိုင်းနိုင်ငံတောင်ပိုင်းတဆင့် မလေးရှားနိုင်ငံထဲကို ခိုးဝင်ဖို့ ကြိုးစားကြတဲ့ မြန်မာတွေကို ၂၀၁၉ခုနှစ်ထဲမှာ ဖမ်းမိတာ လူ၅၀၀ထက်မနည်းရှိနေပြီလို့ ထိုင်းနိုင်ငံက
လူမူ့အဖွဲအစည်းတွေကလည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG