သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုံးမတင်ပဲ ထိန်းသိမ်းခွင့် မလေးရှား အောက် လွှတ်တော် အတည်ပြု


ကွာလာလမ်ပူမြို့တော်က မလေးရှား လွှတ်တော်။
ကွာလာလမ်ပူမြို့တော်က မလေးရှား လွှတ်တော်။
မလေးရှားနိုင်ငံမှာ အာဏာပိုင်တွေအနေနဲ့ စွဲချက်တင်ဖို့မလိုဘဲ လူတွေကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်တဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေတစ်ရပ်မှာ အငြင်းပွားဖွယ် အပြောင်းအလဲတွေကို မလေးရှား လွှတ်တော်အမတ်တွေက အတည်ပြုလိုက်ကြပါတယ်။ အများပြည်သူ လုံခြုံရေးကို ခြိမ်းခြောက်ဖွယ်ရှိတယ်လို့ သံသယရှိသူတွေကို တရားရုံးတင် စစ်ဆေးတာမျိုးမလုပ်ဘဲ နှစ်နှစ်အထိ ထိန်းသိမ်းထားနိုင်တယ်လို့ ဒီကနေ့ ကြာသပတေးနေ့ အောက်လွှတ်တော်က အတည်ပြုပေး လိုက်တဲ့ ဖြည့်စွက်ချက်တွေထဲမှာ ပါရှိပါတယ်။

အကယ်၍ ဆိုးရွားတဲ့ပြစ်မှုတွေကို ကျူးလွန်တယ်လို့ စစ်ဆေးတဲ့ အဖွဲ့က တွေ့ရှိတယ်ဆိုရင်တော့ အကန့်အသတ်မရှိ ထိန်းသိမ်းခွင့်ပြုထားပါတယ်။ ရာဇဝတ်ပြစ်မှု တားဆီးခြင်းဆိုင်ရာ ဥပဒေ ဆိုတာမှာ နောက်ထပ် ဖြည့်စွက် ချက်တွေ ကနေ ပေးအပ်လိုက်တဲ့ လုပ်ပိုင်ခွင့် အာဏာ ကို အလွဲသုံးစား မလုပ်ပါဘူးလို့ ဝန်ကြီးချုပ် နာဂျစ် ရာဇတ်က်နဲ့ မလေးရှားနိုင်ငံ မှာ နှစ်ပေါင်းများစွာ အာဏာရထားတဲ့ ညွန့်ပေါင်း ပါတီက အခိုင်အမာ ကတိပေးပါတယ်။

စနစ်တကျ စုဖွဲ့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖို့ရာ ဒီဖြည့်စွက်ချက်တွေကို လိုအပ်ပါတယ်လို့ သူတို့ကပြောပါတယ်။
ဒါပေမဲ့လည်း အစိုးရနဲ့ သဘောထားကွဲလွဲသူတွေကို အကျဉ်းချဖို့ ဒီဥပဒေကို မကြာခဏ အသုံးပြုခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့ တွေနဲ့ အတိုက်အခံတွေက ဝေဖန်ကြပါတယ်။
XS
SM
MD
LG