သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးလေယာဉ် ပျက်ကျမှု စုံစမ်းရေး ယူကရိန်း ခွဲထွက်ရေးအဖွဲ့တွေ ကူညီဖို့ နယ်သာလန်တောင်းဆို


နယ်သာလန် ဝန်ကြီးချုပ် Mark Rutte

ယူကရိန်းနိုင်ငံပေါ်မှာ ပြစ်ချခံခဲ့ရတဲ့ မလေးရှားလေကြောင်းလိုင်း
လေယဉ်ပျက်ကျမှုစုံစမ်းစစ်ဆေးရေးမှာ ယူကရိန်းခွဲထွက်ရေးသူပုန်တွေဖက်က
ကူညီပေးအောင် Russia သမ္မတရဲ့သြဇာလွှမ်းမှုကို အသုံးချပေးဖို့ Netherlands
ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။ ဝန်ကြီးချုပ် Mark Rutte က ရုရှားသမ္မတ Vladimir Putin နဲ့ တယ်လီဖုန်းပေါ်မှာ စနေနေ့ကအကြိတ်အနယ်ဆွေးနွေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

မစ္စတာ Putin ဖက်က ကူညီချင်စိတ်ရှိတယ်ဆိုတာကို ကမ္ဘာကို ပြသရမယ်လို့ သူပြောခဲ့ကြောင်း Netherlands ဝန်ကြီးချုပ် အားတာ့က Dutch ဘာသာနဲ့
ပြောကြားခဲ့ပါတယ်။ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၉၈ ယောက်ပါသွားတဲ့ လေယာဉ်ပေါ်မှာ ထက်ဝက်ကျော်က Dutch လူမျိုးတွေ ဖြစ်ကြပါတယ်။

လေယာဉ်ပျက်ကျခဲ့တဲ့နေရာမှာ သူပုန်တွေက လျှောက်သွားပြီး သေဆုံးသွားသူတွေရဲ့ ပစ္စည်းတွေကို လိုက်ကောက်နေတဲ့ ပုံတွေကို မြင်ရတာ အင်မတန်
အံ့အားတုန်လှုပ်ရတယ်လို့လည်း ဝန်ကြီးချုပ် အားတာ့က ပြောပါတယ်။ အလောင်းတွေကို ဆွဲယူနေရာရွှေ့တယ်၊ လေယာဉ်ပျက်နေရာကိုလည်း စနစ်တကျ ထိန်းသိမ်း မထားဘူးဆိုတာတွေကို ကြားရတဲ့အတွက် Netherlands ပြည်သူတွေ အလွန်အမင်း ဒေါသထွက်ကြတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးကလည်း စနေနေ့က ပြောကြားခဲ့ပါတယ်။

လေယာဉ်ကို ဘယ်သူက ပစ်ချခဲ့တာလဲဆိုတာကို သူတို့ဖက်က ခိုင်ခိုင်မာမာ သက်သေအထောက်အထားသိလိုတယ်လို့ ယူကရိန်းနိုင်ငံမှာ သမ္မတ
Petro Poroshenko နဲ့တွေ့ဆုံစဉ်မှာ Netherlands နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ယူကရိန်းသမ္မတကလည်း နိုင်ငံတကာ လေကြောင်း ပျံသန်းမှုအဖွဲ့အစည်းရဲ့ ဦးဆောင်မှုအောက်မှာ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုလုပ်နိုင်ဖို့ ယူကရိန်းအစိုးရဖက်က တတ်နိုင်သမျှ ကူညီနေတယ်လို့ ပြောကြားပါတယ်။

တချိန်တည်းမှာပဲ ခရီးသည်တင်လေယာဉ်ကို ပစ်ချခဲ့မှုမှာ သူတို့ ပတ်သက်မှုမရှိဘူးလို့ Russia ကငြင်းဆိုခဲ့ပြီး နိုင်ငံတကာပါဝင်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ လိုအပ်တယ်ဆိုတာကိုတော့ သဘောတူခဲ့ပါတယ်။

XS
SM
MD
LG