သုံးရလွယ်ကူစေသည့် Link များ

မလေးရှားလေယာဉ် ယူကရိန်းမှာပျက်ကျမှု ပဏာမအစီရင်ခံစာထုတ်ပြန်

  • ဗွီအိုအေ (မြန်မာဌာန)

လေပေါ်မှာ ပျံသန်းနေစဉ် ယူကရိန်းနိုင်ငံအရှေ့ပိုင်းကို ပျက်ကျခဲ့တဲ့ မလေးရှားလေကြောင်းလိုင်းရဲ့ MH-17 လေယာဉ်ပျက်ကျခဲ့မှုနဲ့ ပတ်သက်တဲ့ ကနဦးအစီရင်ခံစာထဲမှာ လေယာဉ်ကို အင်မတန်မှ အရှိန်ပြင်းပြင်းနဲ့ အရာဝတ္ထုတော်တော်များများ ထိမှန်ဖောက်ထွင်း ပျက်ကျခဲ့တာလို့ ပြောထားပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့က ပျက်ကျခဲ့တဲ့ လေယာဉ်နဲ့ ပတ်သက်လို့ နယ်သာလန်နိုင်ငံက စုံစမ်းစစ်ဆေးသူတွေ အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဘယ်သူဘယ်ဝါ လက်ချက်ကြောင့် ပျက်ကျရသလဲ ဆိုတာကိုတော့ ပြောမထားပါဘူး။

ဒါပေမဲ့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အမျိုးသမီးကတော့ ရုရှားအစိုးရဖက်က ဖြေရှင်းရမယ့် မေးခွန်းတွေရှိနေတယ် ဆိုတာကို မီးမောင်းထိုးပြနေတယ်လို့ ပြောပါတယ်။

လေယာဉ်ပျက်ကျစေခဲ့တဲ့ မြေပြင်ကနေ
ဝေဟင်ပစ် BUK Missile ပစ်စင်ကို Russia လိုလားတဲ့ ယူကရိန်း ခွဲထွက်ရေးသမားတွေကို Russia အစိုးရက ပေးထားတာလို့ အနောက်နိုင်ငံက အစိုးရတွေက စွပ်စွဲနေတာပါ။

ရုရှားအစိုးရဖက်ကတော့ ဒီကိစ္စကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပါတယ်။
လေယာဉ်ပျက်ကျခဲ့တာ စက်ချို့ယွင်းမှုကြောင့်၊ လေယဉ်မောင်းတွေရဲ့ ပေါ့လျော့မှုကြောင့်ဆိုတဲ့ သက်သေအထောက်အထားတွေ မတွေ့ရဘူးလို့ အစီရင်ခံစာထဲမှာ ပြောပါတယ်။

ဝေဟင်ထဲမှာပဲ လေယာဉ်ဟာ အစိတ်စိတ်၊ အပိုင်းပိုင်း ဖြစ်ခဲ့တယ်ဆိုတာကို အပျက်အစီး အပိုင်းအစတွေက ပြသနေတယ်လို့လဲ အစီရင်ခံစာမှာ ပြောထားပါတယ်။

XS
SM
MD
LG