သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးလေယာဉ် ရှာဖွေရေးရေငုပ်ယာဉ်ငယ် ယာယီရပ်နား


ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် အစိတ်အပိုင်းတွေကို ရှာတွေ့ဖို့ အမေရိကန်ရေတပ်က ရေငုပ်စက်ရုပ်နဲ့ ရှာဖွေမှုတွေကို ဒီကနေ့ နောက်တကြိမ် ရပ်ဆိုင်းထားရပါတယ်။

အတိအကျ မသိရသေးတဲ့ စက်ပိုင်းဆိုင်ရာ ပြဿနာတချို့ကြောင့် Bluefin-21 ရေငုပ်ယာဉ်ကို ရေပေါ် ပြန်ခေါ်ခဲ့ရတဲ့အကြောင်း ရှာဖွေမှုတွေကို ဦးဆောင်နေတဲ့ သြစတြေးလျအေဂျင်စီက ပြောပါတယ်။

ဒီရေငုပ်ယာဉ်ကို ရေအောက် အကြိမ်ကြိမ်လွှတ်ပြီး ရှာဖွေမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ရရှိထားတဲ့ အချက်အလက်တွေအပေါ် ကနဦးအဆင့် သုံးသပ်ချက်တွေအရတော့ လေယာဉ်ပျောက်နဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ရှာဖွေတွေ့ရှိရတာ မရှိသေးပါဘူးလို့လည်း သြစတြေးလျအဖွဲ့က ပြောပါတယ်။

ဒီသီတင်းပတ် အစောပိုင်းက ရေငုပ်ယာဉ်ကို ရေအောက် ပေပေါင်း ၁ သောင်း ၄ ထောင် ၇ ရာကျော်အထိ ဆင်းပြီး ၆ နာရီကြာ ရှာဖွေမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အခု ရှာဖွေမှုကို ရပ်လိုက်ရတာ ဖြစ်ပါတယ်။

မြေပုံထဲမှာတောင် သေသေချာချာ မထည့်သွင်းရသေးတဲ့ ရေမိုင်ပတ်လည် ၄၀၀ နီးပါးရှိတဲ့ ရှာဖွေမှုတွေ လုပ်နေတဲ့နေရာမှာ ရေအောက် ရှာဖွေမှုတွေကို ၂ လကျော်လောက် လုပ်သွားရနိုင်တယ်လို့ အမေရိကန် ရေကြောင်းဆိုင်ရာ အရာရှိတွေက သတိပေးနေကြပါတယ်။
XS
SM
MD
LG