သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားအတိုက္အခံေတြ ကိုဗစ္တိုက္ဖ်က္ေရးမွာ ကူညီဖို႔ ဝန္ႀကီးခ်ဳပ္သစ္ တိုက္တြန္း


FILE - In this May 11, 2020, file photo, Defense Minister Ismail Sabri Yaakob listens during a news conference in Putrajaya, Malaysia.

Zawgyi/Unicode

မေလးရွားႏိုင္ငံမွာ လတ္တေလာရင္ဆိုင္ေနရတဲ့ ကိုဗစ္-၁၉ ကူးစက္မႈအေျခအေနေတြကို ကိုင္တြယ္ေျဖရွင္းမယ့္ အထူးေကာ္မီတီမွာ ပူးေပါင္းပါဝင္ၾကဖို႔ အတိုက္အခံေခါင္းေဆာင္ေတြကို မေလးရွားဝန္ႀကီးခ်ဳပ္သစ္ Ismail Sabri Yaakob က ဒီကေန႔ ေမတၱာရပ္ခံလိုက္ပါတယ္။ တိုင္းျပည္အတြင္း လတ္တေလာရင္ဆိုင္ေနရတဲ့ ႏိုင္ငံေရးအက်ပ္အတည္းကို ေျဖရွင္းဖို႔ႀကိဳးစားတဲ့အေနနဲ႔ ဝန္ႀကီးခ်ဳပ္အသစ္က အခုလို ေမတၱာရပ္ခံလိုက္တာ ျဖစ္ပါတယ္။

ကိုဗစ္-၁၉ ကူးစက္မႈေတြ အရွိန္ျမင့္ျဖစ္ေပၚေနတဲ့ မေလးရွားႏိုင္ငံရဲ႕ဝန္ႀကီးခ်ဳပ္အျဖစ္ ၾသဂုတ္လ ၂၁ ရက္၊ စေနေန႔မွာ မစၥတာ Yaakob က က်မ္းသစၥာက်ိန္ဆိုခဲ့တာပါ။ ဝန္ႀကီးခ်ဳပ္ဦးေဆာင္တဲ့ ၫႊန္႔ေပါင္းအဖြဲ႔က လႊတ္ေတာ္အတြင္းမွာ အမတ္ေနရာ အနည္းငယ္သာ အသာစီးရထားတာပါ။

အသက္ ၆၁ ႏွစ္ရွိၿပီျဖစ္တဲ့ မစၥတာ Yaakob ဟာ ၫြန္႔ေပါင္းအစိုးရအတြင္း မေက်လည္မႈေတြ ျဖစ္ေပၚၿပီး တနလၤာေန႔မွာ ရာထူးကႏႈတ္ထြက္သြားတဲ့ ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin လက္ထက္က ဒုတိယဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။

သီရိလကၤာႏိုင္ငံမွာေတာ့ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ျပန္႔ပြားမႈကို ဟန္႔တားေရးအတြက္ တႏိုင္ငံလုံး အတိုင္းအတာနဲ႔ Lockdown မလိုအပ္ဘဲ ေနအိမ္အျပင္မထြက္ရအမိန္႔ ဒီကေန႔မွာ ထုတ္ျပန္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


======

Unicode

မလေးရှားအတိုက်အခံတွေ ကိုဗစ်တိုက်ဖျက်ရေးမှာ ကူညီဖို့ ဝန်ကြီးချုပ်သစ် တိုက်တွန်း

မလေးရှားနိုင်ငံမှာ လတ်တလောရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းမယ့် အထူးကော်မီတီမှာ ပူးပေါင်းပါဝင်ကြဖို့ အတိုက်အခံခေါင်းဆောင်တွေကို မလေးရှားဝန်ကြီးချုပ်သစ် Ismail Sabri Yaakob က ဒီကနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။ တိုင်းပြည်အတွင်း လတ်တလောရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ကြိုးစားတဲ့အနေနဲ့ ဝန်ကြီးချုပ်အသစ်က အခုလို မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုတွေ အရှိန်မြင့်ဖြစ်ပေါ်နေတဲ့ မလေးရှားနိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ် သြဂုတ်လ ၂၁ ရက်၊ စနေနေ့မှာ မစ္စတာ Yaakob က ကျမ်းသစ္စာကျိန်ဆိုခဲ့တာပါ။ ဝန်ကြီးချုပ်ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့က လွှတ်တော်အတွင်းမှာ အမတ်နေရာ အနည်းငယ်သာ အသာစီးရထားတာပါ။

အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ Yaakob ဟာ ညွန့်ပေါင်းအစိုးရအတွင်း မကျေလည်မှုတွေ ဖြစ်ပေါ်ပြီး တနင်္လာနေ့မှာ ရာထူးကနှုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ် Muhyiddin Yassin လက်ထက်က ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ဟန့်တားရေးအတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ Lockdown မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ရအမိန့် ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

#Malaysia#Covid-19#IsmailSabriYaakob#VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG